News

လက်ရှိပညာသင်နှစ် တနှစ်လုံးမပိတ်သေး၊ ကိုဗစ်ထိန်းချုပ်နိုင်ပါက ကျောင်းများ ချက်ချင်းပြန်ဖွင့်သွားမည်

Written by Aung Lay

လက္ရွိ ပညာသင္ႏွစ္ တႏွစ္လုံး မပိတ္ေသး၊ ကိုဗစ္ထိန္းခ်ဳပ္ႏိုင္ပါက ေက်ာင္းမ်ား ခ်က္ခ်င္း ျပန္ဖြင့္သြားမည္

ကိုဗစ္ကပ္႐ိုက္ခတ္မႈေၾကာင့္ တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ စာသင္ေက်ာင္းေတြကို ပိတ္ထားေပမယ့္

ေနအိမ္ေတြကေနသင္ၾကားတဲ့စနစ္နဲ႔ ဆက္လက္သင္ယူႏိုင္ဖို႔႐ုပ္သံလိုင္းေတြ၊ ေရဒီယိုေတြ ၊ အြန္လိုင္းပလက္ေဖာင္းကတဆင့္ သင္ခန္းစာေတြပို႔ခ်ထုတ္လႊင့္သြားဖို႔ စီစဥ္ေနတယ္လို႔အေျခခံပညာဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္းက ေျပာပါတယ္။

လက္ရွိမွာလည္း Education ႐ုပ္သံလိုင္းကေန သင္ခန္းစာအခ်ိဳ႕ပို႔ခ်ထုတ္လႊင့္တာေတြကိုလုပ္ေနသလို မၾကာခင္ကာလမွာ ႏိုင္ငံပိုင္ ႐ုပ္သံလိုင္းေတြျဖစ္တဲ့ ျမန္မာ့အသံ၊ ျမဝတီစတဲ့ ႐ုပ္သံလိုင္းေတြနဲ႔ပုဂၢလိက႐ုပ္သံလိုင္းေတြမွာ သင္ခန္းစာအသစ္ေတြထုတ္လႊင့္ႏိုင္ဖို႔စီစဥ္ေနတယ္လို႔သိရပါတယ္။

“အဓိက ကေလးေတြသင္ယူခြင့္ အခြင့္အေရးမဆုံးရႈံးေစေရးဆိုတဲ့ မူဝါဒအရHome based -learning လုပ္မယ္ မူလတန္း၊အလယ္တန္း၊ အထက္တန္းအတြက္ ဒစ္ဂ်စ္တယ္သင္ခန္းစာေတြကို သက္ဆိုင္ရာဌာန ေတြနဲ႔ မၾကာခင္႐ိုက္ထုတ္မယ္။အခုေလာေလာဆယ္ေတာ့Grade 11 က႐ိုက္ၿပီးသားသင္ခန္းစာေတြ ကိုလည္း လႊင့္မယ္။

ဒါက ကာလတိုအတြက္ေရာ ကာလရွည္အတြက္ေရာရည္႐ြယ္ပါတယ္။” လို႔ ဦးကိုေလးဝင္းက ေျပာပါတယ္။

ပုံမွန္ ပညာသင္ႏွစ္ကို ဇြန္ ၁ ရက္ေန႔မွာ စတင္ဖြင့္လွစ္ရတာျဖစ္ေပမယ့္ ဒီႏွစ္မွာေတာ့ကိုဗစ္ကပ္ေၾကာင့္ အထက္တန္းေတြကို ဇူလိုင္ ၂၁ ရက္မွ စဖြင့္လွစ္ခဲ့ၿပီး ၾသဂုတ္လအတြင္းမွာျပန္ပိတ္ခဲ့ရတာ ျဖစ္ပါတယ္။ ပညာသင္ႏွစ္အျဖစ္ ၁၀ လတာကာလကို သင္ၾကားရတာ ျဖစ္ေပမယ့္ဒီႏွစ္အတြက္ ေအာက္တိုဘာလအထိ ပိတ္ထားရတာျဖစ္ၿပီး ပုံမွန္ သင္ၾကားေရးကာလ ၅ လတာသာက်န္ေတာ့တာ ျဖစ္ေပမယ့္ အခုခ်ိန္ထိ ၂၀၂၀-၂၀၂၁ ပညာသင္ႏွစ္တစ္ႏွစ္လုံးကို ပိတ္လိုက္တာမဟုတ္ေသးဘူးလို႔အေျခခံပညာ ဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ဦးကိုေလးဝင္းက ေျပာပါတယ္။

