Cele News

စမ်းချောင်းမြို့နယ်က Q Centerမှာ နေ့လည်စာအဟာရဒါနပြုခဲ့တဲ့ ညီညီမောင်(စမ်းချောင်း)

Written by Aung Lay

မိတ္ကပ္ပညာရွင္ တစ္ေယာက္ျဖစ္တဲ့ ညီညီေမာင္(စမ္းေခ်ာင္း)ကို ပရိတ္သတ္ေတြက ခ်စ္စႏိုးနဲ႔ သုသု လို႔ေခၚၾကပါတယ္။ဆယ္စုေက်ာ္တစ္ခုအထိ အႏုပညာေလာကမွာ က်င္လည္ခဲ့သူမို႔ မင္းသား မင္းသမီးေတြကေတာင္ ခ်စ္ခင္ေလးစားၾကရပါတယ္။သူငယ္ခ်င္းျဖစ္သူေတြနဲ႔ အတူ ႐ိုက္ကူးခဲ့တဲ့ “က်ားက်ားႀကိဳက္ႀကိဳက္”႐ုပ္ရွင္ကားႀကီးဟာလည္း ပရိတ္သတ္ေတြရဲ႕ အားေပးမႈကို ရရွိခဲ့ပါတယ္။မိမိရရွိတဲ့ အႏုပညာေၾကးေလးထဲကေန မၾကာခင္ရက္ပိုင္းကလည္း ဘဝတူ အလွဖန္တီးရွင္ေတြကို ကူညီလႉဒါန္းမႈ ျပဳလုပ္ခဲ့ပါေသးတယ္။

ယေန႔မွာေတာ့ ေန႔လည္စာ အဟာရဒါနအျဖစ္”စမ္းေခ်ာင္း ၿမိဳနယ္ ရဲ႕ ငယ္ေမြးၿခံေပါက္ျဖစ္တဲ့ က်မ ဒီေန႔မွာေတာ့ စမ္းေခ်ာင္း Q center 2 မွာ ေန႔လည္စာ အဟာရဒါန ေ႐ြပု မွ ထမင္း ၾကက္ေပါင္း အ႐ြက္ေၾကာ္ ၁၂၅ဘူး မွာၿပီး လႉျဖစ္ပါတယ္။သု မိသားစုနဲ႔ တပည့္ေတြ အလႈပါ ထပ္လႉႏိုင္ေအာင္လည္းႀကိဳးစားပါဦးမယ္ ဒီအခ်ိန္မွာက မ်ိဳးေစ့ျပဳတ္စားေနရခ်ိန္မို႔ ႏိုင္သေလာက္အလႉေလးပါ။ကိုဗစ္ေရာဂါဆိုးႀကီး အျမန္ဆုံးပေပ်ာက္ၿပီး ျမန္မာႏိုင္ငံသူႏိုင္ငံသား ကမာၻသူ /သား မ်ား က်န္မာျခင္းဆိုတဲ့ ဆု ပဲေတာင္းမိပါတယ္ ဒီအလႉအတြက္ရင္ထဲကေနၿပီး အားတင္းထားပါ စည္းကမ္းလိုက္နာၾကပါ တစ္ဦး ကိုယ္တဦး လက္တြဲ ကူညီက်ရင္း ေတာက္ပ ေကာင္းမြန္ ေရာဂါ ကင္းစင္တဲ့ေန႔သစ္မ်ားကို အတူ ေက်ာ္ျဖတ္က်မယ္ေနာ္”ဆိုၿပီး လူမႈကြန္ယက္ကေန အားေပးစကားေလးေႁခြရင္း လႉဒါန္းမႈပုံရိပ္ေလးေတြ မွ်ေဝလာခဲ့ပါတယ္။

ကိုယ္က အဆင္ေျပလြန္းေတာ့မဟုတ္ေပမယ့္ ကိုယ္ႀကိဳးစားမႈနဲ႔ ရရွိခဲ့တဲ့ အႏုပညာေၾကးေလးကေန အခုလို လႉဒါန္းမႈေလးေတြ သူမအေနနဲ႔ ထပ္တူကုသိုလ္ရပါေစဆိုတဲ့ စိတ္ကေလးနဲ႔ မွ်ေဝခဲ့ပါတယ္လို႔ ေဖာ္ျပလာခဲ့ပါတယ္။မြန္ျမတ္လွတဲ့ သုသုရဲ႕ စိတ္ထားေလးကေတာ့ ​ခ်ီးက်ဴးစရာပါပဲေနာ္။ပရိတ္သတ္ေတြ လည္း သုသုရဲ႕ မြန္ျမတ္တဲ့အလႉေလးကို သာဓုေခၚဆိုေပးသြားၾကပါဦးေနာ္။

