ၾကားသိရသမ်ွ

ကိုဗစ်ကို ပေါ့ပေါ့မှတ်နေတဲ့သူတွေ ကို မြောက်ဥက္ကလာ ပြည်သူ့ဆေးရုံက ဆေးရုံအုပ်ကြီး သတိပေးပြီ

Written by Aung Lay

တကယ္ေနာ္ ေန႔ေရာည ပါ အေရးေပၚကားေတြ အဆက္မျပတ္သြားေနၾကတာ အိမ္အျပင္ မထြက္ပါနဲ႔ ထြက္ရင္ Mask Face Shield (ႏွာေခါင္းစည္း မ်က္ႏွာကာ) တပ္ပါ အလုပ္မွာစကားစုေျပာျခင္း ထမင္းစုစားျခင္းေရွာင္ပါ လိုအပ္လို႔စကားေျပာမယ္ဆို တေယာက္နဲ႔ တေယာက္ အနည္းဆုံး ၃ေပ ကေန အေကာင္းဆုံး ၆ ေပ ခြာပါ။

စကား ကို အခ်ိန္တိုပဲေျပာပါ အိမ္မွာေနလည္း ခပ္ခြာခြာ ေနပါ သက္ႀကီး႐ြယ္အို ဘိုးဘြား ကေလးသူငယ္ ေရာဂါရွိသူမ်ား အတြက္အထူးသတိထားေပးပါ ေပြ႕ဖက္နမ္းရႈတ္ျခင္း လုံးဝမလုပ္ပါနဲ႔ မိမိကိုယ္ သံသယျဖစ္ပါက ဖ်ား ေခ်ာင္းဆိုး လည္ေခ်ာင္းနာ ဝမ္းေလွ်ာ ကိုယ္လက္ကိုက္ခဲမႈေတြ အေရးႀကီးတာ ႐ုတ္တရက္ အနံမရလွ်င္ ျဖစ္ႏိုင္ေျခအလြန္မ်ားပါတယ္ အခုလို ျဖစ္လာလွ်င္ နီးစပ္ရာ အနံ႔ေပ်ာက္ စင္တာကို ျပပါ။

ကိုယ့္တစ္ကိုယ္စာ အထုတ္ေလး ျပင္ဆင္ထားပါ ေသာက္ေနၾကေဆးေတြ ေဆးမွတ္တမ္းေတြ ေသခ်ာစုစည္းထားသင့္ပါတယ္ မေၾကာက္ပါနဲ႔ မလိမ္ပါနဲ႔ အိမ္မွာေဆးျမႇီးတိုနဲ႔မကုပါနဲ႔ အတတ္ႏိုင္ဆုံး မိမိကိုယ္ကို သံသယျဖစ္လာပါက အျခားသူမ်ားကို မကူးစက္ဖို႔ ပိုၿပီး အကာအကြယ္ျပဳသင့္ပါတယ္။ ဆိုင္ကယ္ငွားစီးျခင္း ဆိုကၠားစီးျခင္း မလုပ္ေစခ်င္ပါ ကားစီးလည္းျပတင္းေပါက္ဖြင့္စီးပါ။ Mask လုံးဝမခြၽတ္ပါနဲ႔ Face Mask မျဖစ္မေနတပ္ပါ လက္အိတ္စြတ္ပါ ေခါင္းစြတ္စြတ္ပါ သက္ဆိုင္ရာ ဌာန ေရာက္ပါက ေသခ်ာေျပာျပပါ ေစာင့္ရႏိုင္ပါတယ္ စိတ္ရွည္ပါ ထထြက္သြားျခင္း ေလွ်ာက္သြားျခင္း မုန႔္ဆိုင္ထိုင္ျခင္း မလုပ္ရပါ

မိမိကိုယ္ကို ေရာဂါရွိသည္လို႔ သံသယရွိပါက ေရာဂါရွိသူကဲ့သို႔သေဘာထား၍ သက္မွတ္ကာ အျခားသူမ်ားကို မကူးစက္ရေအာင္ ေသခ်ာဆင္ျခင္ေပးပါ ေရာဂါျဖစ္လို႔ေဆး႐ုံတက္ရလွ်င္ အျခားေရာဂါကဲ့သို႔ မဟုတ္သျဖင့္ ေဘးတြင္ ဆရာဝန္ သူနာျပဳ အၿမဲေန၍ မရပါ သီးသန႔္ေနရပါမယ္ အခ်င္းခ်င္း ေစာင့္ေရွာက္ရပါမယ္ တခုခုဆို ဖုန္းဆက္ေျပာရပါတယ္ ေနာက္ပိုင္း ဖုန္းက တေယာက္ေျပာေနစဥ္ တေယာက္က မသိႏိုင္တာမို႔ ခ်က္ခ်င္းေျပာလို႔ရမယ့္ Intercon System တပ္ဖို႔ လုပ္ပါမယ္။

