ၾကားသိရသမ်ွ

ဝမ်ရေးအတွက် လူမရှိတဲ့ လှည်းတန်းကို စာကလေးရောင်းရန် နေ့စဉ်လာနေတဲ့ အသက် (၆၀) အရွယ်အဖိုး

Written by Aung Lay

COVID-19 ဒုတိယ လႈိင္းေၾကာင့္ Stay at Home လုပ္ထားသည့္ ရန္ကုန္ၿမိဳ႕ မွာ တိတ္ဆိတ္ၿပီး လူမရွိ ေသာ္လည္း အသက္ ၆၀အ႐ြယ္ စာကေလး ေရာင္းသူ ဦးစိန္ျမင့္ ကေတာ့ ေဈးထြက္ ေနရဆဲ။

စားေသာက္ကုန္ဆိုင္အခ်ိဳ ဝယ္သူမရွိ ပိတ္ထားခ်ိန္ လွည္းတန္း ဦးထြန္းလင္းၿခံ လမ္းထိပ္ ကို နံ နက္ ၉ နာရီခန႔္ အေရာက္လာၿပီး တခါတရံ ည ေနေစာင္းအထိ ေဈးဦး မေပါက္ေပမယ့္ ဦးစိန္ျမင့္ အတြက္ စာကေလးေရာင္းျခင္း ကလႊဲ၍ အ ျခားေ႐ြးစရာ မရွိ။ ဤလမ္းတြင္ စာကေလး ေရာဆဆဇင္းသည္မွာ ၅ ႏွစ္ခန႔္ရွိေပမယ့္ လမ္းထဲမွ လမ္းထိပ္သို႔ ေနရာေျပာင္း ေရာင္းျခင္းမွ လႊဲ၍တျခား အလုပ္ေျပာင္းဖို႔ကို သူမစဥ္းစား တတ္။

တေကာင္ ၅၀၀က်ပ္ျဖင့္ ေရာင္းေသာ ငွက္မ်ားက အရင္ တေန႔အေကာင္ ၈၀ခန႔္ ကုန္ကာ ေငြတေသာင္းခြဲခန႔္ ဝင္ ေသာ္လည္း အခုအခါ ၁၀ေကာင္ ၁၅ေကာင္သာ ေရာင္းရၿပီး ေငြက်ပ္ ၃ေထာင္ခန႔္ျဖင္သာ အိမ္ျပန္ရ သျဖင့္ ဒလမွ လာသည့္ သူ႔အတြက္ အသြားအျပန္ စရိတ္ႏႈတ္ပါက စားဖို႔ပင္ မေလာက္။ ထို႔အတြက္ကို သမုဒၵရာ ဝမ္းတထြာေၾကာင့္ တားျမစ္မိန႔္ကို လစ္လ်ဴရႈ႕ကာ ၿမိဳ႕နယ္အသီးသီးကို ျဖတ္၍ လွည္းတန္း သို႔ သူလာရသ ည္။

၁၉၈၀ေက်ာ္ကာလက ၁၀တန္းေအာင္ကာ အစိုးရေလေၾကာင္းလိုင္းတြင္ စာေရးအျဖစ္ အသက္ေမြးခဲ့သည့္ ဦးစိန္ျမင့္မွာ ယခုအခါ တသိန္းေက်ာ္သာတန္သည့္ အိမ္ပင္ ေဆာက္ရန္ ေငြမရွိ၊ ရပ္ေဆြရပ္မ်ိဳးမ်ားက ေဆာက္ေပး၍သာ ေနခြင့္ရၿပီး၊ အိမ္သာပင္ သူမ်ားႏွင့္ ရွယ္ကာ သုံးေနရသည္ဟု ဆိုသည္။ ပူေပါင္းအ႐ုပ္မ်ား လုပ္ကာ ေရာင္းသည့္ ဇနီးသည္ကလည္း ကိုဗစ္ေၾကာင့္ အလုပ္ရပ္ ထားရသျဖင့္ တအိမ္လုံး ထမင္း နပ္မွန္ဖို႔ အေရးက သူ႔ပခုံးေပၚ ေရာက္လာသည္။

ဆရာမျဖစ္လိုသည့္ ၁၁ႏွစ္ သမီးငယ္ႏွင့္ မင္းသားျဖစ္လိုသည့္ ၁၃ႏွစ္ အ႐ြယ္သားကို ပညာဆုံးခန္းတိုင္ေအာင္ ေက်ာင္းထား ေပးခ်င္ေသးသည္။သူ႔ ၏ ေနစဥ္ဝင္ေငြမ်ား ရပ္တန႔္ သြားမည္ကို ကိုဗစ္ေရာဂါ ကူးခံရမည္ထက္ ေၾကာက္သျဖင့္ ေန႔စဥ္ ဒလမွ လွည္းတန္းသို႔ သူလာသည္။ ထို႔အတြက္ လူမရွိသည့္ လွည္းတန္းသို႔ ဦးစိန္ျမင့္ စာကေလးေရာင္းရန္ ေန႔စဥ္လာေနဦးမည္ျဖစ္သည္။

