Cele News

လမ်းဘေးတဲလေးမှာနေတဲ့ ၈၃နှစ်အရွယ်အဘွားကို စောင်၊ခြင်ထောင်နဲ့ ပိုက်ဆံ သွားရောက်လှူခဲ့တဲ့ ပိုပို

Written by Aung Lay

အႏုပညာေလာကထဲသို႔ ဝင္ေရာက္ခဲ့တာ ၾကာၿပီျဖစ္တဲ့ အဆိုေတာ္ပိုပိုကေတာ့ ေအာင္ျမင္တဲ့ဘအႏုပညာရွင္တစ္ေယာက္အျဖစ္ ရပ္တည္လ်က္ရွိပါတယ္။သူမအေနနဲ႔ လူငယ္ႀကိဳက္ သီခ်င္းေလးေတြနဲ႔ ပရိတ္သတ္ရင္ထဲကို စတင္ဝင္ေရာက္လာခဲ့ၿပီး ပရိတ္သတ္အသိအမွတ္ျပဳတဲ့ ႏိုင္ငံေက်ာ္အဆိုေတာ္တစ္​ေယာက္အျဖစ္ ရပ္တည္လာခဲ့တာ ၾကာခဲ့ပါၿပီ။

ကိုယ္ပိုင္သံစဥ္ေလးေတြနဲ႔ ဖမ္းစားတတ္တဲ့ ပိုပိုကေတာ့ ေၾကာ္ျငာမ်ားလည္း လက္ခံ႐ိုက္ကူးလ်က္ရွိပါတယ္။ယခုလို ကိုဗစ္ကာလမွာေတာ့ သူမအေနနဲ႔ တတ္ႏိုင္သ၍ လႉဒါန္းမႈေလးေတြ လုပ္ေဆာင္လ်က္ရွိပါတယ္။ယေန႔မွာေတာ့ အဆိုေတာ္ပိုပိုတစ္ေယာက္ လမ္းေဘးတဲေလးမွာ တစ္ကိုယ္တည္းေနထိုင္ေနတဲ့ ၈၃ႏွစ္အ႐ြယ္ အဘြားတစ္ေယာက္ကို သြားေရာရ္လႉဒါန္းျဖစ္တဲ့ အေၾကာင္း ​မွ်ေဝလာခဲ့ပါတယ္။

သူမရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာမွ တစ္ဆင့္ “ဒီေန႔ လမ္းေဘးမွာ တဲေလးနဲ႔ေနတဲ့ အသက္ ၈၃ ႏွစ္အဘြားကို ေခါင္းအုံး၊ေစာင္၊ျခင္ေထာင္ ထဘီနဲ႔ ပိုက္ဆံအျပင္ အဘြားတဲေလးကို ျပင္ေပးဖို႔ ပိုက္ဆံလႉခဲ့ပါတယ္ယခု ျပဳရ ကုသလေၾကာင့္ ကူးစက္ေရာဂါမ်ားေပ်ာက္ကင္းၾကပါေစ ( ဒီအဘြား က သားသမီးမရွိ ပါဘူးရွင့္ တစ္ေယာက္တည္းေနတာပါ သဘာဝရိပ္သာ ,ဆည္းဆာ ရိပ္တို႔လို ေနရာမ်ိဴးမွာ ေနရမယ္ဆို ေနခ်င္ပါတယ္တဲ့ ကူညီေပးၾကပါဦးရွင့္)”ဆိုၿပီး အလႉပုံရိပ္ေလးေတြကို မွ်ေဝလာခဲ့ပါတယ္။

Source ; Po Po `Fb

Unicode

အနုပညာလောကထဲသို့ ဝင်ရောက်ခဲ့တာ ကြာပြီဖြစ်တဲ့ အဆိုတော်ပိုပိုကတော့ အောင်မြင်တဲ့ဘအနုပညာရှင်တစ်ယောက်အဖြစ် ရပ်တည်လျက်ရှိပါတယ်။သူမအနေနဲ့ လူငယ်ကြိုက် သီချင်းလေးတွေနဲ့ ပရိတ်သတ်ရင်ထဲကို စတင်ဝင်ရောက်လာခဲ့ပြီး ပရိတ်သတ်အသိအမှတ်ပြုတဲ့ နိုင်ငံကျော်အဆိုတော်တစ်ယောက်အဖြစ် ရပ်တည်လာခဲ့တာ ကြာခဲ့ပါပြီ။

ကိုယ်ပိုင်သံစဉ်လေးတွေနဲ့ ဖမ်းစားတတ်တဲ့ ပိုပိုကတော့ ကြော်ငြာများလည်း လက်ခံရိုက်ကူးလျက်ရှိပါတယ်။ယခုလို ကိုဗစ်ကာလမှာတော့ သူမအနေနဲ့ တတ်နိုင်သ၍ လှူဒါန်းမှုလေးတွေ လုပ်ဆောင်လျက်ရှိပါတယ်။ယနေ့မှာတော့ အဆိုတော်ပိုပိုတစ်ယောက် လမ်းဘေးတဲလေးမှာ တစ်ကိုယ်တည်းနေထိုင်နေတဲ့ ၈၃နှစ်အရွယ် အဘွားတစ်ယောက်ကို သွားရောရ်လှူဒါန်းဖြစ်တဲ့ အကြောင်း မျှဝေလာခဲ့ပါတယ်။

သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှ တစ်ဆင့် “ဒီနေ့ လမ်းဘေးမှာ တဲလေးနဲ့နေတဲ့ အသက် ၈၃ နှစ်အဘွားကို ခေါင်းအုံး၊စောင်၊ခြင်ထောင် ထဘီနဲ့ ပိုက်ဆံအပြင် အဘွားတဲလေးကို ပြင်ပေးဖို့ ပိုက်ဆံလှူခဲ့ပါတယ်ယခု ပြုရ ကုသလကြောင့် ကူးစက်ရောဂါများပျောက်ကင်းကြပါစေ ( ဒီအဘွား က သားသမီးမရှိ ပါဘူးရှင့် တစ်ယောက်တည်းနေတာပါ သဘာဝရိပ်သာ ,ဆည်းဆာ ရိပ်တို့လို နေရာမျိူးမှာ နေရမယ်ဆို နေချင်ပါတယ်တဲ့ ကူညီပေးကြပါဦးရှင့်)”ဆိုပြီး အလှူပုံရိပ်လေးတွေကို မျှဝေလာခဲ့ပါတယ်။

Source ; Po Po `Fb

About the author

Aung Lay

Leave a Comment