မိန္းကေလးတေယာက္ဆို အက်ီ ၾကယ္သီးပါျပဳတ္ေနတယ္ … သူတို.ကို ဘာျဖစ္တာလဲလို. လွမ္းေမးေတာ့ ေကာင္ေလး တစ္ေယာက္က
ထမင္းစားခ်ိန္ ဆိုင္သြားဖို. ျဖတ္လမ္း ၾကား ကေန အျဖတ္ ကိုးတန္း ကေလး မိန္းကေလး ငါးေယာက္ ကို တေယာက္ စီ ေကာင္ ေလး ေ
လးငါးေယာက္ ေလာက္ က တြဲပီး လမ္းေလ်ာက္လာ ၾကတာ တာေတြ.လိုက္တယ္
မိန္းကေလး ေတြ ေျခလွမ္းက ယိမ္းယိုင္ေနပီးေတာ့ လမ္းေတာင္ေကာင္းေကာင္း မေလ်ာက္ႏိုင္ၾကေတာ့ဘူး .. မိန္းကေလးတေယာက္ဆို
အက်ီ ၾကယ္သီးပါျပဳတ္ေနတယ္ … သူတို.ကို ဘာျဖစ္တာလဲလို. လွမ္းေမးေတာ့ ေကာင္ေလး တစ္ေယာက္က အစာ အဆိပ္သင့္တာပါ
လို. လြယ္လြယ္လွမ္းေျပာ ပီး သူတို. က ဆက္သြားၾကေပမဲ့ စိတ္ထဲ စိတ္မခ်ျဖစ္တာနဲ. ကား ကို ေဘးခ်ရပ္ ပီး သူတို.ေနာက္ ကိုယ္ေတြ
႐ုံးက အဖြဲ. ေလးေယာက္လိုက္ၾကတာ
လမ္းလုံးဝ မေလ်ာက္ႏိုင္တဲ့ေကာင္မေလးတစ္ေယာက္ က က်န္ခဲ့ပီး .. က်န္တဲ့ ကေလး ေတြက ထြက္ေျပး ၾကေတာ့တယ္
က်န္ခဲ့တဲ့ ေကာင္မေလး ကို ေသခ်ာေမး .. အေရွ.ေရာက္ေနတဲ့ အဖြဲ႕ ကို ရပ္ ကြက္ က လူ ႀကီး ေတြကို တားထားၾကပါလို. လွမ္း ေအာ္ေျပ
ာလိုက္ေတာ့ မွ သူတို. အားလုံး တစ္စုတစ္စည္း ထဲေတြ.ရေတာ့တယ္ .. ေကာင္မေလး တစ္ေယာက္ဆို မတ္တပ္ေတာင္မရပ္ႏိုင္ေတာ့ပဲ
လမ္းေပၚ ထိုင္ခ်ပီး .. သမီးတု.ိကို မဆြဲနဲ. ကိုယ့္ဘာသာ သြားႏိုင္တယ္လို.ေအာ္ေနတာနဲ. တစ္ခ်က္ေလာက္ နင္တိတ္တိတ္ေနစမ္းလု.ိ
လွမ္းေဟာက္လိုက္္မွ ခဏ ၿငိမ္သြားေလရဲ. ( ခဏပဲ ၿငိမ္တာေနာ္ ) အနားကပ္လိုက္မွ အရက္ နံ. ေတြ ေတာ္ေတာ္ ထြက္ေနတာ … တြဲ ေ
ပးတဲ့ ေကာင္ေလး ငယ္ငယ္ေလးရယ္ …
မူးေနတဲ့ မိန္းကေလးငယ္ငယ္ေလး ရယ္ ေက်ာင္းစိမ္း ဝတ္စုံ နဲ. လုံး ေထြး မတတ္ လမ္း မွာ ေတြ. ရတာ ေတာ္ေတာ္ အျမင္ မေတာ္ျဖစ္ရ
ပါတယ္ … ဒီလို အနာ ဂါတ္ အတြက္ အား ေတြ ျဖစ္လာမဲ့ လူငယ္ေလးေတြ ဟာ အ႐ြယ္ မေရာက္ခင္မွာပဲ ဒီလိုကိစၥေတြ ေၾကာင့္ လမ္းေ
ဘး ကို ဘယ္ႏွစ္ေယာက္မ်ား ေရာက္ ေနၾကပီး ပီလဲ …
ေတြးၾကည္.ရင္ ေတာ္ေတာ္ စိတ္မေကာင္းျဖစ္ရပါတယ္ …
ဒါနဲ. သူတို.ကို မိဘေတြ ဖုန္းနံပါတ္ျဖစ္ ျဖစ္ စုံစမ္းေမျမန္းေတာ့ ဘာမွမေျပာပဲ အိမ္မျပန္ဘူးေနာ္ အိမ္မျပန္ဘူးေနာ္နဲ.ပဲ တြင္တြင္ေအာ္ေ