“အခု စာသင္ကာလက ၅ လတာပဲ က်န္ေတာ့တယ္ဆိုေပမယ့္ ကိုဗစ္ထိန္းခ်ဳပ္ေရးအေျခအေန ေကာင္းလို႔ရွိရင္ က်န္တဲ့ ၅လတာမွာ လိုအပ္ရင္ ပိတ္ရက္ေတြကိုပါ ယူၿပီးသင္မလား။ ဒါကလည္း အခုထိ ေျပာမရေသးဘူး။

ကပ္ေရာဂါအေျခအေနေပၚ မူတည္ၿပီး ႏိုင္ငံေတာ္အဆင့္က ဆုံးျဖတ္ရမွာ ျဖစ္တယ္။ သင္ယူဖို႔ အခြင့္အေရးမရွိရင္သင္ယူခ်င္စိတ္ေတြပါ ေပ်ာက္သြား လိမ့္မယ္။ ပညာသင္ႏွစ္က ရွိသည္ျဖစ္ေစ မရွိသည္ ျဖစ္ေစသင္ယူဖို႔ကေတာ့ ေပ်ာက္သြားလို႔ မျဖစ္ဘူး။ ဒါေၾကာင့္ ဘယ္လိုပဲျဖစ္ျဖစ္ ေလ့လာလို႔ ရသေလာက္ေတာ့ဘယ္လိုနည္းလမ္းပဲျဖစ္ျဖစ္ ဆက္ၿပီး ေဆာင္႐ြက္သင့္တယ္။” လို႔လည္း ဦးကိုေလးဝင္းက အႀကံျပဳပါ တယ္။

တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ ေက်ာင္းေတြကို ကိုဗစ္ကပ္ေဂါရာဂါေၾကာင့္ယာယီပိတ္ထားကာကပ္ေရာဂါ ျဖစ္ပြားမႈအေျခအေနကို ထိန္းခ်ဳပ္ႏိုင္ၿပီဆိုပါကေက်ာင္းေတြျပန္ဖြင့္သြားမွာ ျဖစ္တယ္လို႔ ပညာေရးဝန္ႀကီး ဌာနက ေနသိရပါတယ္။

Unicode

လက်ရှိ ပညာသင်နှစ် တနှစ်လုံး မပိတ်သေး၊ ကိုဗစ်ထိန်းချုပ်နိုင်ပါက ကျောင်းများ ချက်ချင်း ပြန်ဖွင့်သွားမည်

ကိုဗစ်ကပ်ရိုက်ခတ်မှုကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စာသင်ကျောင်းတွေကို ပိတ်ထားပေမယ့်

နေအိမ်တွေကနေသင်ကြားတဲ့စနစ်နဲ့ ဆက်လက်သင်ယူနိုင်ဖို့ရုပ်သံလိုင်းတွေ၊ ရေဒီယိုတွေ ၊ အွန်လိုင်းပလက်ဖောင်းကတဆင့် သင်ခန်းစာတွေပို့ချထုတ်လွှင့်သွားဖို့ စီစဉ်နေတယ်လို့အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောပါတယ်။

လက်ရှိမှာလည်း Education ရုပ်သံလိုင်းကနေ သင်ခန်းစာအချို့ပို့ချထုတ်လွှင့်တာတွေကိုလုပ်နေသလို မကြာခင်ကာလမှာ နိုင်ငံပိုင် ရုပ်သံလိုင်းတွေဖြစ်တဲ့ မြန်မာ့အသံ၊ မြဝတီစတဲ့ ရုပ်သံလိုင်းတွေနဲ့ပုဂ္ဂလိကရုပ်သံလိုင်းတွေမှာ သင်ခန်းစာအသစ်တွေထုတ်လွှင့်နိုင်ဖို့စီစဉ်နေတယ်လို့သိရပါတယ်။

