မိုးလေဝသ

မုန်တိုင်းငယ် အရှိန်ကြောင့် ရေကြီး၊မြေပြိုမှု အန္တရာယ်ဖြစ်နိုင်ဟု မိုးဇလသတိပေး

Written by Aung Lay

ေတာင္တ႐ုတ္ပင္လယ္ျပင္ အလယ္ပိုင္းမွာျဖစ္ေပၚေနတဲ့ အပူပိုင္းမုန္တိုင္းငယ္ေၾကာင့္ ျမန္မာႏိုင္ငံတြင္း မိုးႀကီးၿပီး ေလျပင္းတိုက္ခတ္ျခင္း၊ ႐ုတ္တ႐ုတ္ ေရႀကီးေျမၿပိဳမႈေတြ ျဖစ္ေပၚႏိုင္တာေၾကာင့္ သတိျပဳေနထိုင္ၾကဖို႔ မိုးေလဝသႏွင့္ဇလေဗဒၫြန္ၾကားမႈ ဦးစီးဌာနက သတိေပးေျပာၾကားလိုက္ပါတယ္။

မိုးဇလရဲ႕ ဒီေန႔ ေအာက္တိုဘာ (၇) ရက္ေန႔ မနက္ (၇) နာရီခြဲ တိုင္းထြာခ်က္ေတြအရ ေတာင္တ႐ုတ္ ပင္လယ္ျပင္အလယ္ပိုင္းမွာ ျဖစ္ေပၚခဲ့တဲ့ ေလဖိအားနည္းရပ္ဝန္း ပိုမိုအားေကာင္းလာကာ၊ အပူပိုင္းမုန္တိုင္းငယ္တစ္ခုအျဖစ္သို႔ ေရာက္ရွိခဲ့တယ္လို႔ သိရပါတယ္။ မုန္တိုင္းငယ္ဟာ ဗီယက္နမ္ႏိုင္ငံ၊ ဟိုခ်ီမင္းၿမိဳ႕ ရဲ႕ အေရွ႕ဘက္ ေရမိုင္ (၃၇၀)ခန႔္အကြာ ပင္လယ္ျပင္ကို ဗဟိုျပဳေနၿပီး ဗီယက္နမ္ႏိုင္ငံေတာင္ပိုင္း ကမ္းေျခသို႔ ေရာက္ရွိႏိုင္တယ္လို႔ သိရပါတယ္။

အဲဒီေနာက္ အေနာက္ဘက္ကို ဆက္လက္ ေ႐ြ႕လ်ားကာ၊ ထိုင္းပင္လယ္ေကြ႕မွတစ္ဆင့္ ထိုင္းႏိုင္ငံေတာင္ပိုင္းနဲ႔ ျမန္မာႏိုင္ငံ ေတာင္ပိုင္းတို႔ကို ‌ေလဖိအားနည္းရပ္ဝန္းအျဖစ္ ျဖတ္ေက်ာ္ၿပီး ေအာက္တိုဘာ (၉)ရက္မွာ ကပၸလီပင္လယ္ျပင္သို႔ ေရာက္ရွိႏိုင္တယ္လို႔ ခန႔္မွန္းရေၾကာင္း မိုးဇလက ထုတ္ျပန္ ပါတယ္။

အဆိုပါ အပူပိုင္းမုန္တိုင္းငယ္ေၾကာင့္ ေအာက္တိုဘာ (၈) ရက္ကေန (၁၁) ရက္ေန႔အတြင္း တနသၤာရီတိုင္း၊ ကရင္ျပည္နယ္နဲ႔ မြန္ျပည္နယ္တို႔မွာ မိုးႀကီးႏိုင္ၿပီး ျမစ္ဝကြၽန္းေပၚ၊ မုတၱမေကြ႕၊ မြန္-တနသၤာရီကမ္း႐ိုးတန္းတစ္ေလွ်ာက္နဲ႔ ကမ္းလြန္ပင္လယ္ျပင္တို႔မွာ ရံဖန္ရံခါ မိုးသက္ေလျပင္း က်ေရာက္ၿပီး၊ လႈိင္းႀကီး ႏိုင္တယ္လို႔ သိရပါတယ္။

“ ကပၸလီပင္လယ္ျပင္ကို ေရာက္ၿပီးရင္ အိႏၵိယ ကို (၁၃) ရက္ေန႔မွာ မုန္တိုင္းအဆင့္နဲ႔ ဝင္သြားဖို႔ ရွိတယ္။ အဲဒီရက္ပိုင္းေတြမွာ ကမ္း႐ိုးတန္း၊ ျမစ္ဝကြၽန္းေပၚနဲ႔ လႈိင္းထန္တာမ်ိဳးရွိမယ္။ အဓိကကေတာ့ ပင္လယ္နဲ႔နီးတဲ့ေနရာေတြ၊ ကုန္းျမင့္ေဒသေတြက သတိျပဳေနထိုင္ဖို႔ ထုတ္ျပန္ထားတာပါ” လို႔ မိုးေလဝသႏွင့္ဇလေဗဒ ၫြန္ၾကားမႈဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေက်ာ္မိုးဦးက ေျပာပါတယ္။

မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ေလျပင္ေလဟာ တစ္နာရီကို (၃၅)မိုင္မွ မိုင္(၄၀) အထိ တိုက္ခတ္ႏိုင္ၿပီး လႈိင္းအျမင့္မွာ ျမစ္ဝကြၽန္းေပၚ၊ မုတၱမေကြ႕၊ မြန္-တနသၤာရီကမ္း႐ိုးတန္း တစ္ေလွ်ာက္နဲ႔ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၉)ေပမွ (၁၁)ေပခန႔္ ရွိႏိုင္တယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ ကုန္းျမင့္ ေဒသအနီးတြင္ ေနထိုင္သူေတြ အေနနဲ႔ ေျမၿပိဳမႈအႏၲရာယ္ ျမစ္ငယ္၊ ေခ်ာင္းငယ္ ေတြ အနီး ေနထိုင္ၾကသူေတြ အေနနဲ႔ ေရႀကီး၊ ေရလွ်ံမႈေတြ ျဖစ္ေပၚႏိုင္တာေၾကာင့္ ႀကိဳတင္ သတိျပဳေနထိုင္ၾကဖို႔ကိုလည္း သတိေပးခ်က္ ထုတ္ျပန္ထားပါတယ္။

Ref ; Duwun

Unicode

တောင်တရုတ်ပင်လယ်ပြင် အလယ်ပိုင်းမှာဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်းငယ်ကြောင့် မြန်မာနိုင်ငံတွင်း မိုးကြီးပြီး လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရုတ် ရေကြီးမြေပြိုမှုတွေ ဖြစ်ပေါ်နိုင်တာကြောင့် သတိပြုနေထိုင်ကြဖို့ မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက သတိပေးပြောကြားလိုက်ပါတယ်။

မိုးဇလရဲ့ ဒီနေ့ အောက်တိုဘာ (၇) ရက်နေ့ မနက် (၇) နာရီခွဲ တိုင်းထွာချက်တွေအရ တောင်တရုတ် ပင်လယ်ပြင်အလယ်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ လေဖိအားနည်းရပ်ဝန်း ပိုမိုအားကောင်းလာကာ၊ အပူပိုင်းမုန်တိုင်းငယ်တစ်ခုအဖြစ်သို့ ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ မုန်တိုင်းငယ်ဟာ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့ ရဲ့ အရှေ့ဘက် ရေမိုင် (၃၇၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး ဗီယက်နမ်နိုင်ငံတောင်ပိုင်း ကမ်းခြေသို့ ရောက်ရှိနိုင်တယ်လို့ သိရပါတယ်။

အဲဒီနောက် အနောက်ဘက်ကို ဆက်လက် ရွေ့လျားကာ၊ ထိုင်းပင်လယ်ကွေ့မှတစ်ဆင့် ထိုင်းနိုင်ငံတောင်ပိုင်းနဲ့ မြန်မာနိုင်ငံ တောင်ပိုင်းတို့ကို ‌လေဖိအားနည်းရပ်ဝန်းအဖြစ် ဖြတ်ကျော်ပြီး အောက်တိုဘာ (၉)ရက်မှာ ကပ္ပလီပင်လယ်ပြင်သို့ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းရကြောင်း မိုးဇလက ထုတ်ပြန် ပါတယ်။

အဆိုပါ အပူပိုင်းမုန်တိုင်းငယ်ကြောင့် အောက်တိုဘာ (၈) ရက်ကနေ (၁၁) ရက်နေ့အတွင်း တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ မိုးကြီးနိုင်ပြီး မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်း ကျရောက်ပြီး၊ လှိုင်းကြီး နိုင်တယ်လို့ သိရပါတယ်။

“ ကပ္ပလီပင်လယ်ပြင်ကို ရောက်ပြီးရင် အိန္ဒိယ ကို (၁၃) ရက်နေ့မှာ မုန်တိုင်းအဆင့်နဲ့ ဝင်သွားဖို့ ရှိတယ်။ အဲဒီရက်ပိုင်းတွေမှာ ကမ်းရိုးတန်း၊ မြစ်ဝကျွန်းပေါ်နဲ့ လှိုင်းထန်တာမျိုးရှိမယ်။ အဓိကကတော့ ပင်လယ်နဲ့နီးတဲ့နေရာတွေ၊ ကုန်းမြင့်ဒေသတွေက သတိပြုနေထိုင်ဖို့ ထုတ်ပြန်ထားတာပါ” လို့ မိုးလေဝသနှင့်ဇလဗေဒ ညွန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

မိုးသက်လေပြင်းကျစဉ် ရေပြင်/လေပြင်လေဟာ တစ်နာရီကို (၃၅)မိုင်မှ မိုင်(၄၀) အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၁)ပေခန့် ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကုန်းမြင့် ဒေသအနီးတွင် နေထိုင်သူတွေ အနေနဲ့ မြေပြိုမှုအန္တရာယ် မြစ်ငယ်၊ ချောင်းငယ် တွေ အနီး နေထိုင်ကြသူတွေ အနေနဲ့ ရေကြီး၊ ရေလျှံမှုတွေ ဖြစ်ပေါ်နိုင်တာကြောင့် ကြိုတင် သတိပြုနေထိုင်ကြဖို့ကိုလည်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။

Ref ; Duwun

About the author

Aung Lay

Leave a Comment