ၾကားသိရသမ်ွ

ရန်ကုန် မှာ ကိုဗစ်ကို အနိုင်ရရှိမည့် အနေအထားမြင်တွေ့နေရပြီ ဟု ဒေါက်တာဇော်ဝေစိုး ပြောပြီ

Written by Aung Lay

ရန္ကုန္တိုင္းေဒသႀကီးအေနျဖင့္ ကိုဗစ္ကို အႏိုင္ရႏိုင္မည့္အေနအထားကို ျမင္ေတြ႕ေနရၿပီ ဟုထင္ ပါေၾကာင္း ကိုဗစ္-၁၉ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး ေပါင္းစပ္ညႇိႏႈိင္းေရးေကာ္မတီ ဒုတိယဥကၠဌ ေဆးတကၠသိုလ္ (၁) ပါေမာကၡခ်ဳပ္ ေဒါက္တာေဇာ္ေဝစိုးက ေအာက္တိုဘာ ၆ ရက္ေန႔တြင္ ေျပာၾကား လိုက္သည္။

“အခုအခ်ိန္မွာ contain လုပ္ႏိုင္တဲ့ အေနအထား ရွိပါတယ္။ အခု ျပင္ဆင္ထားတဲ့စြမ္းရည္ႏွင့္ ယခုထြက္ လာတဲ့ positive ထြက္လာတဲ့လူနာအေရအတြက္ဟာဆိုရင္ ကြၽန္ေတာ္တို႔ ဘက္က အသာစီးရ ေနတဲ့ အေနအထားရွိပါတယ္။ ဒါေၾကာင့္ သယ္ယူပို႔ေဆာင္ရာမွာေရာ၊ ေစာင့္ေရွာက္ကုသရာ မွာေရာ ႏိုင္ႏိုင္နင္းနင္းရွိတယ္လို႔ ေျပာလို႔ရပါတယ္။ ျပဳစု ေစာင့္ေရွာက္တဲ့ဝန္ထမ္းေတြ အေနနဲ႔ကေတာ့ အစြမ္းကုန္ႀကိဳးစားေနရတဲ့အေနအထား ရွိပါတယ္။ ႏိုင္ႏိုင္နင္းနင္းေဆာင္႐ြက္လာႏိုင္တဲ့အေန အထားဟာ တစ္ပတ္ေလာက္ရွိပါၿပီ။

ဒီလိုမ်ိဳးသာ ျပည္သူလူ ထုတစ္ဦးတစ္ေယာက္ခ်င္းစီ မက်န္ အားလုံးက လိုက္နာေဆာင္႐ြက္မယ္ဆိုရင္ ဒါကိုထိန္းထားၿပီး အႏိုင္ယူႏိုင္မွာ ျဖစ္ပါတယ္။ လက္ရွိ အေနအထားအရ သုံးသပ္ရရင္ containment strategy ဟာ အသာစီးရေနတဲ့ အေနအထား ရွိပါတယ္။ ဒါေပမယ့္ လက္မ ေထာင္ဖို႔မဟုတ္ေသးပါဘူး။ အားလုံးစည္း စည္းလုံးလုံးညီညီ ၫြတ္ၫြတ္ နဲ႔ထိန္းသိမ္းရမွာ ျဖစ္ပါတယ္” ဟု ၎ကဆိုသည္။

လက္ရွိအခ်ိန္တြင္ ကိုဗစ္ လူနာ ၇၀၀၀ ဝန္းက်င္ကုသ ေနရေၾကာင္း၊ ယင္းလူနာထဲမွ ၁၀ ရာခိုင္ႏႈန္း လူနာမ်ားသည္ ေအာက္ဆီဂ်င္လိုအပ္ေသာ လူနာမ်ားျဖစ္ၿပီး လိုအပ္ခ်က္မ်ားကို အစြမ္းကုန္ ျဖည့္ ဆည္း ေပးထားကာ ေဆးဝါးမ်ားကို လည္း ႏိုင္ငံတကာစံႏႈန္းမ်ား အတိုင္းအသုံးျပဳကုသေနသည့္ အတြက္ေသဆုံးႏႈန္း မ်ားကို လည္း ေလ်ာ့ခ်ႏိုင္မွာျဖစ္ေၾကာင္းလည္း ေဒါက္ တာေဇာ္ေဝစိုးက ေျပာၾကားခဲ့ သည္။