နေတာ့တာပဲ .. ဒါနဲ. ေကာင္ေလးေတြကို ေက်ာင္းနာမည္ေမး ပီး လမ္းမွာေတြ.တဲ့ ကားႀကီး တစ္စီး ကို ( ကိုယ့္ကားက ေသးေတာ့ မဆံ့
ဘူး )အက်ိဳး အေၾကာင္း ရွင္း ျပပီး အကူ အညီ ေတာင္းပီး ေက်ာင္းကို သာ ပို.ခိုင္းလိုက္ရပါေတာ့တယ္ .. မပို.ခင္မွာလဲ ညီမေလးတို.ကို
ဆူ မွမဟုတ္ေၾကာင္းနဲ. အ႐ြယ္ မေရာက္ေသးတဲ့ကေလး ဒီတိုင္းလမ္း မွာ ေလ်ာက္သြားေနဖို. မသင့္လို. သာ ေက်ာင္းကိုပို. ပီး ေက်ာင္း ကမွတစ္ဆင့္ ျဖစ္သင့္တာ ဆက္လုပ္မွာ ျဖစ္ေၾကာင္း သူတို.နားဝင္ေအာင္ ရွင္း ျပလိုက္ပါတယ္ …
သူတို. သြားပီး အျပန္လမ္းက်မွ သူတို. ေက်ာင္းက ဆရာမတစ္ေယာက္ကို ေတြ. ေတာ့ ထပ္မွာလိုက္ပါတယ္ … မဆူဖို.နဲ. သူတို. မွာ စိတ္
ညစ္ စရာ အိမ္မွာပဲျဖစ္ျဖစ္ ေက်ာင္း မွာပဲ ျဖစ္ျဖစ္ ဘာ အခက္အခဲမ်ားရွိလဲ ေသခ်ာ ေဆြး ေႏြး တိုင္ပင္ လမ္း ၫြန္ေပးဖို. ဆရာမကိုေျပာေ
ပမဲ့ ဆရာမ ကလဲ ဒီ ဘီ အတန္းက ကေလး ေတြ ဆိုး ကို ဆိုး တာခ်ည္းပဲ တြင္တြင္ေျပာေနပါေတာ့တယ္ …
စိတ္ထဲမွာေတာ့ ေနာက္ဆက္တြဲ ဘာေတြျဖစ္လာမလဲ ဆိုတာ ေတာ္ေတာ္စိတ္ပူေနမိတယ္ …
၁. ဆရာမ ဆူမယ္ … အဆိုး ဆုံးေက်ာင္းထုတ္မယ္
၂. ဆူေတာ့ ထပ္စိတ္ ညစ္ပီး ထပ္ ဆိုး သြမ္းမယ္ … ေက်ာင္းထုတ္ရင္ ဘဝပ်က္မယ္
၃. အ႐ြယ္မေရာက္ေသးပဲ ေယာက်ၤားေနာက္လိုက္ေျပးမယ္
၄. သူတို. ဘဝတစ္ခုလုံး အတြက္အသုံးခ်ဖို. ပညာ သင္ၾကားဖို. ဆို တဲ့ အခြင့္အေရးေတြ ဆုံးရႈံးသြားမယ္
ဒီ ငါးေယာက္ရဲ. လူ.စြမ္း အားအရင္း အျမစ္ ေတြ ႏိုင္ငံက ဆုံးရႈံး ရလိမ့္မယ္ …
ေနာက္ သူတို. ေသာက္ဖို. အရက္ ကို ဘယ္သူေရာင္းလိုက္တာလဲ … ေရာင္းရင္ ေရာင္းလိုက္တဲ့ ဆိုင္ထိ အေရးယူရပါမယ္ .. ကိုယ္ ပိုက္
ဆံရပီး ေရာ ျဖစ္ခ်င္တာျဖစ္ မစဥ္းစားပဲ ေရာင္းလိုက္တာမ်ိဳး မျဖစ္သင့္ဘူးေလ
ေနာက္ဒီကေလး ေတြ ကိုယ္နဲ.မေတြ.ပဲ အိမ္လဲ မျပန္ခ်င္ေတာ့ အဆိုးဆုံး တည္းခိုခန္း ေရာက္သြားၾကတယ္ ထား … အ႐ြယ္ ကို ထည္. မ
စဥ္းစား တည္းဖို. လက္ခံတဲ့ ပိုက္ဆံတစ္ခုပဲ ၾကည္.တဲ့ ေနရာမ်ိဳး ရွိေနအုံးမွာပါပဲ …
အမွန္ဆို ေကာင္းမြန္တဲ့ လူ.အဖြဲ. အစည္း ဆိုတဲ့ေနရာမွာ ကိစ တခု အဆိုး ပဲ ျဖစ္ျဖစ္ အေကာင္း ပဲ ျဖစ္ျဖစ္ ျဖစ္လာဖို. က အားလုံး က ဆ
