Cele News Video

ပုံစံအမျိုးမျိုး နဲ့ မရိုးရအောင် သရုပ်ဆောင်ထားတဲ့ ဆုအိမ့်စံ ရဲ့ TIK TOK ဗီဒီယိုလေးတွေ

Written by Aung Lay




Happy – Cele Zone
Photo – Hsu Eaint San

Unicode

တစ်ကိုယ်တည်းဘဝမှာသာယာနေတဲ့ ဆုဆုကတော့ Tik Tok တွေ မရိုးနိုင်အောင် ဆော့ပြီး တစ်နေ့တခြား ပိုပိုလှလာခဲ့ပါတယ်။ ချစ်စရာမင်းသမီးလေးဟာ ပျော်ရွှင်မှုအစစ်အမှန်ကို တွေ့ပြီးတဲ့နောက်မှာ ကိုယ့်ကိုကိုယ်ပိုတန်ဖိုးထားပြီးချစ်တတ်လာခဲ့ပါတယ်။ သူငယ်ချင်း တွေနဲ့ အတူတူ Tik Tok ဆော့ရင်း သူမ ဝါသနာပါတဲ့သရုပ်ဆောင် အလုပ်ကိုလည်း ကြိုးစားနေခဲ့ပါတယ်။

သူမရဲ့ Tik Tok တွေကို ချစ်ခင်အားပေးတဲ့ပရိသတ်တွေလည်း အများအပြားရှိနေခဲ့ပါတယ်။ သူငယ်ချင်းဖြစ်သူ ဒါရိုက်တာမယ်မင်းဘုံ ရဲ့ ရင်တွင်းဖြစ်စာသားလေးတွေနဲ့အတူ သူမရဲ့ ခပ်ဆွေးဆွေးသရုပ်ဆောင်ချက်တွေကိုပေါင်းစပ်ထားတဲ့ short video လေးတွေဟာလည်း ပရိသတ်တွေကြားမှာအတော်လေးကို ရေပန်းစားခဲ့ပါတယ်။

ဒီနေ့မှာလည်း သူမ ဆော့ထားတဲ့ Tik Tok လေးတွေ အားလုံးပေါင်းကာ ဗီဒီယိုတစ်ခုပြန်လုပ်ပြီး အားလုံးကိုရသပေါင်း စုံပေးခဲ့ပါတယ်။ ချစ်စရာအမူအရာလေးတွေအပြင် ဟာသသရုပ်ဆောင်ချက်လေးတွေလည်းပါဝင်တဲ့ ဒီဗီယိုလေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေး လိုက်ပါတယ်။

Happy – Cele Zone
Photo – Hsu Eaint San

About the author

Aung Lay

Leave a Comment