Cele News
လူချင်းမတွေ့ဖူးကတည်းက နန္ဒာလှိုင်နဲ့ ရနိုင်လားလို့ ဗေဒင်မေးခဲ့ဖူးတယ်ဆိုတဲ့ ဇေသီဟ
Written by Aung Lay
Source ; Zay Thiha`Fb
Unicode
တစ်ချိန်က ဒိတ်ဒိတ်ကြဲမင်းသမီးတစ်လက်ဖြစ်တဲ့ နန္ဒလှိုင်ရဲ့ ခင်ပွန်းဖြစ်တဲ့ ဇေသီဟကတော့ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်းဖြစ်ပါတယ်။ချစ်စရာသမီး ၃ ယောက်ကို ပိုင်ဆိုင်ထားပြီး ပျော်ရွှင်စရာမိသားစုလေးအဖြစ် ရပ်တည်လျက်ရှိနေပါတယ်။လက်တစ်လောမှာ ဇေသီဟကတေယ့ ငယ်ဘဝအမှတ်တရတွေကို ပရိတ်သတ်ကြီးကိူ မျှဝေပေးလေ့ရှိပြီး ယောက်ဖဖြစ်သူ စိန်ဖြိုးလှိုင်ကိုလည်း ကြုံရင် ကြုံသလို ဆေးထိုးစမြဲပါ။
သူနဲ့နန္ဒာလှိုင် မတွေ့ဖူး မမြင်ဖူးခင် အချိန်တုန်းက နန္ဒာလှိုင်ကို ရနိုင်မလားဆိုပြီး ဗေဒင်မေးခဲ့တဲ့ အကြောင်းကို အခုလိုမျှဝေလာပါတယ်။”ယတြာ စွမ်းခဲ့သလား။၁၀ တန်းပြီးစထဲက ခင်မင်ရင်းနှီးတဲ့ လှည်းတန်းဘက်မှာ နေတဲ့ အဖွါးတစ်ယောက်ရှိတယ်။ ဘယ်လိုစသိလဲ တော့ မမှတ်မိတော့။ ဗေဒင် တွက်နည်းအရ ရှေ့ဖြစ်ဟောတာ အရမ်းတိကျတယ်။ ဘယ်နေ့ဘာဖြစ်မယ်ဆိုတာကို ရက်အတိအကျ နေ့စွဲနဲ့ရေးပြီး ဟောတာပါ။ ဗေဒင်တို့ အကြားအမြင်တို့ဆိုတာ အရမ်းတိကျလွန်းတယ်လို့ အရင်ထဲက မယုံခဲ့ပါ။ တစ်ရက် အဖွါးနဲ့ ဆုံဖြစ်ပြီး ကျွန်တော့ကို တွက်ပေးမယ်ပေါ့။တွေ့တာတွေ ဟောပြီး ဘာသိချင်လဲ မေးပါတယ်။ အဲ့ဒီတုန်းက ကိုယ်က ဟီးဟီဟားဟားနဲ့ နန္ဒာလှိုင်နဲ့ ရနိုင်လားလို့ လွှတ်ခနဲ မေးမိလိုက်တယ်။ နန္ဒာနဲ့ ကျွန်တော် အဲ့ဒီအချိန်က မြင်တောင်မမြင်ဖူးကြပါ။”
အဖွါးက အဲ့ဒီအခါ သူလဲတွက်ချက်ပြီး ဘယ်အချိန်မှာအိမ်ထောင်ကျမှာ .. ဘယ်လို ဖြစ်မှာ စသည်ဖြင့် ဟောပြီး အဖွါးကိုယ်တိုင်ပဲ ယတြာလုပ်ပေးခဲ့လား မသိပါဘူး။ အဲ့ဒီတုန်းက အပျော်ဗေဒင်တွက်ရင်းကနေ…’အခုတော့ ကလေး ၃ ယောက်တောင် ရနေပြီ။ဗေဒင် ယတြာ သိပ်စွမ်းရင် သွားမနောက်နဲ့။ အခုတော့ လက်တွေ့ပါဗျာ” ဟူ၍ မျှဝေခဲ့ပါတယ်။ သူ့ကို ဗေဒင်ယတြာလုပ်ပေးခဲ့တဲ့ ဆုံးပါးသွားတဲ့အဖွားကိုသတိယလွမ်းဆွတ်ကြောင်းကိုလည်း ဖော်ပြလာခဲ့ပါတယ်။
Source ; Zay Thiha`Fb
About the author
Aung Lay
Leave a Comment