“လူကြမ်းတော့ နတ်ကြမ်း မခံနိုင် (သို့မဟုတ်) နတ်ကြောက်တဲ့ ကျောင်းဆရာတစ်ဦး”
ရွာမှာ ကျောင်းဆောက်ဖို့ နေရာရွေးဆိုတော့ တောင်ဘက်က ညောင်ပင်အောက် ကွက်လပ်ပဲ အကောင်းဆုံးလို့ မြင်ကြတယ်။
ဒါပေမဲ့ အဲဒီနေရာ ညောင်ပင်ကြီးက ခံနေတယ်။ တကယ်လို့ လေတိုက်ပြီး ညောင်ကိုင်းကျိုး ကျရင် ဆိုတာ ထည့်တွက် ရတယ်။
ကျွန်တော်ကိုယ်တိုင်ကလည်း အဲဒီနေရာကို ကြိုက်တယ်။ ကျောင်းဆောက်ရင် တစ်ခုပဲရှိတယ်။ ညောင်ပင်ကို ခုတ်ရမယ်။
ခက်တာက ညောင်ပင်ဆိုရင် နတ်စင်တင်လိုက်တော့ ပိုပြီး ပြဿနာ ရှုပ်တယ်။ ညောင်ပင် ခုတ်ရင် သူတို့ရွာက လာပြီး ကိုးကွယ်နေတဲ့
ညောင်စောင့်နတ်နဲ့ ကျွန်တော် ပြဿနာ တက်ရမှာ။ညောင်ပင်ဆိုလို့ သေးသေးလေးလို့ မထင်လိုက်နဲ့။ လူငါးယောက်ဖက်စာလောက် အောက်ခြေကရှိတယ်။
ရွာတည်စ လောက်ကတည်းက သက်တမ်းရင့် ညောင်ပင်ကြီး။ ဒုတိယကမ္ဘာစစ်ကလည်း ဒီညောင်ပင် အောက်မှာ ဂျပန်တွေက ဘက်နက်နဲ့ထိုးပြီး လူသတ်ခဲ့တဲ့နေရာ။
ဒီနေရာကို ကြောက်နေကြတာလည်းအလွန်ပဲ။ ညဆိုရင် သွားဖို့နေနေသာသာ နေ့ခင်းတောင် အဲဒီအောက်သွားပြီး သေးမပေါက်ရဲဘူး။
ကျောင်းလွှတ်ချိန် ဆိုရင်လည်း အရိပ်ကောင်းပေမယ့် ကျောင်းသားတွေ သွားပြီးမကစားကြဘူး။ မြေကိုင်မှာ ကြောက်တယ်တဲ့။
နောက်ဆုံး အားလုံးကြောက်နေတဲ့ ညောင်ပင်ကို ကိုယ်က ဦးဆောင်ခုတ်ဖို့ ဆုံးဖြတ်လိုက်ရတယ်။ ရွာလူကြီး တွေက သူတို့လည်း မလုပ်ရဲဘူး၊
အဖြေကလည်း မရှိဘူး၊ ကျွန်တော် လုပ်မယ်ဆိုတော့လည်း မတားတော့ဘူး။ ညောင်ပင် ဘယ်သူခုတ်မလဲ ဆိုတာ ကြောင်ကို ခြူ ဘယ်သူဆွဲပေးမလဲ ဆိုတာထက်ဆိုးနေပြီ။
ကျွန်တော်က ခုတ်မယ်လို့သာ ပြောတာ သစ်ပင်တောင် တက်တတ်တာမဟုတ်ဘူး။ ဒါနဲ့ သစ်ပင်ခုတ်မယ့်သူရှာတော့ ချင်းလား၊ ကချင်လားမသိ
