ၾကားသိရသမ်ွ

မိန်းမ ဖြစ်ကြောင်း အတင်း သက်သေပြခိုင်းလို့ လေဆိပ်မှာ ဒုက္ခရောက်ခဲ့ရတဲ့ အလေးမမယ်

Written by Aung Lay





Unicode

ရုရှားက နာမည်ကြီး အလေးမ မယ် Anna Turaeva က တော့ ပြည်တွင်း လေကြောင်းလိုင်းတစ်ခုကို လိုက်ပါ စီးနင်း ခွင့် မရခဲ့ပါဘူး။ယောက်ျားနဲ့ တူနေတဲ့ သူမရဲ့ ပုံစံ ကြောင့် မိန်းမ အစစ်ဆိုတာကို သက်သေ ပြနိုင် မှ လိုက်ပါ စီးနင်းခွင့် ပေးမယ် ဆိုပြီး လေ ကြောင်းလိုင်းမှ ဝန်ထမ်းတွေ က သူမကို ပြောခဲ့ပါ တယ်။သူမကို တခြား ခရီးသည်တွေ ရှေ့ မှာ လိင်ပိုင်း ဆိုင်ရာ မေးခွန်းတွေကို နှိုက်နှိုက်ချွတ်ချွတ်တွေ မေးခဲ့ တယ်လို့ Anna Turaeva က ပြောခဲ့ပါတယ်။ဒီအကြောင်းကိုတော့ news.com.au မှာ ဖော်ြ ပထားတာပါ။

Anna Turaeva က တော့ အသက် (၄၂)နှစ်ဖြစ်ပြီး ကမ္ဘာ့ ချန်ပီယံဆုကို (၆)ကြိမ် ရထားသူပါ။ Krasnodar via Moscow ခရီးစဉ် မပျံသန်း မီ St. Petersburg က တခြား ခရီးသည်တွေ ရှေ့မှာ သူမက အမျိုးသမီး ဖြစ် ကြောင်း စစ်ဆေးမေးမြန်း ခံခဲ့ ရတာပါ။”စစ်ဆေးတဲ့ နေရာ ကို ရောက် တော့ သူတို့ က ဖြတ်သန်းခွင့်မ ပေးဘူး။ပတ်စ်ပို့မှာက အမျိုးသမီးလို့ ရေး ထားတာ လေ..” ဆိုပြီး ပြောခဲ့ပါတယ်။သူမရဲ့ ပတ်စ်ပို့မှာက Gender ကျား၊မ မှာ အမျိုးသမီးလို့ ဖော်ပြထားပေမယ့် တကယ့်အပြင်က သူမရဲ့ ပုံစံ က တော့ အမျိုးသမီး နဲ့ လုံး၀ မတူပဲ ယောက်ျားတစ်ယောက် ပုံစံ ဖြစ် နေတာပါ။သူမရဲ့ IG မှာ ဆိုရင်လည်း အပေါ် ပိုင်း ဗလာကျင်း ပုံ တွေ ပါ တင်ထားပြီး တကယ့် ယောက်ျား တစ်ယောက်လို မျိုး ဖြစ် နေတာပါ။

စစ်ဆေးဂိတ်ကို ပေးမဖြတ်ပဲ မိန်းမ စစ်ကြောင်း သက်သေ ပြခိုင်းနေ၊မေးခွန်းတွေ ဝိုင်းမေး နေ တော့ တန်းစီနေတဲ့ လူတွေ အများကြီး က ဝိုင်း ကြည့်တာကိုခံခဲ့ရပြီး ဒီလို အ ခြေအ နေ မှာ ကူကယ်ရာ မဲ့ ခံစားချက် မျိုး ခံစား ခဲ့ ရ ကြောင်း၊မိန်းမ အစစ်ပါ လို့ သူမ ဘက်က လည်း သက်သေ ပြနိုင် ဖို့ ကြိုးစားခဲ့ ရတယ်လို့ ဆိုပါတယ်။ Turaeva က တော့ လွန်ခဲ့တဲ့ နှစ် အတော်ကြာ တည်းက Gay တစ်ယောက် အ နေနဲ့ ရပ်တည် နေခဲ့တာပါ။သူမရဲ့ အ ခြေအ နေ ကို ဝန်ထမ်းတွေ ကို ရှင်းပြ ဖို့ ကြိုးစားပေမယ့်လည်း နောက်ဆုံးမှာတော့ လေယာဉ်ပေါ် တက်ခွင့် မ ပေးခဲ့ဘူးလို့ Turaeva က ပြောခဲ့ပါတယ်။ကိစ္စ တွေ အပြီးမှာတော့ အဖြစ် မှန်ကို သိသွားတဲ့ Utair လေ ကြောင်း လိုင်း က နေ သူမကို ပြန် တောင်းပန်ခဲ့ပါတယ်။ဖြစ်သွားရတဲ့ အခြေအ နေကို ပြန်စစ်ဆေးပြီး လေဆိပ် ဝန်ထမ်း တွေကို အပြစ် ပေး သွားပါ့မယ်လို့ လေ ကြောင်းလိုင်းဘက်က ပြန် ပြောခဲ့ပါတယ်။

သူမ အသက် (၁၅)နှစ်တည်းက Gym မှာ ကိုယ်ကာယ လေ့ကျင့်ခန်းတွေ လုပ်လာခဲ့တာပါ။သူမ အ ဖေ ကလည်း စက် ပစ္စည်း စက်ရုံ တစ်ရုံ မှာ အလုပ်လုပ် သူပါ။တခြား အမျိုးသမီးတွေနဲ့ မတူတဲ့ သူမရဲ့ ဖြစ်တည်မှု အ ပေါ် မိခင် ဖြစ်သူ က အားပေး ပံ့ပိုး ပေးခဲ့တယ်လို့ Turaeva က ပြောခဲပြါတယ်။သူမ အသက် (၆)နှစ် သမီး ကေ န (၁၅)နှစ်သမီး အထိ က သူမရဲ့ အချိန် တော်တော် များများကို ဆေးရုံ တွေမှာပဲ ကုန် ဆုံး ခဲ့ ရသူပါ။လက်ရှိမှာတော့ နိုင်ငံ့ ဂုဏ် ဆောင် အားကစားသမား တစ်ယောက် အဖြစ် ရပ်တည် နေပါပြီ။လက်ရှိ သူမရဲ့ ပုံစံ ကို လက်ခံ သ ဘောကျ ပြီး ပြောင်းလဲ သွားမှာ မဟုတ်ဘူးလို့ Turaeva က ပြောခဲ့ပါတယ်။

About the author

Aung Lay

Leave a Comment