ဓာတ္ပုံ – ထက္ေဝ/ဧရာဝတီ

Unicode

COVID-19 ဒုတိယ လှိုင်းကြောင့် Stay at Home လုပ်ထားသည့် ရန်ကုန်မြို့ မှာ တိတ်ဆိတ်ပြီး လူမရှိ သော်လည်း အသက် ၆၀အရွယ် စာကလေး ရောင်းသူ ဦးစိန်မြင့် ကတော့ ဈေးထွက် နေရဆဲ။

စားသောက်ကုန်ဆိုင်အချို ဝယ်သူမရှိ ပိတ်ထားချိန် လှည်းတန်း ဦးထွန်းလင်းခြံ လမ်းထိပ် ကို နံ နက် ၉ နာရီခန့် အရောက်လာပြီး တခါတရံ ည နေစောင်းအထိ ဈေးဦး မပေါက်ပေမယ့် ဦးစိန်မြင့် အတွက် စာကလေးရောင်းခြင်း ကလွှဲ၍ အ ခြားရွေးစရာ မရှိ။ ဤလမ်းတွင် စာကလေး ရောဆဆဇင်းသည်မှာ ၅ နှစ်ခန့်ရှိပေမယ့် လမ်းထဲမှ လမ်းထိပ်သို့ နေရာပြောင်း ရောင်းခြင်းမှ လွှဲ၍တခြား အလုပ်ပြောင်းဖို့ကို သူမစဉ်းစား တတ်။

တကောင် ၅၀၀ကျပ်ဖြင့် ရောင်းသော ငှက်များက အရင် တနေ့အကောင် ၈၀ခန့် ကုန်ကာ ငွေတသောင်းခွဲခန့် ဝင် သော်လည်း အခုအခါ ၁၀ကောင် ၁၅ကောင်သာ ရောင်းရပြီး ငွေကျပ် ၃ထောင်ခန့်ဖြင်သာ အိမ်ပြန်ရ သဖြင့် ဒလမှ လာသည့် သူ့အတွက် အသွားအပြန် စရိတ်နှုတ်ပါက စားဖို့ပင် မလောက်။ ထို့အတွက်ကို သမုဒ္ဒရာ ဝမ်းတထွာကြောင့် တားမြစ်မိန့်ကို လစ်လျူရှု့ကာ မြို့နယ်အသီးသီးကို ဖြတ်၍ လှည်းတန်း သို့ သူလာရသ ည်။

၁၉၈၀ကျော်ကာလက ၁၀တန်းအောင်ကာ အစိုးရလေကြောင်းလိုင်းတွင် စာရေးအဖြစ် အသက်မွေးခဲ့သည့် ဦးစိန်မြင့်မှာ ယခုအခါ တသိန်းကျော်သာတန်သည့် အိမ်ပင် ဆောက်ရန် ငွေမရှိ၊ ရပ်ဆွေရပ်မျိုးများက ဆောက်ပေး၍သာ နေခွင့်ရပြီး၊ အိမ်သာပင် သူများနှင့် ရှယ်ကာ သုံးနေရသည်ဟု ဆိုသည်။ ပူပေါင်းအရုပ်များ လုပ်ကာ ရောင်းသည့် ဇနီးသည်ကလည်း ကိုဗစ်ကြောင့် အလုပ်ရပ် ထားရသဖြင့် တအိမ်လုံး ထမင်း နပ်မှန်ဖို့ အရေးက သူ့ပခုံးပေါ် ရောက်လာသည်။

ဆရာမဖြစ်လိုသည့် ၁၁နှစ် သမီးငယ်နှင့် မင်းသားဖြစ်လိုသည့် ၁၃နှစ် အရွယ်သားကို ပညာဆုံးခန်းတိုင်အောင် ကျောင်းထား ပေးချင်သေးသည်။သူ့ ၏ နေစဉ်ဝင်ငွေများ ရပ်တန့် သွားမည်ကို ကိုဗစ်ရောဂါ ကူးခံရမည်ထက် ကြောက်သဖြင့် နေ့စဉ် ဒလမှ လှည်းတန်းသို့ သူလာသည်။ ထို့အတွက် လူမရှိသည့် လှည်းတန်းသို့ ဦးစိန်မြင့် စာကလေးရောင်းရန် နေ့စဉ်လာနေဦးမည်ဖြစ်သည်။

ဓာတ်ပုံ – ထက်ဝေ/ဧရာဝတီ

Credit

About the author

Aung Lay

Leave a Comment