ပစ္ထားတယ္လို႔မထင္ပါနဲ႔ က်နိးမာေရးဝန္ထမ္းေတြ အထိအေတြ႕မ်ား လွ်င္ လူမႏိုင္ဘဲျဖစ္သြားႏိုင္ပါတယ္ ကြၽနိမတို႔ေဆး႐ုံမွာေတာ့ လူနာမ်ားကို မနက္စာ ေန႔လည္စာ ညစာအတြက္ အလႉရွင္ေန႔စဥ္ရွိပါတယ္ ေရအလႉရွင္ရွိပါတယ္ လူငယ္ေတြ ေရာဂါအခံမရွိသူမ်ားက အၾကမ္းဖ်င္း ျပန္ေကာင္းၾကတယ္ လူငယ္တိုင္းေတာ့မဟုတ္ လူငယ္ေတြလည္းေသႏိုင္ပါတယ္ ေသေနၾကပါတယ္

ဒီေန႔ လူနာသစ္ ၂၁၅၃ ဦး အမတန္ ေၾကာက္သင့္တဲ့ကိန္းေတြ အခုခ်ိနိ မဆင္ျခင္ အသိတရားမရွိရင္ လူေတြဆုံးရႈံးရမယ္ တိုင္းျပည္တိုးတက္မႈေႏွာင့္ေႏွးမယ္ အမွ်ကုသိုလ္မေပးေဝႏိုင္တဲ့ အသက္ဝိညာဥ္ေတြ မမ်ားပါေစနဲ႔ေတာ့ မိသားစုေတြေရာဂါကပ္ေဘးၿပီးရင္ေတာင္ စိတ္ဒဏ္ရာေတြနဲ မနည္းတည့္မတ္ၾကရမယ့္မိသားစုေတြ အမ်ားႀကီးရွိေနပါတယ္ လူတိုင္း ဒီေန႔ဒီအခ်ိန္မွစလို႔ ကပ္ေဘးက ကယ္တင္ဖို႔မျဖစ္မေနလုပ္ၾကပါ။

အဓိကေျပာခ်င္တာက အခုလိုဆက္လုပ္ေနရင္ ေ႐ြးေကာက္ပြဲမွာ မဲေပးဖို႔ခက္ခဲႏိုင္ပါမယ္ နယ္ျပန္မေပးႏိုင္သူေတြ ေသာကမ်ားလို႔ မဲကိစၥစိတ္မဝင္စားဘဲေနေနလွ်င္ မဲမေပးၾကေတာ့လွ်င္ အခက္ေတြ႕ႏိုင္ပါမယ္ ဒါေၾကာင့္ မည္ူမဆို လမ္းေပၚထြက္ လူစုလူေဝးလုပ္ မဲဆြယ္ျခင္းကို အထူးရႈံ႕ခ်ပါတယ္ ႏိုဝင္ဘာလ (၈)ရက္ေန႔ ေ႐ြးေကာက္ပြဲမဲေပးလို႔ရဖို႔သည္ ကြၽန္မ တို႔အားလုံးနဲ႔သက္ဆိုင္ပါတယ္။

Dr.ဝင္းသႏၲာျဖဴ

ေဆး႐ုံအုပ္ ေျမာက္ဥကၠလာပျပည္သူ႔ေဆး႐ုံႀကီ

Unicode

တကယ်နော် နေ့ရောည ပါ အရေးပေါ်ကားတွေ အဆက်မပြတ်သွားနေကြတာ အိမ်အပြင် မထွက်ပါနဲ့ ထွက်ရင် Mask Face Shield (နှာခေါင်းစည်း မျက်နှာကာ) တပ်ပါ အလုပ်မှာစကားစုပြောခြင်း ထမင်းစုစားခြင်းရှောင်ပါ လိုအပ်လို့စကားပြောမယ်ဆို တယောက်နဲ့ တယောက် အနည်းဆုံး ၃ပေ ကနေ အကောင်းဆုံး ၆ ပေ ခွာပါ။

စကား ကို အချိန်တိုပဲပြောပါ အိမ်မှာနေလည်း ခပ်ခွာခွာ နေပါ သက်ကြီးရွယ်အို ဘိုးဘွား ကလေးသူငယ် ရောဂါရှိသူများ အတွက်အထူးသတိထားပေးပါ ပွေ့ဖက်နမ်းရှုတ်ခြင်း လုံးဝမလုပ်ပါနဲ့ မိမိကိုယ် သံသယဖြစ်ပါက ဖျား ချောင်းဆိုး လည်ချောင်းနာ ဝမ်းလျှော ကိုယ်လက်ကိုက်ခဲမှုတွေ အရေးကြီးတာ ရုတ်တရက် အနံမရလျှင် ဖြစ်နိုင်ခြေအလွန်များပါတယ် အခုလို ဖြစ်လာလျှင် နီးစပ်ရာ အနံ့ပျောက် စင်တာကို ပြပါ။

