Cele News

ရွှေတိဂုံပုံရိပ်နင်းပြီး ဖျော်ဖြေခဲ့တယ်ဆိုတဲ့ ဝေဖန်မှုတွေကို Project K အဖွဲ့မှ ပြန်ဖြေရှင်း

Written by Aung Lay

Asia Song Festival 2020 ေဖ်ာ္ေျဖပြဲမွာ ျမန္မာႏိုင္ငံကိုယ္စားျပဳအေနနဲ႔ ပါဝင္ခဲ့တဲ့ Project K အဖြဲ႕ဟာ ေ႐ႊတိဂုံေစတီေတာ္ႀကီးရဲ႕ ပုံရိပ္ကို နင္းၿပီး ကျပေဖ်ာ္ေျဖခဲ့တာေတြနဲ႔ ပတ္သက္ၿပီး ေဝဖန္မႈေတြ ခံေနရတာျဖစ္ပါတယ္။ ေအာက္တိုဘာလ ၁၀ ရက္ေန႔ညေနပိုင္းက ေတာင္ကိုရီးယားႏိုင္ငံမွာ က်င္းပျပဳလုပ္ခဲ့တဲ့ Asia Song Festival 2020 မွာ ျမန္မာႏိုင္ငံ ကိုယ္စားျပဳအေနနဲ႔ပါဝင္ေဖ်ာ္ေျဖခဲ့တဲ့ Project K အဖြဲ႕အေနနဲ႔ ေ႐ႊတိဂုံေစတီေတာ္ ပုံရိပ္ကို နင္းၿပီး ေဖ်ာ္ေျဖတင္ဆက္ထားမႈအေပၚ လူမႈကြန္ယက္စာမ်က္ႏွာေပၚက ဗုဒၶဘာသာဝင္ ပရိသတ္ေတြအေနနဲ႔ ျပင္းျပင္းထန္ထန္ ေဝဖန္ေျပာဆိုခဲ့ၾကပါတယ္။

ဒီလို ျပင္းထန္စြာ ေဝဖန္မႈေတြ ခံလာရတဲ့အေပၚ Project K အဖြဲ႕သားေတြက အေကာင္းဆုံးျဖစ္ဖို႔ကိုသာ အားစိုက္ႀကိဳးစားေနရတာ ျဖစ္တဲ့အတြက္ ေအာက္ေျခ LED မွာ ဘယ္လို ပုံရိပ္ေတြ ထိုးခဲ့မွန္းေတာင္ သတိမထားမိခဲ့တဲ့ အေၾကာင္း ျပန္ေျဖရွင္းလာခဲ့ပါတယ္။

” ကြၽန္ေတာ္တို႔ မေန႔က Asia Song Festival 2020 ပြဲမွာ ေဖ်ာ္ေျဖတုန္းက ေ႐ႊတိဂုံေစတီေတာ္ ပုံရိပ္ကို ေအာက္ LED မွာျပ‌ေနတယ္ဆိုတာ ကြၽန္ေတာ္တို႔ ေဖ်ာ္ေျဖၿပီးမွသိခဲ့ရတာပါခင္ဗ်။ မေန႔က မေဖ်ာ္ေျဖခင္ Run through Rehearsal ၂ေခါက္လုပ္ရပါတယ္။ အဝတ္အစား အျပည့္အစုံနဲ႔ ပြဲမွာ ေဖ်ာ္ေျဖသလို အျပည့္ကျပရတာပါ ( တျခား Korea Idol ေတြအပါအဝင္ ပြဲေဖ်ာ္ေျဖသလို ေတာက္ေလွ်ာက္လုပ္သြားရေတာ့ ေနရာခ်ခ်ိန္ေတာင္ မရခဲ့ပါဘူးဗ် )LED မွာျပမယ့္ Video ေတြအကုန္လုံးကလည္း ပြဲကပဲစီစဥ္တာပါ။ ပထမတစ္ႀကိမ္ rehearsal မွာ LED မထိုးေသးပါဘူး။ ဒုတိယအႀကိမ္ rehearsal ေဖ်ာ္‌ေျဖရတဲ့အခ်ိန္မွာမွ LED ေတြပါလာတာပါ။