သူ့ကိုရွာက လူးဝါးလို့ခေါ်သူတစ်ယောက် ရောက်လာတယ်။ သူက ပင်စည်ကြီးကို တော့ မခုတ်နိုင်ဘူး။ အကိုင်းတွေ အားလုံး ခုတ်ပေးမယ်။ ၂၀၀၀ တောင်းတယ်။
ကျွန်တော်ကလည်း ပေးမယ် ဆိုပြီး သဘောတူတော့ နောက်တစ်နေ့ လာခုတ်တယ်။သူက “ဆရာကြီး … အမိန့်ပြန်ပေးပါ” တဲ့။ ကျွန်တော်က ဘာမှန်းနားမလည်လိုက်ဘူး။
ဒီတော့ သူက “အပင်မှာ စောင့်နေတဲ့ အစောင့်တွေ၊ မှီခိုနေတာတွေကို ဆရာတို့ အစိုးရအမိန့်နဲ့ နှင်မှရတယ်။ အမိန့်ပြန်တမ်း ရေး၊ ဖတ်ပြပြီး နှင်ပေးပါ” တဲ့။
ကိုယ့်ထက်ဆရာကျတဲ့သူနဲ့ တွေ့လိုက်ရလို့ ကျေးဇူးတင်ပြီး လုပ်ပေးမယ်လို့ ပြော လိုက်ရတယ်။ သူက ကြိုးတွေ ပုဆိန်တွေ၊ ဓားတွေအားလုံးကို ညောင်ပင်မှာ ထောင်လိုက်တယ်။
ပြီးတော့ “ဆရာကြီး အမိန့် ပြန်တမ်း ဖတ်တော့” တဲ့။ ကျွန်တော်ကလည်း“အစိုးရအမိန့် … ဤနေရာသည်ကျောင်းပိုင် မြေနေရာဖြစ်သည်။ ကျောင်းသားများအတွက်
ကျောင်းဆောင် ဆောက်ရမည် ဖြစ်သောကြောင့် ဤညောင်ပင်ကို ခုတ်မည်ဖြစ်သဖြင့် သင်တို့ ဤအချိန်မှစပြီး သွားလိုရာ သွားနိုင်ပြီ။ ပုံ ကျောင်းအုပ် ဆရာကြီး” ဆိုပြီး
အသံပြင်းပြင်းဖတ်ပေးလိုက်ရတယ်။ လူးဝါးက အမိန့်စာကို တောင်းပြီး ညောင်ပင်မှာ သံနဲ့ ကပ်ရိုက် လိုက်တယ်။
လူးဝါး သစ်ကိုင်းကြီးတစ်ခုကို ခုတ်နေချိန်မှာ ညောင်ပင်ခေါင်းထဲက ထွက်လာတဲ့ ပုရွက်နီကြီးတွေက နည်းနည်း နောနော မဟုတ်ဘူး။ လူးဝါးလည်း ဆင်းပြေးရတယ်။
ဘယ်လိုမှ မတတ်နိုင်ဘူး။ နောက်တစ်နေ့ လူးဝါး မလာတော့ဘူး။ သူ့တဲကို လိုက်ခေါ်တော့ လူးဝါး ဖျားနေပြီ။
ရွာလူကြီးတွေကလည်း ကြောက်ပြီး ကျွန်တော့်ကို ဆက်မခုတ်ပါနဲ့တော့လို့ ပြောတယ်။ ကျွန်တော်ကလည်း ဘာဖြစ်ဖြစ် ဆက်ခုတ်မယ်။ ရအောင်ခုတ်မယ်လို့ ပြောလိုက်တယ်။
ညကျတော့ ကျောင်းထဲက ကျွန်တော်တို့နေတဲ့ ဆရာတန်းလျားကို တစ်စုံတစ်ခုက လာပြီး ဝင်တိုက်သလို သိမ့်ခနဲ …သိမ့်ခနဲ ဖြစ်သွားတယ်။