က္စပ္ေနၾကတာပါ … အားလုံးမွာ တာဝန္ရွိပါတယ္
ဒီကိစၥမွာ
၁. ေကာင္မေလးေတြ ကိုယ္တိုင္
၂. မိဘ
၃. ေက်ာင္း
၄. သူတို. သူငယ္ခ်င္းေတြ
၅. အရက္ေရာင္းတဲ့သူ
၆. …… ဒီလို အဖက္ဖက္ က ျဖစ္လာတဲ့ အေၾကာင္းတရားေတြေၾကာင့္ ဒီလို အျဖစ္ဆိုး ကို ျဖစ္လာတာပါ
ေကာင္းလာဖို. တစ္ဖက္လွည္.ျပန္ေတြးၾကည္.ရင္ အရက္ ဆိုင္က မေရာင္းရင္ … သူတို. သူငယ္ခ်င္းေတြက တားရင္ … ဆရာ ဆရာေမ
တြက တပည္. ရဲ. အရိပ္အေခ် ကို ဆူ ပူ ႐ုံတင္မဟုတ္ပဲ သူတို. အခက္အခဲကို ပြင့္ပြင့္လင္းလင္း ေဆြးေႏြး ကာကြယ္ ႏိုင္စြမး္ရွိတဲ့ ေက်ာင္း
ပတ္ဝန္း က်င္ ျဖစ္ရင္ …
မိဘ က လဲ သားသမီးကို စဥ္ဆက္မျပတ္ အၿမဲ ထိန္းသိမ္း ပီး ေက်ာင္း ေျပး ပီး အျပစ္ လုပ္မိတဲ့ အထိ မျဖစ္ သင့္တဲ့ စဥ္း စား ႏိုင္စြမ္းေလး
သာ သားသမီး ေတြ ရင္ထဲထည္.ေပးႏိုင္ရင္
ကေလး ကိုယ္တိုင္ကကို ကဒီလိုမလူပ္ပဲ စာသာႀကိဳးစားခဲ့ရင္
အဲ့ လို အေတြး ေတြ နဲ. ပဲ သက္ျပင္းတစ္ခ်က္ အႀကီး ႀကီး ခ်မိခဲ့ပါေတာ့တယ္
Credit : Original
Unicode
မိန်းကလေးတယောက်ဆို အကျီ ကြယ်သီးပါပြုတ်နေတယ် … သူတို.ကို ဘာဖြစ်တာလဲလို. လှမ်းမေးတော့ ကောင်လေး တစ်ယောက်က
ထမင်းစားချိန် ဆိုင်သွားဖို. ဖြတ်လမ်း ကြား ကနေ အဖြတ် ကိုးတန်း ကလေး မိန်းကလေး ငါးယောက် ကို တယောက် စီ ကောင် လေး ေ
လးငါးယောက် လောက် က တွဲပီး လမ်းလျောက်လာ ကြတာ တာတွေ.လိုက်တယ်
မိန်းကလေး တွေ ခြေလှမ်းက ယိမ်းယိုင်နေပီးတော့ လမ်းတောင်ကောင်းကောင်း မလျောက်နိုင်ကြတော့ဘူး .. မိန်းကလေးတယောက်ဆို
အကျီ ကြယ်သီးပါပြုတ်နေတယ် … သူတို.ကို ဘာဖြစ်တာလဲလို. လှမ်းမေးတော့ ကောင်လေး တစ်ယောက်က အစာ အဆိပ်သင့်တာပါ
လို. လွယ်လွယ်လှမ်းပြော ပီး သူတို. က ဆက်သွားကြပေမဲ့ စိတ်ထဲ စိတ်မချဖြစ်တာနဲ. ကား ကို ဘေးချရပ် ပီး သူတို.နောက် ကိုယ်တွေ
ရုံးက အဖွဲ. လေးယောက်လိုက်ကြတာ
လမ်းလုံးဝ မလျောက်နိုင်တဲ့ကောင်မလေးတစ်ယောက် က ကျန်ခဲ့ပီး .. ကျန်တဲ့ ကလေး တွေက ထွက်ပြေး ကြတော့တယ်
ကျန်ခဲ့တဲ့ ကောင်မလေး ကို သေချာမေး .. အရှေ.ရောက်နေတဲ့ အဖွဲ့ ကို ရပ် ကွက် က လူ ကြီး တွေကို တားထားကြပါလို. လှမ်း အော်ပြေ
