News

ကိုဗစ်ကာကွယ်ဆေး သန်း၂၀၀၀ ဖြန့်ဝေပေးမည့် WHO ၏ ( ၉၂ ) နိုင်ငံအစီအစဉ်တွင် မြန်မာနိုင်ငံပါဝင်

Written by Aung Lay

ကိုဗစ္ကာကြယ္ေဆး သန္း၂၀၀၀ ျဖန႔္ေဝေပးမည့္ WHO ၏ (၉၂)ႏိုင္ငံအစီအစဥ္တြင္ ျမန္မာႏိုင္ငံပါဝင္

COVID-19 ကပ္ေရာဂါျဖစ္ပြားမႈကို အျမန္ဆုံးထိန္းခ်ဳပ္ႏိုင္ရန္အတြက္ သိပၸံပညာရွင္မ်ားမွ လာမည့္ႏွစ္တြင္ လုံၿခဳံစိတ္ခ်ရၿပီး ထိေရာက္ေသာ ကာကြယ္ေဆးကို ထုတ္လုပ္ရန္ အၿပိဳင္အဆိုင္အားထုတ္ႀကိဳးပမ္းလ်က္ရွိေနၿပီး လာမည့္ႏွစ္တြင္ WHO မွ ကာကြယ္ေဆး သန္း( ၂၀၀၀ ) ျဖန႔္ေဝေပးမည့္ အစီအစဥ္ရွိေနၿပီး အဆိုပါအဖြဲ႕ဝင္ႏိုင္ငံမ်ားတြင္ ျမန္မာႏိုင္ငံပါဝင္ေၾကာင္းက်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးမွ ေျပာၾကားခဲ့ပါသည္။

COVAX အဖြဲ႕အစည္းသည္ ကာကြယ္ေဆးထိုးစီမံခ်က္၊ ကာကြယ္ေဆးထိုးလုပ္ငန္းမ်ားႏွင့္ဆိုင္ေသာ အဖြဲ႕အစည္းျဖစ္ၿပီး ကိုဗစ္ကာကြယ္ေဆးႏွင့္ ပတ္သက္၍ ေဆာင္႐ြက္ထားေသာ အဖြဲ႕အစည္းျဖစ္ကာ အလယ္အလတ္ႏွင့္ ဖြံ႕ၿဖိဳးမႈေနာက္က်ေသာ ႏိုင္ငံမ်ားလည္း ပါဝင္ေၾကာင္း သိရွိရပါသည္။

(၉၂)ႏိုင္ငံတြင္ရွိေသာ လူဦးေရ (၂၀)%ကို လႊမ္းၿခဳံႏိုင္မည္ျဖစ္သည့္အတြက္ ျမန္မာႏိုင္ငံအေနႏွင့္ ပထမဦးစားေပးတြင္ က်န္းမာေရးေစာင့္ေရွာက္မႈ ဝန္ထမ္းမ်ားကိုလည္းေကာင္း၊ ဒုတိယဦးစားေပးအေနျဖင့္ သက္ႀကီး႐ြယ္အိုမ်ားျဖစ္ကာ တတိယဦးစားေပးအေနျဖင့္ ေရာဂါအခံရွိသူမ်ားကို အသီးသီးေ႐ြးခ်ယ္ထားေၾကာင္း သိရွိရပါသည္။

ရန္ကုန္သတင္းဌာနခြဲ

MRTV

Swelsone News

Unicode

ကိုဗစ်ကာကွယ်ဆေး သန်း၂၀၀၀ ဖြန့်ဝေပေးမည့် WHO ၏ (၉၂)နိုင်ငံအစီအစဉ်တွင် မြန်မာနိုင်ငံပါဝင်

COVID-19 ကပ်ရောဂါဖြစ်ပွားမှုကို အမြန်ဆုံးထိန်းချုပ်နိုင်ရန်အတွက် သိပ္ပံပညာရှင်များမှ လာမည့်နှစ်တွင် လုံခြုံစိတ်ချရပြီး ထိရောက်သော ကာကွယ်ဆေးကို ထုတ်လုပ်ရန် အပြိုင်အဆိုင်အားထုတ်ကြိုးပမ်းလျက်ရှိနေပြီး လာမည့်နှစ်တွင် WHO မှ ကာကွယ်ဆေး သန်း( ၂၀၀၀ ) ဖြန့်ဝေပေးမည့် အစီအစဉ်ရှိနေပြီး အဆိုပါအဖွဲ့ဝင်နိုင်ငံများတွင် မြန်မာနိုင်ငံပါဝင်ကြောင်းကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးမှ ပြောကြားခဲ့ပါသည်။

COVAX အဖွဲ့အစည်းသည် ကာကွယ်ဆေးထိုးစီမံချက်၊ ကာကွယ်ဆေးထိုးလုပ်ငန်းများနှင့်ဆိုင်သော အဖွဲ့အစည်းဖြစ်ပြီး ကိုဗစ်ကာကွယ်ဆေးနှင့် ပတ်သက်၍ ဆောင်ရွက်ထားသော အဖွဲ့အစည်းဖြစ်ကာ အလယ်အလတ်နှင့် ဖွံ့ဖြိုးမှုနောက်ကျသော နိုင်ငံများလည်း ပါဝင်ကြောင်း သိရှိရပါသည်။

(၉၂)နိုင်ငံတွင်ရှိသော လူဦးရေ (၂၀)%ကို လွှမ်းခြုံနိုင်မည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေနှင့် ပထမဦးစားပေးတွင် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ထမ်းများကိုလည်းကောင်း၊ ဒုတိယဦးစားပေးအနေဖြင့် သက်ကြီးရွယ်အိုများဖြစ်ကာ တတိယဦးစားပေးအနေဖြင့် ရောဂါအခံရှိသူများကို အသီးသီးရွေးချယ်ထားကြောင်း သိရှိရပါသည်။

ရန်ကုန်သတင်းဌာနခွဲ

MRTV

Swelsone News

About the author

Aung Lay

Leave a Comment