ဆရာမလေးတွေလည်း အော်ပြီးဆင်းပြေးကြတယ်။ ဒီတန်းလျားကြီးတစ်ခု လုံးကို လှုပ်သွား အောင် ဆိုတာ ကျွဲလို၊ ဆင်လိုအကောင်တွေ လာပြီးတွန်းမှ လှုပ်မှာပါ။
ကျွန်တော် ဓာတ်မီး တွေနဲ့ လိုက်ရှာတော့လည်း ဘာမှမတွေ့ဘူး။ ဆရာမလေးတွေ သူတို့အခန်း သူတို့ပြန်နေပြီး မကြာပါဘူး “ဆရာကြီး လာပါဦး
ဒီမှာ သီတာ ဘာဖြစ်မှန်း မသိဘူး” ဆိုတဲ့ အော်သံ ကြားရပြန်တယ်။ကျွန်တော် ဆရာမတွေနေတဲ့ အခန်းဘက်သွားလိုက်တော့ မူလတန်းပြဆရာမလေးသီတာ တက်သလိုဖြစ်ပြီး
ပါးစပ်က ပေါက်ကရတွေ ပြောနေတယ်။ သူက နောက်ဖေးမီးဖိုချောင်ဘက်ကို လက်ညှိုးတွေထိုးပြနေတယ်။ ပါးစပ်ကလည်း အံကြိတ်ထားတယ်။
ဆရာမလေးတွေကြောက်နေကြပြီ။ ကျွန်တော်ကလည်း ဒေါသထွက် သွားပြီး တပည့်လေး တစ်ယောက်ကို သွားစမ်း အခန်းထဲက ကြိမ်လုံးသွားယူစမ်း ..
ငါ့ကို ဘာမှတ်သလဲလို့ အော်လိုက်ရတယ်။“ငါ အစိုးရအမိန့်ပြန်ထားတယ်။ ငါ့ကို ဘာမှတ်သလဲ။ ဒီမှာလာပြီး ပြဿနာမရှာနဲ့။ သေသွားမယ်” ဆိုပြီး အော်လိုက်ရ တယ်။
တကယ်တော့ ဆရာမလေးတွေ မကြောက်အောင် ဟန်ကိုယ့်ဖို့ လုပ်လိုက်ရတာ။ ကိုယ်လည်း ဘာမှန်းသိတာတော့ မဟုတ်ဘူး။ တိုက်တိုက်ဆိုင်ဆိုင် သီတာလည်း သတိပြန်ရလာတယ်။
နောက်တစ်နေ့စောစော ကရင်တွေသစ်ခုတ်တဲ့ ဆင်ဝိုင်းကိုသွားရတယ်။ သူတို့ကို သွားပြီး အကူအညီတောင်း တော့
ဆင်ခေါင်းကြီးက “မပူနဲ့ဆရာကြီး ကျောင်းပိတ်တဲ့နေ့ ငါတို့ လာလုပ်ပေးမယ်” လို့ ကတိပေးလိုက်တယ်။ ကျောင်းပိတ်ရက်
မနက်စောစော ကရင်တစ်အုပ်စု ဆင်သုံးကောင်နဲ့ ရောက်လာတယ်။ သူတို့ကို ကျွန်တော်က ဘာလုပ်ပေးရမလဲမေးတော့ ဘာမှ မလုပ်ပေးနဲ့ဆိုပြီး
ညောင်ကိုင်းကြီးတွေကို သံကြိုးကြီးတွေ ပစ်တင်ပြီးပတ်၊ ဆင်တွေနဲ့ အားကုန်ဆွဲတော့တာပဲ။ ညောင်ကိုင်းတွေ တဖြောင်းဖြောင်းနဲ့ ကျိုးကုန်တော့တာပေါ့။
