Cele News Video

ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် အားမလျှော့ကြဖို့ ပြည်သူလူထုကို အားပေးခဲ့တဲ့ နေတိုး နဲ့ နှင်းဆီ အဖွဲ့သားများ (ရုပ်/သံ)

Written by Aung Lay

မင္းသားေခ်ာ ေနတိုးကေတာ့ အသက္သုံးဆယ္ေက်ာ္အ႐ြယ္ကိုေရာက္ေနၿပီ ဆိုေပမယ့္ အႏုပညာေလာကမွာ ထိပ္ဆုံးက ဦးေဆာင္ေနသူတစ္ေယာက္ပါ။ ႏိုင္ငံေက်ာ္မင္းသားတစ္လက္ပီပီ ႐ိုက္ကူးရမယ့္ ႐ုပ္ရွင္ဇာတ္ကားေတြအမ်ားႀကီးရွိေနေပမယ့္ ေနတိုးကေတာ့ ကပ္ေရာဂါအေျခအေနေတြေၾကာင့္ သူ႔ရဲ႕ အႏုပညာလႈပ္ရွားမႈေတြကို ရပ္နား ထားတာပဲ ျဖစ္ပါတယ္။ ဒီကေန႔မွာေတာ့ ေနတိုးနဲ႔တကြ ႏွင္းဆီအဖြဲ႕သားေတြက ျပည္သူလူထုကို ဘယ္လိုအေျခအေနမ်ိဳးမွာျဖစ္ျဖစ္ အားမေလွ်ာ့ၾကဖို႔ အားေပးစကားေျပာလာခဲ့တာကို အခုလိုပဲ ေတြ႕ရပါတယ္။

ကြၽန္ေတာ္တို႔အားလုံးဘယ္လိုအေျခအေနမ်ိဳးမွာပဲ ရွိေနရွိေန အားမေလွ်ာ့လိုက္ၾက ပါနဲ႔ခင္ဗ်ာ။ တခ်ိန္ခ်ိန္မွာ ကြၽန္ေတာ္တို႔အားလုံးေမွ်ာ္လင့္ေနတဲ့ ေပ်ာ္႐ႊင္စရာေန႔ရက္ေတြကို ေရာက္ကိုေရာက္ရမယ္လို႔ယုံၾကည့္ပါတယ္ အားလုံးပဲ fightingပါ။ က်န္းမာေရးဝန္ထမ္းမ်ား ပရဟိတအဖြဲ႕မ်ားနဲ႔ အလႉရွင္းမ်ားအားလုံးကို အၿမဲဂုဏ္ယူေနမွာပါ။ ဒီVideo ေလး ရဲ႕အဆုံးမွာ ပါေသာသီခ်င္းမွာ (ေက်ာ္ျဖတ္မယ္)လို႔ အမည္ေပးထားၿပီး ေရး/ေဟတာ၊ ဆို/ ရိန္မိုး+ ေဟတာ၊ Music / အပန္၊ studio/ Z Eagle၊ Mixing mustering ေက်ာ္သူရ ျဖစ္ပါတယ္ခင္ဗ်ာ မၾကာခင္ joox နဲ႔ music app ေတြမွာတင္ေပးသြားမယ္လို႔လဲသိရပါတယ္။ ပရိသတ္မ်ားအားလုံးကိုယ္က်န္းမာ စိတ္ခ်မ္းသာၿပီးေရာဂါကင္းေဝးၾကပါေစခင္ဗ်ာ.. အားလုံး fighting ” ဆိုၿပီး ေနတိုးက သူ႔ရဲ႕ ေဖ့စ္ဘုတ္ စာမ်က္ႏွာမွာ မွ်ေဝလာပါတယ္။

ေနတိုးနဲ႔တကြ ႏွင္းဆီအဖြဲ႕သားေတြျဖစ္တဲ့ ေမာင္မ်ိဳးမင္း၊ မင္းေမာ္ကြန္း၊ ေက်ာ္ေက်ာ္ဗို၊ ရဲေလး၊ ထြန္းထြန္း၊ ဖူးစုံ၊ မိုးျပည့္ျပည့္ေမာင္၊ မိုးယုစံ တို႔က ျပည္သူလူထုကို စိတ္ဓာတ္မက်ေစဖို႔ အားေပးစကား ေျပာထားတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Bilie: Cele Connections

Unicode

မင်းသားချော နေတိုးကတော့ အသက်သုံးဆယ်ကျော်အရွယ်ကိုရောက်နေပြီ ဆိုပေမယ့် အနုပညာလောကမှာ ထိပ်ဆုံးက ဦးဆောင်နေသူတစ်ယောက်ပါ။ နိုင်ငံကျော်မင်းသားတစ်လက်ပီပီ ရိုက်ကူးရမယ့် ရုပ်ရှင်ဇာတ်ကားတွေအများကြီးရှိနေပေမယ့် နေတိုးကတော့ ကပ်ရောဂါအခြေအနေတွေကြောင့် သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေကို ရပ်နား ထားတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ နေတိုးနဲ့တကွ နှင်းဆီအဖွဲ့သားတွေက ပြည်သူလူထုကို ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် အားမလျှော့ကြဖို့ အားပေးစကားပြောလာခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။

ကျွန်တော်တို့အားလုံးဘယ်လိုအခြေအနေမျိုးမှာပဲ ရှိနေရှိနေ အားမလျှော့လိုက်ကြ ပါနဲ့ခင်ဗျာ။ တချိန်ချိန်မှာ ကျွန်တော်တို့အားလုံးမျှော်လင့်နေတဲ့ ပျော်ရွှင်စရာနေ့ရက်တွေကို ရောက်ကိုရောက်ရမယ်လို့ယုံကြည့်ပါတယ် အားလုံးပဲ fightingပါ။ ကျန်းမာရေးဝန်ထမ်းများ ပရဟိတအဖွဲ့များနဲ့ အလှူရှင်းများအားလုံးကို အမြဲဂုဏ်ယူနေမှာပါ။ ဒီVideo လေး ရဲ့အဆုံးမှာ ပါသောသီချင်းမှာ (ကျော်ဖြတ်မယ်)လို့ အမည်ပေးထားပြီး ရေး/ဟေတာ၊ ဆို/ ရိန်မိုး+ ဟေတာ၊ Music / အပန်၊ studio/ Z Eagle၊ Mixing mustering ကျော်သူရ ဖြစ်ပါတယ်ခင်ဗျာ မကြာခင် joox နဲ့ music app တွေမှာတင်ပေးသွားမယ်လို့လဲသိရပါတယ်။ ပရိသတ်များအားလုံးကိုယ်ကျန်းမာ စိတ်ချမ်းသာပြီးရောဂါကင်းဝေးကြပါစေခင်ဗျာ.. အားလုံး fighting ” ဆိုပြီး နေတိုးက သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ မျှဝေလာပါတယ်။

နေတိုးနဲ့တကွ နှင်းဆီအဖွဲ့သားတွေဖြစ်တဲ့ မောင်မျိုးမင်း၊ မင်းမော်ကွန်း၊ ကျော်ကျော်ဗို၊ ရဲလေး၊ ထွန်းထွန်း၊ ဖူးစုံ၊ မိုးပြည့်ပြည့်မောင်၊ မိုးယုစံ တို့က ပြည်သူလူထုကို စိတ်ဓာတ်မကျစေဖို့ အားပေးစကား ပြောထားတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Bilie: Cele Connections

About the author

Aung Lay

Leave a Comment