ာလိုက်တော့ မှ သူတို. အားလုံး တစ်စုတစ်စည်း ထဲတွေ.ရတော့တယ် .. ကောင်မလေး တစ်ယောက်ဆို မတ်တပ်တောင်မရပ်နိုင်တော့ပဲ
လမ်းပေါ် ထိုင်ချပီး .. သမီးတု.ိကို မဆွဲနဲ. ကိုယ့်ဘာသာ သွားနိုင်တယ်လို.အော်နေတာနဲ. တစ်ချက်လောက် နင်တိတ်တိတ်နေစမ်းလု.ိ
လှမ်းဟောက်လိုက်မှ ခဏ ငြိမ်သွားလေရဲ. ( ခဏပဲ ငြိမ်တာနော် ) အနားကပ်လိုက်မှ အရက် နံ. တွေ တော်တော် ထွက်နေတာ … တွဲ ေ
ပးတဲ့ ကောင်လေး ငယ်ငယ်လေးရယ် …
မူးနေတဲ့ မိန်းကလေးငယ်ငယ်လေး ရယ် ကျောင်းစိမ်း ဝတ်စုံ နဲ. လုံး ထွေး မတတ် လမ်း မှာ တွေ. ရတာ တော်တော် အမြင် မတော်ဖြစ်ရ
ပါတယ် … ဒီလို အနာ ဂါတ် အတွက် အား တွေ ဖြစ်လာမဲ့ လူငယ်လေးတွေ ဟာ အရွယ် မရောက်ခင်မှာပဲ ဒီလိုကိစ္စတွေ ကြောင့် လမ်းေ
ဘး ကို ဘယ်နှစ်ယောက်များ ရောက် နေကြပီး ပီလဲ …
တွေးကြည်.ရင် တော်တော် စိတ်မကောင်းဖြစ်ရပါတယ် …
ဒါနဲ. သူတို.ကို မိဘတွေ ဖုန်းနံပါတ်ဖြစ် ဖြစ် စုံစမ်းမေမြန်းတော့ ဘာမှမပြောပဲ အိမ်မပြန်ဘူးနော် အိမ်မပြန်ဘူးနော်နဲ.ပဲ တွင်တွင်အော်ေ
နတော့တာပဲ .. ဒါနဲ. ကောင်လေးတွေကို ကျောင်းနာမည်မေး ပီး လမ်းမှာတွေ.တဲ့ ကားကြီး တစ်စီး ကို ( ကိုယ့်ကားက သေးတော့ မဆံ့
ဘူး )အကျိုး အကြောင်း ရှင်း ပြပီး အကူ အညီ တောင်းပီး ကျောင်းကို သာ ပို.ခိုင်းလိုက်ရပါတော့တယ် .. မပို.ခင်မှာလဲ ညီမလေးတို.ကို
ဆူ မှမဟုတ်ကြောင်းနဲ. အရွယ် မရောက်သေးတဲ့ကလေး ဒီတိုင်းလမ်း မှာ လျောက်သွားနေဖို. မသင့်လို. သာ ကျောင်းကိုပို. ပီး ကျောင်း ကမှတစ်ဆင့် ဖြစ်သင့်တာ ဆက်လုပ်မှာ ဖြစ်ကြောင်း သူတို.နားဝင်အောင် ရှင်း ပြလိုက်ပါတယ် …
သူတို. သွားပီး အပြန်လမ်းကျမှ သူတို. ကျောင်းက ဆရာမတစ်ယောက်ကို တွေ. တော့ ထပ်မှာလိုက်ပါတယ် … မဆူဖို.နဲ. သူတို. မှာ စိတ်
ညစ် စရာ အိမ်မှာပဲဖြစ်ဖြစ် ကျောင်း မှာပဲ ဖြစ်ဖြစ် ဘာ အခက်အခဲများရှိလဲ သေချာ ဆွေး နွေး တိုင်ပင် လမ်း ညွန်ပေးဖို. ဆရာမကိုပြောေ
ပမဲ့ ဆရာမ ကလဲ ဒီ ဘီ အတန်းက ကလေး တွေ ဆိုး ကို ဆိုး တာချည်းပဲ တွင်တွင်ပြောနေပါတော့တယ် …
စိတ်ထဲမှာတော့ နောက်ဆက်တွဲ ဘာတွေဖြစ်လာမလဲ ဆိုတာ တော်တော်စိတ်ပူနေမိတယ် …