ပြီးတော့ သူတို့ ဆင်တွေနဲ့ပဲ ကျောင်းနောက်က ဘောလုံး ကွင်း ထဲကို သစ်ကိုင်းတွေ အားလုံး ယူသွားပြီး စုပုံပေးထားတယ်။ တမနက်တည်း လုပ်သွားတာပါဗျာ။
သူတို့ကို ကျေးဇူး တင်လိုက်တာ။ကျွန်တော်ကလည်း ညောင်ပင်ကို အမြစ်ကစပြီး ရှင်းမှရတော့မယ်ဆိုတာ သိနေတယ်။
ဒါနဲ့ ညောင်ပင် အောက်ခြေမှာ လှိုဏ်ပေါက်တစ်ခုရအောင် ကိုယ်တိုင်တူးရတယ်။ ခွေးတဝပ်စာလောက်ရတော့ အဲဒီ လှိုဏ်ခေါင်းထဲကို ကောက်ရိုးတွေ ထည့်ပြီး မီးရှို့ပါတော့တယ်။
ညောင်ပင်က အဆီတွေထွက်တော့ သူ့အဆီနဲ့သူ လောင်ချက်ကောင်းပေါ့။ ဒါပေမဲ့ မီးတောက်နဲ့ မီးခိုးမထွက်ဘူး။ ညဆိုရင် တစ်ပင်လုံးရဲပြီး အတွင်းက လှိုက်လောင်နေတာ ကြည့်လို့တောင် ကောင်းသေး။
ကျွန်တော့်ကိုတော့ ရွာက ဘွဲ့ပေးပါတယ်။ လူကြမ်းတော့ နတ်လည်း သူ့ကို လိုက်မကြမ်းနိုင်တော့ဘူးဆိုပြီး “နတ်ပြေးဆရာ” တဲ့။
မောင်ခေတ်
Zawgyi
“လူၾကမ္းေတာ့ နတ္ၾကမ္း မခံႏုိင္ (သုိ႔မဟုတ္) နတ္ေၾကာက္တဲ့ ေက်ာင္းဆရာတစ္ဦး”
ရြာမွာ ေက်ာင္းေဆာက္ဖို႔ ေနရာေရြးဆိုေတာ့ ေတာင္ဘက္က ေညာင္ပင္ေအာက္ ကြက္လပ္ပဲ အေကာင္းဆံုးလို႔ ျမင္ၾကတယ္။
ဒါေပမဲ့ အဲဒီေနရာ ေညာင္ပင္ႀကီးက ခံေနတယ္။ တကယ္လို႔ ေလတိုက္ၿပီး ေညာင္ကိုင္းက်ိဳး က်ရင္ ဆိုတာ ထည့္တြက္ ရတယ္။
ကၽြန္ေတာ္ကိုယ္တိုင္ကလည္း အဲဒီေနရာကို ႀကိဳက္တယ္။ ေက်ာင္းေဆာက္ရင္ တစ္ခုပဲရွိတယ္။ ေညာင္ပင္ကို ခုတ္ရမယ္။
ခက္တာက ေညာင္ပင္ဆိုရင္ နတ္စင္တင္လိုက္ေတာ့ ပိုၿပီး ျပႆနာ ႐ႈပ္တယ္။ ေညာင္ပင္ ခုတ္ရင္ သူတို႔ရြာက လာၿပီး ကိုးကြယ္ေနတဲ့
ေညာင္ေစာင့္နတ္နဲ႔ ကၽြန္ေတာ္ ျပႆနာ တက္ရမွာ။ေညာင္ပင္ဆိုလို႔ ေသးေသးေလးလို႔ မထင္လိုက္နဲ႔။ လူငါးေယာက္ဖက္စာေလာက္ ေအာက္ေျခကရွိတယ္။
