Cele News

လွန်ခဲ့တဲ့ ၁၃ နှစ် က ဆယ်ပေကျော် အခန်းထဲမှာနေပြီးအနှိမ်ခံရမှုတွေ ၊ စွန့်လွတ်စွန့်စားမှုတွေ ကို ပြောပြလာတဲ့ ဒီဇိုင်နာမျိုးမင်းစိုး

Written by Aung Lay

လြန္ ခဲ့ တဲ့၁၃ႏွစ္ ကဆယ္ေပေက်ာ္ အခန္း ထဲမွာေနၿပီးအႏွိမ္ခံ ရမႈေတြ၊ စြန႔္လြတ္ စြန႔္စားမႈေတြ ကို ေျပာျပလာတဲ့ဒီဇိုင္နာမ်ိဳးမင္းစိုး

လြန္ခဲ့ တဲ့၁၃ႏွစ္ကဆယ္ေပေက်ာ္အခန္းထဲမွာေနၿပီးအႏွိမ္ခံရမႈေတြ၊စြန႔္လြတ္စြန႔္စားမႈေတြကို ေျပာျပလာတဲ့ ဒီဇိုင္နာမ်ိဳးမင္းစိုး။ ျမန္မာနိုင္ငံရဲ႕နာမည္ႀကီးဒီဇိုင္နာတစ္ေယာက္ျဖစ္တဲ့ဒီဇိုင္နာမ်ိဳးမင္းစိုးဟာယခုမွာ ေၾကာ္ျငာရိုက္ကူးေရးေတြသာမကအလႉအတန္းရက္ေရာသူတစ္ေယာက္ဆိုလည္းမမွားပါဘူးေနာ္။ဒီလိုမ်ိဳးေအာင္ျမင္ဖို႔လြယ္လြယ္နဲ႔ဒီေနရာကိုရရွိခဲ့တာမဟုတ္ဘဲဘာမွမရွိတဲ့ဘဝကေန ဒီဇိုင္နာအလုပ္ကိုစလုပ္ခဲ့ၿပီးေတာ့လြန္ခဲ့တဲ့(၁၃)ႏွစ္ကတည္းကခက္ခဲတဲ့ခရီးၾကမ္းႀကီးကိုေလွ်ာက္လွမ္းခဲ့ရေၾကာင္းမွ်ေဝလာပါတယ္ေနာ္။

မ်ိဳးမင္းစိုးကဒီေန႔၁၀.၇.၂၀၂၀ရက္ေန႔ေလးကေတာ့ဒီဇိုင္နာမ်ိဳးမင္းစိုးဆိုင္ေလးကိုဖြင့္ခဲ့တာ(၁၃)ႏွစ္တိတိျပည့္တဲ့ေန႔ေလးပါ။အတိုက္အခိုက္အခက္အခဲေတြအမ်ားႀကီးကိုေက်ာ္လႊားခဲ့ရတာေၾကာင့္လြန္ခဲ့တဲ့(၁၃)ႏွစ္ကိုျပန္စဥ္းစားၾကည့္လိုက္တိုင္းဝမ္းသာသလိုလိုဝမ္းနည္းသလိုလို စိတ္ေမာစြာခံစားရပါတယ္တဲ့။ဒီကာလေတြထဲမွာ အႏွိမ္ခံရတာေတြ၊ ေန႔မအိပ္ညမအိပ္ႀကိဳးစားခဲ့ရတာေတြ၊ စြန႔္စားမႈေတြမ်ားစြာနဲ႔ဘဝကို႐ုန္းကန္ခဲ့ရပါတယ္။လူေတြရဲ႕မေကာင္းတဲ့စရိုက္အမ်ိဳးမ်ိဳးကိုအမ်ားႀကီးေတြ႕ႀကဳံခဲ့ရသလိုစိတ္မေကာင္းမျဖစ္မိေအာင္ႀကိဳးစားၿပီးေနခဲ့ရပါတယ္။စိတ္ရင္းအတိုင္းအက်ိဳးေပးတယ္ဆိုတာလက္ေတြ႕ခံယူထားသူမို႔သူမ်ားအေပၚမွာစိတ္ယုတ္မာမေမြးခဲ့ဘဲအလုပ္မ်ားစြာ လုပ္ခဲ့ပါတယ္။

