Cele News

N 95 Maskတွေကို ကြားပွဲစားလုပ်စားနေတယ်လို့ အပုပ်ချဝေဖန်မှုကြုံနေရတဲ့ ချစ်သုဝေ

Written by Aung Lay




Source ; Chit Thu Wai ` Fb

Unicode

ပရိတ်သတ်ကြီးတို့ သိထားကြတဲ့ ချစ်သုဝေတစ်ယောက်ကတော့ အမည်မဖော်လိုတဲ့ လူတစ်ယောက်ရဲ့ အပုပ်ချဝေဖန်မှုကို ခံနေရကြောင်း မျှဝေလာပါတယ်။ဝန်ကြီးဌာနအတွက်
N95Maskတွေကို ကြားပွဲစားလုပ်နေတယ်လို့ ဝေဖန်မှုကို ချစ်သုဝေကတော့ မဆိုင်းမတွ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ချစ်သုဝေ ကတော့ ခေတ်သစ်ဖောင်ဒေးရှင်း ကို တည်ထောင်ကာ ပရဟိတလုပ်ငန်းတွေကို လုပ်ကိုင်နေသူတစ်ယောက်လည်း ဖြစ်ပါတယ်။

သူမကို ဝေဖန်အပုပ်ချနေတာနဲ့ ပက်သက်ပြီး”ဆရာဝန်အဆိုတော်celeဆိုတာ ဘယ်သူတုန်း???🤔ကိုယ်တိုင်လည်းသိပ်သိချင်နေပါတယ် သို့မဟုတ်ရင် သို့လော သို့လောတွေနဲ့ အထင်မခံနိုင်ပါ ရေးသူ တင်သူ မထိခလုတ် ထိခလုတ်လုပ်လိုသူတွေ နာမည်တပ်ပြီး တည့်တည့်ရေး ရှင်းရှင်းရေး ချက်နဲ့လက်နဲ့ အထောက်နဲ့အထားနဲ့ရေးပါ..Messenger ထဲ ကိုယ့်ဆရာ ဆရာမတွေ သူငယ်ချင်းတွေက စိတ်အနှောက်အယှက်မဖြစ်နဲ့ သမီးလုပ်နေတဲ့ကောင်းတဲ့အလုပ်တွေ ဆက်မလုပ်ချင်မှာစိုးတယ် စိတ်မကောင်းမဖြစ်ဖို့တွေပြောပြီးပြတော့မှ(သူတို့တွေကိုလည်း အဲ့ဒါ ချစ်သုဝေ ကိုပြောတာလား? လာလာမေးကြလို့ သိတာ..နို့မဟုတ် မအားကြပါ dutyဆင်းနေရတာနဲ့ )…စိတ်သာချ”

“အပုပ်ချ မကောင်းကြံတာတွေအတွက် ကောင်းတာလုပ်နေတာတွေတော့ ဘယ်တော့မှရပ်မှာမဟုတ်..ကိုယ့်ဘာသာတောင် N95အစစ်အတုတွေကြားမျက်စိလည်ပြီး ရှေ့ရက်ကမှ စိတ်ချရပြီး ကိုယ်တိုင်လည်း ဝယ်လှူနေတဲ့ ဆရာဝန်အသိမမ ဆီက 200လောက်ရလိုက် ရရချင်း ပြေးလှူလိုက်နဲ့ ခက်ခက်ခဲခဲရှာဝယ် ပြီးလှူ နေရတဲ့အထဲ..အကုသိုလ်တွေနော်..”ဆိုပြီး အပုပ်ချဝေဖန်သူကို တင်ထားတဲ့ စာနဲ့ အတူ မျှဝေလာခဲ့ပါတယ်။

Source ; Chit Thu Wai ` Fb

About the author

Aung Lay

Leave a Comment