ရြာတည္စ ေလာက္ကတည္းက သက္တမ္းရင့္ ေညာင္ပင္ႀကီး။ ဒုတိယကမၻာစစ္ကလည္း ဒီေညာင္ပင္ ေအာက္မွာ ဂ်ပန္ေတြက ဘက္နက္နဲ႔ထိုးၿပီး လူသတ္ခဲ့တဲ့ေနရာ။
ဒီေနရာကို ေၾကာက္ေနၾကတာလည္းအလြန္ပဲ။ ညဆိုရင္ သြားဖို႔ေနေနသာသာ ေန႔ခင္းေတာင္ အဲဒီေအာက္သြားၿပီး ေသးမေပါက္ရဲဘူး။
ေက်ာင္းလႊတ္ခ်ိန္ ဆိုရင္လည္း အရိပ္ေကာင္းေပမယ့္ ေက်ာင္းသားေတြ သြားၿပီးမကစားၾကဘူး။ ေျမကိုင္မွာ ေၾကာက္တယ္တဲ့။
ေနာက္ဆံုး အားလံုးေၾကာက္ေနတဲ့ ေညာင္ပင္ကို ကိုယ္က ဦးေဆာင္ခုတ္ဖို႔ ဆံုးျဖတ္လိုက္ရတယ္။ ရြာလူႀကီး ေတြက သူတို႔လည္း မလုပ္ရဲဘူး၊
အေျဖကလည္း မရွိဘူး၊ ကၽြန္ေတာ္ လုပ္မယ္ဆိုေတာ့လည္း မတားေတာ့ဘူး။ ေညာင္ပင္ ဘယ္သူခုတ္မလဲ ဆိုတာ ေၾကာင္ကို ျခဴ ဘယ္သူဆြဲေပးမလဲ ဆိုတာထက္ဆိုးေနၿပီ။
ကၽြန္ေတာ္က ခုတ္မယ္လို႔သာ ေျပာတာ သစ္ပင္ေတာင္ တက္တတ္တာမဟုတ္ဘူး။ ဒါနဲ႔ သစ္ပင္ခုတ္မယ့္သူရွာေတာ့ ခ်င္းလား၊ ကခ်င္လားမသိ
သူ႔ကိုရြာက လူး၀ါးလို႔ေခၚသူတစ္ေယာက္ ေရာက္လာတယ္။ သူက ပင္စည္ႀကီးကို ေတာ့ မခုတ္ႏိုင္ဘူး။ အကိုင္းေတြ အားလံုး ခုတ္ေပးမယ္။ ၂၀၀၀ ေတာင္းတယ္။
ကၽြန္ေတာ္ကလည္း ေပးမယ္ ဆိုၿပီး သေဘာတူေတာ့ ေနာက္တစ္ေန႔ လာခုတ္တယ္။သူက “ဆရာႀကီး … အမိန္႔ျပန္ေပးပါ” တဲ့။ ကၽြန္ေတာ္က ဘာမွန္းနားမလည္လိုက္ဘူး။
ဒီေတာ့ သူက “အပင္မွာ ေစာင့္ေနတဲ့ အေစာင့္ေတြ၊ မွီခိုေနတာေတြကို ဆရာတို႔ အစုိးရအမိန္႔နဲ႔ ႏွင္မွရတယ္။ အမိန္႔ျပန္တမ္း ေရး၊ ဖတ္ျပၿပီး ႏွင္ေပးပါ” တဲ့။
ကိုယ့္ထက္ဆရာက်တဲ့သူနဲ႔ ေတြ႔လိုက္ရလို႔ ေက်းဇူးတင္ၿပီး လုပ္ေပးမယ္လို႔ ေျပာ လိုက္ရတယ္။ သူက ႀကိဳးေတြ ပုဆိန္ေတြ၊ ဓားေတြအားလံုးကို ေညာင္ပင္မွာ ေထာင္လိုက္တယ္။
ၿပီးေတာ့ “ဆရာႀကီး အမိန္႔ ျပန္တမ္း ဖတ္ေတာ့” တဲ့။ ကၽြန္ေတာ္ကလည္း“အစိုးရအမိန္႔ … ဤေနရာသည္ေက်ာင္းပိုင္ ေျမေနရာျဖစ္သည္။ ေက်ာင္းသားမ်ားအတြက္