“အဓိက ကလေးတွေသင်ယူခွင့် အခွင့်အရေးမဆုံးရှုံးစေရေးဆိုတဲ့ မူဝါဒအရHome based -learning လုပ်မယ် မူလတန်း၊အလယ်တန်း၊ အထက်တန်းအတွက် ဒစ်ဂျစ်တယ်သင်ခန်းစာတွေကို သက်ဆိုင်ရာဌာန တွေနဲ့ မကြာခင်ရိုက်ထုတ်မယ်။အခုလောလောဆယ်တော့Grade 11 ကရိုက်ပြီးသားသင်ခန်းစာတွေ ကိုလည်း လွှင့်မယ်။

ဒါက ကာလတိုအတွက်ရော ကာလရှည်အတွက်ရောရည်ရွယ်ပါတယ်။” လို့ ဦးကိုလေးဝင်းက ပြောပါတယ်။

ပုံမှန် ပညာသင်နှစ်ကို ဇွန် ၁ ရက်နေ့မှာ စတင်ဖွင့်လှစ်ရတာဖြစ်ပေမယ့် ဒီနှစ်မှာတော့ကိုဗစ်ကပ်ကြောင့် အထက်တန်းတွေကို ဇူလိုင် ၂၁ ရက်မှ စဖွင့်လှစ်ခဲ့ပြီး သြဂုတ်လအတွင်းမှာပြန်ပိတ်ခဲ့ရတာ ဖြစ်ပါတယ်။ ပညာသင်နှစ်အဖြစ် ၁၀ လတာကာလကို သင်ကြားရတာ ဖြစ်ပေမယ့်ဒီနှစ်အတွက် အောက်တိုဘာလအထိ ပိတ်ထားရတာဖြစ်ပြီး ပုံမှန် သင်ကြားရေးကာလ ၅ လတာသာကျန်တော့တာ ဖြစ်ပေမယ့် အခုချိန်ထိ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တစ်နှစ်လုံးကို ပိတ်လိုက်တာမဟုတ်သေးဘူးလို့အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးကိုလေးဝင်းက ပြောပါတယ်။

“အခု စာသင်ကာလက ၅ လတာပဲ ကျန်တော့တယ်ဆိုပေမယ့် ကိုဗစ်ထိန်းချုပ်ရေးအခြေအနေ ကောင်းလို့ရှိရင် ကျန်တဲ့ ၅လတာမှာ လိုအပ်ရင် ပိတ်ရက်တွေကိုပါ ယူပြီးသင်မလား။ ဒါကလည်း အခုထိ ပြောမရသေးဘူး။

ကပ်ရောဂါအခြေအနေပေါ် မူတည်ပြီး နိုင်ငံတော်အဆင့်က ဆုံးဖြတ်ရမှာ ဖြစ်တယ်။ သင်ယူဖို့ အခွင့်အရေးမရှိရင်သင်ယူချင်စိတ်တွေပါ ပျောက်သွား လိမ့်မယ်။ ပညာသင်နှစ်က ရှိသည်ဖြစ်စေ မရှိသည် ဖြစ်စေသင်ယူဖို့ကတော့ ပျောက်သွားလို့ မဖြစ်ဘူး။ ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် လေ့လာလို့ ရသလောက်တော့ဘယ်လိုနည်းလမ်းပဲဖြစ်ဖြစ် ဆက်ပြီး ဆောင်ရွက်သင့်တယ်။” လို့လည်း ဦးကိုလေးဝင်းက အကြံပြုပါ တယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းတွေကို ကိုဗစ်ကပ်ဂေါရာဂါကြောင့်ယာယီပိတ်ထားကာကပ်ရောဂါ ဖြစ်ပွားမှုအခြေအနေကို ထိန်းချုပ်နိုင်ပြီဆိုပါကကျောင်းတွေပြန်ဖွင့်သွားမှာ ဖြစ်တယ်လို့ ပညာရေးဝန်ကြီး ဌာနက နေသိရပါတယ်။

Credit

About the author

Aung Lay

Leave a Comment