က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၏ ေအာက္တိုဘာ လ ၆ရက္သတင္းအရ ျမန္မာ ႏိုင္ငံတြင္ ကိုဗစ္ အတည္ျပဳလူနာ ၂၀၀၃၃ ဦးရွိၿပီး ေဆး႐ုံမွ ဆင္းခြင့္ရရွိသူဦးေရ ၅၇၈၂ ဦး ရွိကာ ေသဆုံးသူ ၄၇၁ ဦး ရွိၿပီျဖစ္သည္။

Unicode

ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် ကိုဗစ်ကို အနိုင်ရနိုင်မည့်အနေအထားကို မြင်တွေ့နေရပြီ ဟုထင် ပါကြောင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဌ ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးက အောက်တိုဘာ ၆ ရက်နေ့တွင် ပြောကြား လိုက်သည်။

“အခုအချိန်မှာ contain လုပ်နိုင်တဲ့ အနေအထား ရှိပါတယ်။ အခု ပြင်ဆင်ထားတဲ့စွမ်းရည်နှင့် ယခုထွက် လာတဲ့ positive ထွက်လာတဲ့လူနာအရေအတွက်ဟာဆိုရင် ကျွန်တော်တို့ ဘက်က အသာစီးရ နေတဲ့ အနေအထားရှိပါတယ်။ ဒါကြောင့် သယ်ယူပို့ဆောင်ရာမှာရော၊ စောင့်ရှောက်ကုသရာ မှာရော နိုင်နိုင်နင်းနင်းရှိတယ်လို့ ပြောလို့ရပါတယ်။ ပြုစု စောင့်ရှောက်တဲ့ဝန်ထမ်းတွေ အနေနဲ့ကတော့ အစွမ်းကုန်ကြိုးစားနေရတဲ့အနေအထား ရှိပါတယ်။ နိုင်နိုင်နင်းနင်းဆောင်ရွက်လာနိုင်တဲ့အနေ အထားဟာ တစ်ပတ်လောက်ရှိပါပြီ။

ဒီလိုမျိုးသာ ပြည်သူလူ ထုတစ်ဦးတစ်ယောက်ချင်းစီ မကျန် အားလုံးက လိုက်နာဆောင်ရွက်မယ်ဆိုရင် ဒါကိုထိန်းထားပြီး အနိုင်ယူနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိ အနေအထားအရ သုံးသပ်ရရင် containment strategy ဟာ အသာစီးရနေတဲ့ အနေအထား ရှိပါတယ်။ ဒါပေမယ့် လက်မ ထောင်ဖို့မဟုတ်သေးပါဘူး။ အားလုံးစည်း စည်းလုံးလုံးညီညီ ညွတ်ညွတ် နဲ့ထိန်းသိမ်းရမှာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိအချိန်တွင် ကိုဗစ် လူနာ ၇၀၀၀ ဝန်းကျင်ကုသ နေရကြောင်း၊ ယင်းလူနာထဲမှ ၁၀ ရာခိုင်နှုန်း လူနာများသည် အောက်ဆီဂျင်လိုအပ်သော လူနာများဖြစ်ပြီး လိုအပ်ချက်များကို အစွမ်းကုန် ဖြည့် ဆည်း ပေးထားကာ ဆေးဝါးများကို လည်း နိုင်ငံတကာစံနှုန်းများ အတိုင်းအသုံးပြုကုသနေသည့် အတွက်သေဆုံးနှုန်း များကို လည်း လျော့ချနိုင်မှာဖြစ်ကြောင်းလည်း ဒေါက် တာဇော်ဝေစိုးက ပြောကြားခဲ့ သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အောက်တိုဘာ လ ၆ရက်သတင်းအရ မြန်မာ နိုင်ငံတွင် ကိုဗစ် အတည်ပြုလူနာ ၂၀၀၃၃ ဦးရှိပြီး ဆေးရုံမှ ဆင်းခွင့်ရရှိသူဦးရေ ၅၇၈၂ ဦး ရှိကာ သေဆုံးသူ ၄၇၁ ဦး ရှိပြီဖြစ်သည်။

Credit

About the author

Aung Lay

Leave a Comment