Source ; Nyi Nyi Maung`Fb

Unicode

မိတ်ကပ်ပညာရှင် တစ်ယောက်ဖြစ်တဲ့ ညီညီမောင်(စမ်းချောင်း)ကို ပရိတ်သတ်တွေက ချစ်စနိုးနဲ့ သုသု လို့ခေါ်ကြပါတယ်။ဆယ်စုကျော်တစ်ခုအထိ အနုပညာလောကမှာ ကျင်လည်ခဲ့သူမို့ မင်းသား မင်းသမီးတွေကတောင် ချစ်ခင်လေးစားကြရပါတယ်။သူငယ်ချင်းဖြစ်သူတွေနဲ့ အတူ ရိုက်ကူးခဲ့တဲ့ “ကျားကျားကြိုက်ကြိုက်”ရုပ်ရှင်ကားကြီးဟာလည်း ပရိတ်သတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။မိမိရရှိတဲ့ အနုပညာကြေးလေးထဲကနေ မကြာခင်ရက်ပိုင်းကလည်း ဘဝတူ အလှဖန်တီးရှင်တွေကို ကူညီလှူဒါန်းမှု ပြုလုပ်ခဲ့ပါသေးတယ်။

ယနေ့မှာတော့ နေ့လည်စာ အဟာရဒါနအဖြစ်”စမ်းချောင်း မြိုနယ် ရဲ့ ငယ်မွေးခြံပေါက်ဖြစ်တဲ့ ကျမ ဒီနေ့မှာတော့ စမ်းချောင်း Q center 2 မှာ နေ့လည်စာ အဟာရဒါန ရွေပု မှ ထမင်း ကြက်ပေါင်း အရွက်ကြော် ၁၂၅ဘူး မှာပြီး လှူဖြစ်ပါတယ်။သု မိသားစုနဲ့ တပည့်တွေ အလှုပါ ထပ်လှူနိုင်အောင်လည်းကြိုးစားပါဦးမယ် ဒီအချိန်မှာက မျိုးစေ့ပြုတ်စားနေရချိန်မို့ နိုင်သလောက်အလှူလေးပါ။ကိုဗစ်ရောဂါဆိုးကြီး အမြန်ဆုံးပပျောက်ပြီး မြန်မာနိုင်ငံသူနိုင်ငံသား ကမ္ဘာသူ /သား များ ကျန်မာခြင်းဆိုတဲ့ ဆု ပဲတောင်းမိပါတယ် ဒီအလှူအတွက်ရင်ထဲကနေပြီး အားတင်းထားပါ စည်းကမ်းလိုက်နာကြပါ တစ်ဦး ကိုယ်တဦး လက်တွဲ ကူညီကျရင်း တောက်ပ ကောင်းမွန် ရောဂါ ကင်းစင်တဲ့နေ့သစ်များကို အတူ ကျော်ဖြတ်ကျမယ်နော်”ဆိုပြီး လူမှုကွန်ယက်ကနေ အားပေးစကားလေးခြွေရင်း လှူဒါန်းမှုပုံရိပ်လေးတွေ မျှဝေလာခဲ့ပါတယ်။

ကိုယ်က အဆင်ပြေလွန်းတော့မဟုတ်ပေမယ့် ကိုယ်ကြိုးစားမှုနဲ့ ရရှိခဲ့တဲ့ အနုပညာကြေးလေးကနေ အခုလို လှူဒါန်းမှုလေးတွေ သူမအနေနဲ့ ထပ်တူကုသိုလ်ရပါစေဆိုတဲ့ စိတ်ကလေးနဲ့ မျှဝေခဲ့ပါတယ်လို့ ဖော်ပြလာခဲ့ပါတယ်။မွန်မြတ်လှတဲ့ သုသုရဲ့ စိတ်ထားလေးကတော့ ချီးကျူးစရာပါပဲနော်။ပရိတ်သတ်တွေ လည်း သုသုရဲ့ မွန်မြတ်တဲ့အလှူလေးကို သာဓုခေါ်ဆိုပေးသွားကြပါဦးနော်။

Source ; Nyi Nyi Maung`Fb

About the author

Aung Lay

Leave a Comment