ကိုယ့်တစ်ကိုယ်စာ အထုတ်လေး ပြင်ဆင်ထားပါ သောက်နေကြဆေးတွေ ဆေးမှတ်တမ်းတွေ သေချာစုစည်းထားသင့်ပါတယ် မကြောက်ပါနဲ့ မလိမ်ပါနဲ့ အိမ်မှာဆေးမြှီးတိုနဲ့မကုပါနဲ့ အတတ်နိုင်ဆုံး မိမိကိုယ်ကို သံသယဖြစ်လာပါက အခြားသူများကို မကူးစက်ဖို့ ပိုပြီး အကာအကွယ်ပြုသင့်ပါတယ်။ ဆိုင်ကယ်ငှားစီးခြင်း ဆိုက္ကားစီးခြင်း မလုပ်စေချင်ပါ ကားစီးလည်းပြတင်းပေါက်ဖွင့်စီးပါ။ Mask လုံးဝမချွတ်ပါနဲ့ Face Mask မဖြစ်မနေတပ်ပါ လက်အိတ်စွတ်ပါ ခေါင်းစွတ်စွတ်ပါ သက်ဆိုင်ရာ ဌာန ရောက်ပါက သေချာပြောပြပါ စောင့်ရနိုင်ပါတယ် စိတ်ရှည်ပါ ထထွက်သွားခြင်း လျှောက်သွားခြင်း မုန့်ဆိုင်ထိုင်ခြင်း မလုပ်ရပါ

မိမိကိုယ်ကို ရောဂါရှိသည်လို့ သံသယရှိပါက ရောဂါရှိသူကဲ့သို့သဘောထား၍ သက်မှတ်ကာ အခြားသူများကို မကူးစက်ရအောင် သေချာဆင်ခြင်ပေးပါ ရောဂါဖြစ်လို့ဆေးရုံတက်ရလျှင် အခြားရောဂါကဲ့သို့ မဟုတ်သဖြင့် ဘေးတွင် ဆရာဝန် သူနာပြု အမြဲနေ၍ မရပါ သီးသန့်နေရပါမယ် အချင်းချင်း စောင့်ရှောက်ရပါမယ် တခုခုဆို ဖုန်းဆက်ပြောရပါတယ် နောက်ပိုင်း ဖုန်းက တယောက်ပြောနေစဉ် တယောက်က မသိနိုင်တာမို့ ချက်ချင်းပြောလို့ရမယ့် Intercon System တပ်ဖို့ လုပ်ပါမယ်။

ပစ်ထားတယ်လို့မထင်ပါနဲ့ ကျနိးမာရေးဝန်ထမ်းတွေ အထိအတွေ့များ လျှင် လူမနိုင်ဘဲဖြစ်သွားနိုင်ပါတယ် ကျွနိမတို့ဆေးရုံမှာတော့ လူနာများကို မနက်စာ နေ့လည်စာ ညစာအတွက် အလှူရှင်နေ့စဉ်ရှိပါတယ် ရေအလှူရှင်ရှိပါတယ် လူငယ်တွေ ရောဂါအခံမရှိသူများက အကြမ်းဖျင်း ပြန်ကောင်းကြတယ် လူငယ်တိုင်းတော့မဟုတ် လူငယ်တွေလည်းသေနိုင်ပါတယ် သေနေကြပါတယ်

ဒီနေ့ လူနာသစ် ၂၁၅၃ ဦး အမတန် ကြောက်သင့်တဲ့ကိန်းတွေ အခုချိနိ မဆင်ခြင် အသိတရားမရှိရင် လူတွေဆုံးရှုံးရမယ် တိုင်းပြည်တိုးတက်မှုနှောင့်နှေးမယ် အမျှကုသိုလ်မပေးဝေနိုင်တဲ့ အသက်ဝိညာဉ်တွေ မများပါစေနဲ့တော့ မိသားစုတွေရောဂါကပ်ဘေးပြီးရင်တောင် စိတ်ဒဏ်ရာတွေနဲ မနည်းတည့်မတ်ကြရမယ့်မိသားစုတွေ အများကြီးရှိနေပါတယ် လူတိုင်း ဒီနေ့ဒီအချိန်မှစလို့ ကပ်ဘေးက ကယ်တင်ဖို့မဖြစ်မနေလုပ်ကြပါ။

အဓိကပြောချင်တာက အခုလိုဆက်လုပ်နေရင် ရွေးကောက်ပွဲမှာ မဲပေးဖို့ခက်ခဲနိုင်ပါမယ် နယ်ပြန်မပေးနိုင်သူတွေ သောကများလို့ မဲကိစ္စစိတ်မဝင်စားဘဲနေနေလျှင် မဲမပေးကြတော့လျှင် အခက်တွေ့နိုင်ပါမယ် ဒါကြောင့် မည်ူမဆို လမ်းပေါ်ထွက် လူစုလူဝေးလုပ် မဲဆွယ်ခြင်းကို အထူးရှုံ့ချပါတယ် နိုဝင်ဘာလ (၈)ရက်နေ့ ရွေးကောက်ပွဲမဲပေးလို့ရဖို့သည် ကျွန်မ တို့အားလုံးနဲ့သက်ဆိုင်ပါတယ်။

Dr.ဝင်းသန္တာဖြူ

ဆေးရုံအုပ် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီ

About the author

Aung Lay

Leave a Comment