ေက်ာင္းေဆာင္ ေဆာက္ရမည္ ျဖစ္ေသာေၾကာင့္ ဤေညာင္ပင္ကို ခုတ္မည္ျဖစ္သျဖင့္ သင္တို႔ ဤအခ်ိန္မွစၿပီး သြားလိုရာ သြားႏိုင္ၿပီ။ ပံု ေက်ာင္းအုပ္ ဆရာႀကီး” ဆိုၿပီး
အသံျပင္းျပင္းဖတ္ေပးလိုက္ရတယ္။ လူး၀ါးက အမိန္႔စာကို ေတာင္းၿပီး ေညာင္ပင္မွာ သံနဲ႔ ကပ္႐ိုက္ လိုက္တယ္။
လူး၀ါး သစ္ကိုင္းႀကီးတစ္ခုကို ခုတ္ေနခ်ိန္မွာ ေညာင္ပင္ေခါင္းထဲက ထြက္လာတဲ့ ပုရြက္နီႀကီးေတြက နည္းနည္း ေနာေနာ မဟုတ္ဘူး။ လူး၀ါးလည္း ဆင္းေျပးရတယ္။
ဘယ္လိုမွ မတတ္ႏိုင္ဘူး။ ေနာက္တစ္ေန႔ လူး၀ါး မလာေတာ့ဘူး။ သူ႔တဲကို လိုက္ေခၚေတာ့ လူး၀ါး ဖ်ားေနၿပီ။
ရြာလူႀကီးေတြကလည္း ေၾကာက္ၿပီး ကၽြန္ေတာ့္ကို ဆက္မခုတ္ပါနဲ႔ေတာ့လို႔ ေျပာတယ္။ ကၽြန္ေတာ္ကလည္း ဘာျဖစ္ျဖစ္ ဆက္ခုတ္မယ္။ ရေအာင္ခုတ္မယ္လို႔ ေျပာလိုက္တယ္။
ညက်ေတာ့ ေက်ာင္းထဲက ကၽြန္ေတာ္တို႔ေနတဲ့ ဆရာတန္းလ်ားကို တစ္စံုတစ္ခုက လာၿပီး ၀င္တိုက္သလို သိမ့္ခနဲ …သိမ့္ခနဲ ျဖစ္သြားတယ္။
ဆရာမေလးေတြလည္း ေအာ္ၿပီးဆင္းေျပးၾကတယ္။ ဒီတန္းလ်ားႀကီးတစ္ခု လံုးကို လႈပ္သြား ေအာင္ ဆိုတာ ကၽြဲလို၊ ဆင္လိုအေကာင္ေတြ လာၿပီးတြန္းမွ လႈပ္မွာပါ။
ကၽြန္ေတာ္ ဓာတ္မီး ေတြနဲ႔ လိုက္ရွာေတာ့လည္း ဘာမွမေတြ႔ဘူး။ ဆရာမေလးေတြ သူတို႔အခန္း သူတို႔ျပန္ေနၿပီး မၾကာပါဘူး “ဆရာႀကီး လာပါဦး
ဒီမွာ သီတာ ဘာျဖစ္မွန္း မသိဘူး” ဆိုတဲ့ ေအာ္သံ ၾကားရျပန္တယ္။ကၽြန္ေတာ္ ဆရာမေတြေနတဲ့ အခန္းဘက္သြားလိုက္ေတာ့ မူလတန္းျပဆရာမေလးသီတာ တက္သလိုျဖစ္ၿပီး
ပါးစပ္က ေပါက္ကရေတြ ေျပာေနတယ္။ သူက ေနာက္ေဖးမီးဖိုေခ်ာင္ဘက္ကို လက္ညႇိဳးေတြထိုးျပေနတယ္။ ပါးစပ္ကလည္း အံႀကိတ္ထားတယ္။
ဆရာမေလးေတြေၾကာက္ေနၾကၿပီ။ ကၽြန္ေတာ္ကလည္း ေဒါသထြက္ သြားၿပီး တပည့္ေလး တစ္ေယာက္ကို သြားစမ္း အခန္းထဲက ႀကိမ္လံုးသြားယူစမ္း ..