၁၀ ေပေက်ာ္အခန္းက်ဥ္းေလးထဲမွာဒီဇိုင္နာဘဝကိုစတင္ရင္းတစ္ခါတစ္ခါစားစရာျပတ္လို႔ေတာင္အိမ္ကလွမ္းေတာင္းခဲ့ရတာေတြ ျပန္စဥ္းစားမိတိုင္းမေန႔တေန႔ကလိုရင္ေမာေနစဲပါပဲ။အခုလိုေအာင္ျမင္လာဖို႔မခံခ်င္စိတ္နဲ႔အလုပ္ေတြႀကိဳးစားျဖစ္ေအာင္လုပ္ေပးခဲ့သူတိုင္းက သူ႕ရဲ႕ေက်းဇူးရွင္ေတြပဲမို႔ယေန႔အခ်ိန္ထိ ေန႔စဥ္ေမတၱာပို႔ေပးလ်က္ပါတဲ့ဆိုၿပီးေျပာၾကားခဲ့တာပါေနာ္။ဒီဇိုင္နာမ်ိဳးမင္းစိုးကေတာ့လြန္ခဲ့တဲ့(၁၃)ႏွစ္ကအေျခအေနနဲ႔ဒီေန႔အေျခအေနမတူညီေတာ့သလို ေနာက္(၁၃)ႏွစ္ေရာက္ရင္လည္း အခုထက္ေအာင္ျမင္ေအာင္ ႀကိဳးစား႐ုန္းကန္သြားဦးမွာ အမွန္ပါေနာ္။

ႀကိဳးစား႐ုန္းကန္ရင္းနဲ႔မိဘကိုအခုထက္ပိုၿပီးအလုပ္အေကြၽးျပဳသြားမယ့္အျပင္အလႉေရစက္လက္နဲ႔မကြာလႉဒါန္းနိုင္ဖို႔ရိုးသားႀကိဳးစားစြာနဲ႔အလုပ္ေတြအမ်ားႀကီးလုပ္သြားဦးမယ့္အေၾကာင္းကိုလည္းမွ်ေဝခဲ့တာျဖစ္ပါတယ္ေနာ္။

Unicode

လွန် ခဲ့ တဲ့၁၃နှစ် ကဆယ်ပေကျော် အခန်း ထဲမှာနေပြီးအနှိမ်ခံ ရမှုတွေ၊ စွန့်လွတ် စွန့်စားမှုတွေ ကို ပြောပြလာတဲ့ဒီဇိုင်နာမျိုးမင်းစိုး

လွန်ခဲ့ တဲ့၁၃နှစ်ကဆယ်ပေကျော်အခန်းထဲမှာနေပြီးအနှိမ်ခံရမှုတွေ၊စွန့်လွတ်စွန့်စားမှုတွေကို ပြောပြလာတဲ့ ဒီဇိုင်နာမျိုးမင်းစိုး။ မြန်မာနိုင်ငံရဲ့နာမည်ကြီးဒီဇိုင်နာတစ်ယောက်ဖြစ်တဲ့ဒီဇိုင်နာမျိုးမင်းစိုးဟာယခုမှာ ကြော်ငြာရိုက်ကူးရေးတွေသာမကအလှူအတန်းရက်ရောသူတစ်ယောက်ဆိုလည်းမမှားပါဘူးနော်။ဒီလိုမျိုးအောင်မြင်ဖို့လွယ်လွယ်နဲ့ဒီနေရာကိုရရှိခဲ့တာမဟုတ်ဘဲဘာမှမရှိတဲ့ဘဝကနေ ဒီဇိုင်နာအလုပ်ကိုစလုပ်ခဲ့ပြီးတော့လွန်ခဲ့တဲ့(၁၃)နှစ်ကတည်းကခက်ခဲတဲ့ခရီးကြမ်းကြီးကိုလျှောက်လှမ်းခဲ့ရကြောင်းမျှဝေလာပါတယ်နော်။

