Cele News

ဒုတိယမြောက်မြေးမလေးရဲ့ မွေးနေ့နဲ့နာမည်ကိုလက်ဖမိုးပေါ် တက်တူးရေးထိုးခဲ့တဲ့ ခင်လှိုင်

Written by Aung Lay




Source ; Khin Hlaing`Fb

Unicode

ပြည်သူချစ်ဟာသလူရွှင်တော် သရုပ်ဆောင် ဦးခင်လှိုင်ကတော့ ကိုဖြိုးသီဟ၊နေရဲ နဲ့ သဇင်ထူးမြင့် တို့ရဲ့ ချစ်လှစွာသော ဖခင်တစ်ယောက်ဖြစ်ပါတယ်။သားအကြီးဆုံးဖြစ်တဲ့ ကိုဖြိုးသီဟ က အိမ်ထောင်ကျပြီးဖြစ်ပါတယ်။ကိုဖြိုးသီဟ တို့ဇနီးမောင်နှံရဲ့ ဒုတိယမြောက်ရင်သွေးလေးကို အဘိုးဖြစ်သူ ဦးခင်လှိုင်ကတော့ သေရာပါမယ့် အမှတ်အသားတစ်ခုပြုလုပ်ပြီး ချစ်ပြလိုက်ပါတယ်။

ခင်လှိုင် လို့ပြောလိုက်ရင် တက်တူးအပြည့်နဲ့ လူငယ်တစ်ယောက်လို အမြဲလန်းဆန်းနေတဲ့ ဘဲကြီးဆိုပြီး တွဲမြင်မိမှာအမှန်ပါပဲ တက်တူးကို ရူးသွပ်တဲ့ ခင်လှိုင်ကတော့ သူရဲ့ ဒုတိယမြောက်မြေးမလေးရဲ့ နာမည်နဲ့ မွေးနေ့ရက်တို့ကို သူ့ရဲ့ လက်ဖမိုးပေါ်မှာ တက်တူးရေးထိုးပြီး ဂုဏ်ပြုလိုက်ကြောင်း မျှဝေလာခဲ့ပါတယ်။ မြေးမလေး ရွှေခေတ်မွေးဖွားတဲ့နေ့ကလည်း video call နဲ့ လှမ်းပြီး အိမ်ကနေ မိသားစုကမ္ဘာကနေကြိုဆိုကြောင်းလည်း ပြာလုပ်ခဲ့ပါသေးတယ်။

သား အချစ် မြေး အနှစ်ဆိုတဲ့ စကားပုံတွေလိုမျိုးပဲ ခင်လှိုင်ကတော့ ချစ်ရတဲ့ သားအကြီးရဲ့ မျိုးဆက် မြေးမလေးကို ဂုဏ်ပြုချစ်ပြတာကတော့ သူများတွေနဲ့မတူ တစ်မူထူးခြားတာမို့ ချစ်တတ်တဲ့ ဦးခင်လှိုင်ကြီးဆိုပြီး မှတ်ချက်တွေပြုကြပါတယ်။မြေးမလေး နာမည်နဲ့ မွေးနေ့ကို တက်တူးရေးထိုးနေတဲ့ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်။

Source ; Khin Hlaing`Fb

About the author

Aung Lay

Leave a Comment