ငါ့ကို ဘာမွတ္သလဲလို႔ ေအာ္လိုက္ရတယ္။“ငါ အစိုးရအမိန္႔ျပန္ထားတယ္။ ငါ့ကို ဘာမွတ္သလဲ။ ဒီမွာလာၿပီး ျပႆနာမရွာနဲ႔။ ေသသြားမယ္” ဆိုၿပီး ေအာ္လိုက္ရ တယ္။
တကယ္ေတာ့ ဆရာမေလးေတြ မေၾကာက္ေအာင္ ဟန္ကိုယ့္ဖို႔ လုပ္လိုက္ရတာ။ ကိုယ္လည္း ဘာမွန္းသိတာေတာ့ မဟုတ္ဘူး။ တိုက္တိုက္ဆိုင္ဆိုင္ သီတာလည္း သတိျပန္ရလာတယ္။
ေနာက္တစ္ေန႔ေစာေစာ ကရင္ေတြသစ္ခုတ္တဲ့ ဆင္၀ိုင္းကိုသြားရတယ္။ သူတို႔ကို သြားၿပီး အကူအညီေတာင္း ေတာ့
ဆင္ေခါင္းႀကီးက “မပူနဲ႔ဆရာႀကီး ေက်ာင္းပိတ္တဲ့ေန႔ ငါတို႔ လာလုပ္ေပးမယ္” လို႔ ကတိေပးလိုက္တယ္။ ေက်ာင္းပိတ္ရက္
မနက္ေစာေစာ ကရင္တစ္အုပ္စု ဆင္သံုးေကာင္နဲ႔ ေရာက္လာတယ္။ သူတို႔ကို ကၽြန္ေတာ္က ဘာလုပ္ေပးရမလဲေမးေတာ့ ဘာမွ မလုပ္ေပးနဲ႔ဆိုၿပီး
ေညာင္ကိုင္းႀကီးေတြကို သံႀကိဳးႀကီးေတြ ပစ္တင္ၿပီးပတ္၊ ဆင္ေတြနဲ႔ အားကုန္ဆြဲေတာ့တာပဲ။ ေညာင္ကိုင္းေတြ တေျဖာင္းေျဖာင္းနဲ႔ က်ိဳးကုန္ေတာ့တာေပါ့။
ၿပီးေတာ့ သူတို႔ ဆင္ေတြနဲ႔ပဲ ေက်ာင္းေနာက္က ေဘာလံုး ကြင္း ထဲကို သစ္ကိုင္းေတြ အားလံုး ယူသြားၿပီး စုပံုေပးထားတယ္။ တမနက္တည္း လုပ္သြားတာပါဗ်ာ။
သူတို႔ကို ေက်းဇူး တင္လိုက္တာ။ကၽြန္ေတာ္ကလည္း ေညာင္ပင္ကို အျမစ္ကစၿပီး ရွင္းမွရေတာ့မယ္ဆိုတာ သိေနတယ္။
ဒါနဲ႔ ေညာင္ပင္ ေအာက္ေျခမွာ လႈိဏ္ေပါက္တစ္ခုရေအာင္ ကိုယ္တိုင္တူးရတယ္။ ေခြးတ၀ပ္စာေလာက္ရေတာ့ အဲဒီ လႈိဏ္ေခါင္းထဲကို ေကာက္႐ိုးေတြ ထည့္ၿပီး မီး႐ႈိ႕ပါေတာ့တယ္။
ေညာင္ပင္က အဆီေတြထြက္ေတာ့ သူ႔အဆီနဲ႔သူ ေလာင္ခ်က္ေကာင္းေပါ့။ ဒါေပမဲ့ မီးေတာက္နဲ႔ မီးခိုးမထြက္ဘူး။ ညဆိုရင္ တစ္ပင္လံုးရဲၿပီး အတြင္းက လႈိက္ေလာင္ေနတာ ၾကည့္လို႔ေတာင္ ေကာင္းေသး။
ကၽြန္ေတာ့္ကိုေတာ့ ရြာက ဘြဲ႔ေပးပါတယ္။ လူၾကမ္းေတာ့ နတ္လည္း သူ႔ကို လိုက္မၾကမ္းႏိုင္ေတာ့ဘူးဆိုၿပီး “နတ္ေျပးဆရာ” တဲ့။
ေမာင္ေခတ္