မျိုးမင်းစိုးကဒီနေ့၁၀.၇.၂၀၂၀ရက်နေ့လေးကတော့ဒီဇိုင်နာမျိုးမင်းစိုးဆိုင်လေးကိုဖွင့်ခဲ့တာ(၁၃)နှစ်တိတိပြည့်တဲ့နေ့လေးပါ။အတိုက်အခိုက်အခက်အခဲတွေအများကြီးကိုကျော်လွှားခဲ့ရတာကြောင့်လွန်ခဲ့တဲ့(၁၃)နှစ်ကိုပြန်စဉ်းစားကြည့်လိုက်တိုင်းဝမ်းသာသလိုလိုဝမ်းနည်းသလိုလို စိတ်မောစွာခံစားရပါတယ်တဲ့။ဒီကာလတွေထဲမှာ အနှိမ်ခံရတာတွေ၊ နေ့မအိပ်ညမအိပ်ကြိုးစားခဲ့ရတာတွေ၊ စွန့်စားမှုတွေများစွာနဲ့ဘဝကိုရုန်းကန်ခဲ့ရပါတယ်။လူတွေရဲ့မကောင်းတဲ့စရိုက်အမျိုးမျိုးကိုအများကြီးတွေ့ကြုံခဲ့ရသလိုစိတ်မကောင်းမဖြစ်မိအောင်ကြိုးစားပြီးနေခဲ့ရပါတယ်။စိတ်ရင်းအတိုင်းအကျိုးပေးတယ်ဆိုတာလက်တွေ့ခံယူထားသူမို့သူများအပေါ်မှာစိတ်ယုတ်မာမမွေးခဲ့ဘဲအလုပ်များစွာ လုပ်ခဲ့ပါတယ်။

၁၀ ပေကျော်အခန်းကျဉ်းလေးထဲမှာဒီဇိုင်နာဘဝကိုစတင်ရင်းတစ်ခါတစ်ခါစားစရာပြတ်လို့တောင်အိမ်ကလှမ်းတောင်းခဲ့ရတာတွေ ပြန်စဉ်းစားမိတိုင်းမနေ့တနေ့ကလိုရင်မောနေစဲပါပဲ။အခုလိုအောင်မြင်လာဖို့မခံချင်စိတ်နဲ့အလုပ်တွေကြိုးစားဖြစ်အောင်လုပ်ပေးခဲ့သူတိုင်းက သူ့ရဲ့ကျေးဇူးရှင်တွေပဲမို့ယနေ့အချိန်ထိ နေ့စဉ်မေတ္တာပို့ပေးလျက်ပါတဲ့ဆိုပြီးပြောကြားခဲ့တာပါနော်။ဒီဇိုင်နာမျိုးမင်းစိုးကတော့လွန်ခဲ့တဲ့(၁၃)နှစ်ကအခြေအနေနဲ့ဒီနေ့အခြေအနေမတူညီတော့သလို နောက်(၁၃)နှစ်ရောက်ရင်လည်း အခုထက်အောင်မြင်အောင် ကြိုးစားရုန်းကန်သွားဦးမှာ အမှန်ပါနော်။

ကြိုးစားရုန်းကန်ရင်းနဲ့မိဘကိုအခုထက်ပိုပြီးအလုပ်အကျွေးပြုသွားမယ့်အပြင်အလှူရေစက်လက်နဲ့မကွာလှူဒါန်းနိုင်ဖို့ရိုးသားကြိုးစားစွာနဲ့အလုပ်တွေအများကြီးလုပ်သွားဦးမယ့်အကြောင်းကိုလည်းမျှဝေခဲ့တာဖြစ်ပါတယ်နော်။

Credit

About the author

Aung Lay

Leave a Comment