News

ပိုးတွေ့သံဃာတော်များကို ထားရှိကုသရန်မဟာသန္တိသုခကျောင်းတိုက်ကြီးကို အကြီးစားပြုပြင်မည်

Written by Aung Lay

ပိုးတွေ့ သံဃာတော်များ ထားရှိကုသမည့် မဟာသန္တိသုခကျောင်းတိုက် အကြီးစားပြင်ဆင်ခွင့်ကို အေဝမ်း ဆောက်လုပ်ရေးကုမ္ပဏီ နှင့် မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများ အသင်း တို့ တင်ဒါအောင်မြင်ပြီး တာဝန်ယူ ဆောင်ရွက်နေကြောင်း သာသနာရေးဦးစီးဌာန သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။


ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ မဟာသန္တိသုခကျောင်းတိုက်၊ ကမ္ဘာအေးကုန်းမြေရှိ သံဃာ့ဆေးရုံနှင့် သာသနာရေးဦးစီးဌာန ဝန်ထမ်း အိမ်ရာများတွင် ကိုဗစ် ပိုးတွေ့သံဃာတော်များကို ထားရှိကုသရန် ပြင်ဆင်နေရာ မဟာသန္တိသုခပြင်ဆင်မွမ်းမံမှုများပြီးသွားပါက

ကိုဗစ် ပိုးတွေ့သံဃာတော်အပါး (၅၀၀)စောင့်ကြည့် ကုသနိုင်မည်ဖြစ်ပြီး ၊ ကမ္ဘာအေးသံဃာ့ဆေးရုံ (၂) ဆောင်တွင်လည်း သံဃာအပါး (၁၀၀) ထားရှိကုသနိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက် နေကြောင်း သိရပါတယ်။


ထို့အပြင် ကမ္ဘာအေးသံဃာ့ဆေးရုံအနီးရှိ သာသနာရေးဦးစီးဌာန ဝန်ထမ်း အိမ်ရာများတွင်လည်း သံဃာစုစုပေါင်း (၁၃၆)ပါးထားရှိနိုင်ရန် ပြင်ဆင်နေပြီး အောက်တိုဘာ (၁)ရက် အထိ သံဃာနှင့်သီလရှင်အပါး (၄၄၀) ရောဂါပိုးကူးစက်ခံထားရကြောင်း သာသနာရေးဦးစီး ဌာနက ထုတ်ပြန်ထားပါတယ်။

Zawgyi

ပိုးေတြ႕ သံဃာေတာ္မ်ား ထားရွိကုသမည့္ မဟာသႏၲိသုခေက်ာင္းတိုက္ အႀကီးစားျပင္ဆင္ခြင့္ကို ေအဝမ္း ေဆာက္လုပ္ေရးကုမၸဏီ ႏွင့္ ျမန္မာႏိုင္ငံလိုင္စင္ရ ကန္ထ႐ိုက္တာမ်ား အသင္း တို႔ တင္ဒါေအာင္ျမင္ၿပီး တာဝန္ယူ ေဆာင္႐ြက္ေနေၾကာင္း သာသနာေရးဦးစီးဌာန သတင္းထုတ္ျပန္ခ်က္အရ သိရပါတယ္။

ရန္ကုန္တိုင္းေဒသႀကီး တာေမြၿမိဳ႕နယ္ရွိ မဟာသႏၲိသုခေက်ာင္းတိုက္၊ ကမာၻေအးကုန္းေျမရွိ သံဃာ့ေဆး႐ုံႏွင့္ သာသနာေရးဦးစီးဌာန ဝန္ထမ္း အိမ္ရာမ်ားတြင္ ကိုဗစ္ ပိုးေတြ႕သံဃာေတာ္မ်ားကို ထားရွိကုသရန္ ျပင္ဆင္ေနရာ မဟာသႏၲိသုချပင္ဆင္မြမ္းမံမႈမ်ားၿပီးသြားပါက

ကိုဗစ္ ပိုးေတြ႕သံဃာေတာ္အပါး (၅၀၀)ေစာင့္ၾကည့္ ကုသႏိုင္မည္ျဖစ္ၿပီး ၊ ကမာၻေအးသံဃာ့ေဆး႐ုံ (၂) ေဆာင္တြင္လည္း သံဃာအပါး (၁၀၀) ထားရွိကုသႏိုင္ရန္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ႏွင့္ ပူးေပါင္းေဆာင္႐ြက္ ေနေၾကာင္း သိရပါတယ္။

ထို႔အျပင္ ကမာၻေအးသံဃာ့ေဆး႐ုံအနီးရွိ သာသနာေရးဦးစီးဌာန ဝန္ထမ္း အိမ္ရာမ်ားတြင္လည္း သံဃာစုစုေပါင္း (၁၃၆)ပါးထားရွိႏိုင္ရန္ ျပင္ဆင္ေနၿပီး ေအာက္တိုဘာ (၁)ရက္ အထိ သံဃာႏွင့္သီလရွင္အပါး (၄၄၀) ေရာဂါပိုးကူးစက္ခံထားရေၾကာင္း သာသနာေရးဦးစီး ဌာနက ထုတ္ျပန္ထားပါတယ္။

About the author

Aung Lay

Leave a Comment