ၾကားသိရသမ်ွ

ဖခင်ရဲ့နောက်ဆုံးအချိန်ထက် လူနာရဲ့အသက် ကိုကယ်ဖို့ရွေးခဲ့တဲ့ ဆရာဝန်

Written by Aung Lay

ဖခင္ ရဲ႕ေနာက္ဆုံးအခ်ိန္ ထက္ လူနာ ရဲ႕အသက္ ကိုကယ္ဖို႔ေ႐ြးခဲ့ တဲ့ ဆရာဝန္

အတၱ ဟိတထက္ ပရဟိတကို ပိုဦးစားေပးခဲ့တဲ့ ႏွလုံးလွဆရာဝန္တစ္ေယာက္ရဲ့အေၾကာင္းဟာ အင္တာနက္ေပၚမွာ နာမည္ႀကီးေနပါတယ္။ တစ္ဖက္မွာ ကိုယ္ခ်စ္ရတဲ့ ေမြးဖခင္ရဲ့ ေနာက္ဆုံးအခ်ိန္၊ တစ္ဖက္မွာက ကိုယ့္ရဲ့ Professional အလုပ္၊ ဒီလိုေဝခြဲရခက္တဲ့အေျခအေနမွာ ခက္ခဲတဲ့ ဆုံးျဖတ္ခ်က္ကိုခ်ခဲ့တာပါ။ ဒီအေၾကာင္းကိုေတာ့ Oriental Daily မွာေဖာ္ျပထားတာပါ။

ႏွလုံးလွဆရာဝန္ရဲ့ နာမည္ကေတာ့ Zhang Xinzhi ျဖစ္ၿပီး အသက္ကေတာ့ (၅၅)ႏွစ္ပါ။ တ႐ုတ္နိုင္ငံ၊ Anhui ျပည္နယ္ကပါ။ အသည္းအသန္ေနမေကာင္းျဖစ္ေနၿပီး ေနာက္ဆုံးအခ်ိန္ကို ေရာက္ေနတဲ့ ဖခင္ဆီကို Zhang တစ္ေယာက္ သြားၾကည့္ခဲ့ပါတယ္။ ဒါေပမယ့္ ကံဆိုးစြာနဲ႔ပဲ ခြဲစိတ္မႈတစ္ခုလုပ္ဖို႔ လိုအပ္လို႔ လာခဲ့ပါလို႔ အေၾကာင္းၾကားတာကို ခံခဲ့ရပါတယ္။

ေနာက္ဆုံးအခ်ိန္ကိုေရာက္ေနတဲ့ ဖခင္ကလည္း သားျဖစ္သူကို နားလည္ေပးတဲ့အျပဳံးနဲ႔ ေခါင္းညိတ္ၿပီး လူနာဆီကို သြားဖို႔ ခြင့္ျပဳေပးခဲ့ပါတယ္။ခြဲခန္းထဲမွာ ခြဲစိတ္ဖို႔ ျပင္ဆင္ေနခ်ိန္မွာပဲ ဖခင္ျဖစ္သူ ဆုံးသြားၿပီဆိုတဲ့ သတင္းကို ၾကားခဲ့ရပါတယ္။ ေဒါက္တာ Zhang ကေတာ့ Personal Feeling ကို ထိန္းခ်ဳပ္ၿပီး ခြဲခန္းထဲမွာ တည္ၿငိမ္စြာ ခြဲစိတ္ေပးခဲ့ပါတယ္။ (၂)နာရီၾကာျမင့္ခဲ့တဲ့ ခြဲစိတ္မႈအၿပီး ခြဲခန္းထဲကထြက္လာခ်ိန္မွာေတာ့ မ်က္ရည္ေတြက်ၿပီး ငိုေႂကြးခဲ့ပါတယ္။

Zhang ရဲ့ သတင္းဟာ ခ်က္ခ်င္းလိုပဲ ပ်ံ႕ႏွံ့သြားၿပီး ျပည္သူေတြက သူ႔ကို ခ်ီးက်ဴးေျပာဆိုခဲ့ေပမယ့္ Zhang ကေတာ့ တျခားဆရာဝန္ေတြဆိုရင္လည္း သူ႔ေနရာမွာဆိုရင္ ဒီလိုဆုံးျဖတ္မွာျဖစ္ေၾကာင္း၊ ဖခင္ျဖစ္သူအေနနဲ႔ကလည္း သူ႔ဟာ လူနာေတြအားထားရတဲ့ ဆရာဝန္တစ္ေယာက္ဆိုတာကို သိတဲ့အတြက္ ေနာက္ဆုံးအခ်ိန္မွာ အနားမွာ ေနမေပးနိုင္ခဲ့တာကို နားလည္ေပးနိုင္မယ္လို႔ ေမၽွာ္လင့္ေၾကာင္း အင္တာဗ်ဴး တစ္ခုမွာ ေျဖခဲ့ပါတယ္။