၁. ဆရာမ ဆူမယ် … အဆိုး ဆုံးကျောင်းထုတ်မယ်
၂. ဆူတော့ ထပ်စိတ် ညစ်ပီး ထပ် ဆိုး သွမ်းမယ် … ကျောင်းထုတ်ရင် ဘဝပျက်မယ်
၃. အရွယ်မရောက်သေးပဲ ယောင်္ကျားနောက်လိုက်ပြေးမယ်
၄. သူတို. ဘဝတစ်ခုလုံး အတွက်အသုံးချဖို. ပညာ သင်ကြားဖို. ဆို တဲ့ အခွင့်အရေးတွေ ဆုံးရှုံးသွားမယ်
ဒီ ငါးယောက်ရဲ. လူ.စွမ်း အားအရင်း အမြစ် တွေ နိုင်ငံက ဆုံးရှုံး ရလိမ့်မယ် …
နောက် သူတို. သောက်ဖို. အရက် ကို ဘယ်သူရောင်းလိုက်တာလဲ … ရောင်းရင် ရောင်းလိုက်တဲ့ ဆိုင်ထိ အရေးယူရပါမယ် .. ကိုယ် ပိုက်
ဆံရပီး ရော ဖြစ်ချင်တာဖြစ် မစဉ်းစားပဲ ရောင်းလိုက်တာမျိုး မဖြစ်သင့်ဘူးလေ
နောက်ဒီကလေး တွေ ကိုယ်နဲ.မတွေ.ပဲ အိမ်လဲ မပြန်ချင်တော့ အဆိုးဆုံး တည်းခိုခန်း ရောက်သွားကြတယ် ထား … အရွယ် ကို ထည်. မ
စဉ်းစား တည်းဖို. လက်ခံတဲ့ ပိုက်ဆံတစ်ခုပဲ ကြည်.တဲ့ နေရာမျိုး ရှိနေအုံးမှာပါပဲ …
အမှန်ဆို ကောင်းမွန်တဲ့ လူ.အဖွဲ. အစည်း ဆိုတဲ့နေရာမှာ ကိစ တခု အဆိုး ပဲ ဖြစ်ဖြစ် အကောင်း ပဲ ဖြစ်ဖြစ် ဖြစ်လာဖို. က အားလုံး က ဆ
က်စပ်နေကြတာပါ … အားလုံးမှာ တာဝန်ရှိပါတယ်
ဒီကိစ္စမှာ
၁. ကောင်မလေးတွေ ကိုယ်တိုင်
၂. မိဘ
၃. ကျောင်း
၄. သူတို. သူငယ်ချင်းတွေ
၅. အရက်ရောင်းတဲ့သူ
၆. …… ဒီလို အဖက်ဖက် က ဖြစ်လာတဲ့ အကြောင်းတရားတွေကြောင့် ဒီလို အဖြစ်ဆိုး ကို ဖြစ်လာတာပါ
ကောင်းလာဖို. တစ်ဖက်လှည်.ပြန်တွေးကြည်.ရင် အရက် ဆိုင်က မရောင်းရင် … သူတို. သူငယ်ချင်းတွေက တားရင် … ဆရာ ဆရာမေ
တွက တပည်. ရဲ. အရိပ်အချေ ကို ဆူ ပူ ရုံတင်မဟုတ်ပဲ သူတို. အခက်အခဲကို ပွင့်ပွင့်လင်းလင်း ဆွေးနွေး ကာကွယ် နိုင်စွမ်းရှိတဲ့ ကျောင်း
ပတ်ဝန်း ကျင် ဖြစ်ရင် …
မိဘ က လဲ သားသမီးကို စဉ်ဆက်မပြတ် အမြဲ ထိန်းသိမ်း ပီး ကျောင်း ပြေး ပီး အပြစ် လုပ်မိတဲ့ အထိ မဖြစ် သင့်တဲ့ စဉ်း စား နိုင်စွမ်းလေး
သာ သားသမီး တွေ ရင်ထဲထည်.ပေးနိုင်ရင်
ကလေး ကိုယ်တိုင်ကကို ကဒီလိုမလူပ်ပဲ စာသာကြိုးစားခဲ့ရင်
အဲ့ လို အတွေး တွေ နဲ. ပဲ သက်ပြင်းတစ်ချက် အကြီး ကြီး ချမိခဲ့ပါတော့တယ်
Credit : Original