Unicode

ဖခင် ရဲ့နောက်ဆုံးအချိန် ထက် လူနာ ရဲ့အသက် ကိုကယ်ဖို့ရွေးခဲ့ တဲ့ ဆရာဝန်

အတ္တ ဟိတထက် ပရဟိတကို ပိုဦးစားပေးခဲ့တဲ့ နှလုံးလှဆရာဝန်တစ်ယောက်ရဲ့အကြောင်းဟာ အင်တာနက်ပေါ်မှာ နာမည်ကြီးနေပါတယ်။ တစ်ဖက်မှာ ကိုယ်ချစ်ရတဲ့ မွေးဖခင်ရဲ့ နောက်ဆုံးအချိန်၊ တစ်ဖက်မှာက ကိုယ့်ရဲ့ Professional အလုပ်၊ ဒီလိုဝေခွဲရခက်တဲ့အခြေအနေမှာ ခက်ခဲတဲ့ ဆုံးဖြတ်ချက်ကိုချခဲ့တာပါ။ ဒီအကြောင်းကိုတော့ Oriental Daily မှာဖော်ပြထားတာပါ။

နှလုံးလှဆရာဝန်ရဲ့ နာမည်ကတော့ Zhang Xinzhi ဖြစ်ပြီး အသက်ကတော့ (၅၅)နှစ်ပါ။ တရုတ်နိုင်ငံ၊ Anhui ပြည်နယ်ကပါ။ အသည်းအသန်နေမကောင်းဖြစ်နေပြီး နောက်ဆုံးအချိန်ကို ရောက်နေတဲ့ ဖခင်ဆီကို Zhang တစ်ယောက် သွားကြည့်ခဲ့ပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ ခွဲစိတ်မှုတစ်ခုလုပ်ဖို့ လိုအပ်လို့ လာခဲ့ပါလို့ အကြောင်းကြားတာကို ခံခဲ့ရပါတယ်။

နောက်ဆုံးအချိန်ကိုရောက်နေတဲ့ ဖခင်ကလည်း သားဖြစ်သူကို နားလည်ပေးတဲ့အပြုံးနဲ့ ခေါင်းညိတ်ပြီး လူနာဆီကို သွားဖို့ ခွင့်ပြုပေးခဲ့ပါတယ်။ခွဲခန်းထဲမှာ ခွဲစိတ်ဖို့ ပြင်ဆင်နေချိန်မှာပဲ ဖခင်ဖြစ်သူ ဆုံးသွားပြီဆိုတဲ့ သတင်းကို ကြားခဲ့ရပါတယ်။ ဒေါက်တာ Zhang ကတော့ Personal Feeling ကို ထိန်းချုပ်ပြီး ခွဲခန်းထဲမှာ တည်ငြိမ်စွာ ခွဲစိတ်ပေးခဲ့ပါတယ်။ (၂)နာရီကြာမြင့်ခဲ့တဲ့ ခွဲစိတ်မှုအပြီး ခွဲခန်းထဲကထွက်လာချိန်မှာတော့ မျက်ရည်တွေကျပြီး ငိုကြွေးခဲ့ပါတယ်။

Zhang ရဲ့ သတင်းဟာ ချက်ချင်းလိုပဲ ပျံ့နှံ့သွားပြီး ပြည်သူတွေက သူ့ကို ချီးကျူးပြောဆိုခဲ့ပေမယ့် Zhang ကတော့ တခြားဆရာဝန်တွေဆိုရင်လည်း သူ့နေရာမှာဆိုရင် ဒီလိုဆုံးဖြတ်မှာဖြစ်ကြောင်း၊ ဖခင်ဖြစ်သူအနေနဲ့ကလည်း သူ့ဟာ လူနာတွေအားထားရတဲ့ ဆရာဝန်တစ်ယောက်ဆိုတာကို သိတဲ့အတွက် နောက်ဆုံးအချိန်မှာ အနားမှာ နေမပေးနိုင်ခဲ့တာကို နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း အင်တာဗျူး တစ်ခုမှာ ဖြေခဲ့ပါတယ်။

Credit

About the author

Aung Lay

Leave a Comment