ေအာက္မွာ LED လင္းေနမွန္းေတာ့သိေပမယ့္ rehearsal ကေနတဲ့အခ်ိန္ ဘာပုံရိပ္မွန္းေသေသခ်ာခ်ာမသိခဲ့ပါဘူး။ (Rehearsal က ေန႔ခင္းမွာလုပ္ရတာကတစ္‌ေၾကာင္း၊ Stage အရမ္းႀကီးတာကတစ္ေၾကာင္း၊ အေပၚစီးက႐ိုက္မွသာျမင္ႏိုင္မွာျဖစ္တာကတစ္ေၾကာင္း ေအာက္ LED ကပုံရိပ္မွာ ေ႐ႊတိဂုံ‌ေစတီေတာ္ ပုံရိပ္ပါတယ္ဆိုတာ ကြၽန္ေတာ္တို႔လည္းလုံးဝသတိမထားမိခဲ့ပါဘူး။ (ကြၽန္ေတာ္တို႔အားလုံးကလည္း ဗုဒၶဘာသာဝင္ေတြပါပဲ။ေအာက္ေျခမွာအခုလိုရွိမွန္းသိရင္ ကြၽန္ေတာ္တို႔လည္း ထည့္ခိုင္းမွာမဟုတ္ပါဘူးဗ် ) ေအာက္ေျခ LED မွာ ေ႐ႊတိဂုံ‌ေစတီေတာ္ ပုံေပၚေနတယ္ဆိုတာကို တစ္ကယ့္ေဖ်ာ္ေျဖေရးၿပီးလို႔ video ျပန္ၾကည့္မွသိခဲ့ရတာပါခင္ဗ်” ဆိုၿပီးေတာ့ ေအာက္တိုဘာလ ၁၁ ရက္ေန႔ ေန႔လယ္ ၁ နာရီေက်ာ္က Project K Facebook စာမ်က္ႏွာမွာ တရားဝင္ ေျဖရွင္း ခဲ့တာျဖစ္ပါတယ္။

Asia Song Festival 2020 ဂီတေဖ်ာ္ေျဖပြဲမွာေတာ့ အာရွႏိုင္ငံ အသီးသီးမွာရွိၾကတဲ့ ဂီတအႏုပညာရွင္မ်ားက ပါဝင္သီဆိုခဲ့ၾကတာျဖစ္ပါတယ္။ Project K အဖြဲ႕ အေနနဲ႔ Asia Song Festival ပြဲနဲ႔ ပတ္သက္ၿပီး ၂၀၂၀ ေဖ်ာ္ေျဖပြဲဟာ ပထမဆုံး ေဖ်ာ္ေျဖရတဲ့ ပြဲျဖစ္တာေၾကာင့္သူတို႔ ကိုယ္တိုင္ကလည္း အေကာင္းဆုံး ေဖ်ာ္ေျဖႏိုင္ဖို႔ကိုသာ အာ႐ုံစိုက္ေနခဲ့မိတာေၾကာင့္ အခုလို ေဝဖန္စရာ အေၾကာင္းအရာေတြ ျဖစ္လာခဲ့တဲ့ အေပၚ Project K အဖြဲ႕သားေတြက ေတာင္းပန္စကားဆိုလာပါတယ္။

” Rehearsal အခ်ိန္မွာေရာ ပြဲေဖ်ာ္ေျဖေနတဲ့အခ်ိန္မွာပါ ႏိုင္ငံအတြက္ အေကာင္းဆုံး ႀကိဳးစား‌ၾကမယ္ဆိုတဲ့ စိတ္နဲ႔ပဲ ႀကိဳးစားၿပီးေဖ်ာ္ေျဖခဲ့ၾကတာပါ။ ပြဲၿပီးလို႔ ၾကည့္မိေတာ့မွ အခုလိုပဲ ျဖစ္ေနခဲ့တာပါဗ်ာ။ ကြၽန္ေတာ္တို႔ Project K အဖြဲ႕အေနနဲ႔ အေကာင္းဆုံး ႀကိဳးစားခဲ့ေပမဲ့ အခုလိုလြဲေခ်ာ္မႈျဖစ္သြားခဲ့တဲ့အတြက္ တကယ္ကို စိတ္မေကာင္းျဖစ္ရပါတယ္။ အားလုံးကိုလဲ ဒီကေန အႏူးအၫြန႔္ေတာင္းပန္အပ္ပါတယ္ ၊၊ အခုလဲ ပြဲက တာဝန္ရွိ လူႀကီးမင္းေတြကိုေျပာျပလိုက္ေတာ့ သူတို႔ဖက္ကလဲ သိသိခ်င္း ခ်က္ခ်င္းကို အႏူးအၫြတ္ေတာင္းပန္ၾကပါတယ္”လို႔လည္း ဆက္လက္ ေရးသားထားတာ ျဖစ္ပါတယ္။

Project K အဖြဲ႕ဟာ လူငယ္ေကာင္ေလး(၇) ေယာက္နဲ႔ ဖြဲ႕စည္းထားတဲ့ အဖြဲ႕ျဖစ္ပါတယ္။ သူတို႔အဖြဲ႕ဟာ ၂၀၁၆ခုႏွစ္က ကိုရီးယာႏိုင္ငံတြင္ ျပဳလုပ္ခဲ့တဲ့ Seoul K-Pop International Cover Dance မွာ ျမန္မာႏိုင္ငံကိုယ္စားျပဳအျဖစ္ သြားေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး ဒုတိယဆုကို ဆြတ္ခူးႏိုင္ခဲ့တဲ့အဖြဲ႕လည္း ျဖစ္ပါတယ္။ မိန္းကေလးပရိသတ္မ်ားရဲ႕ အားေပးမႈ အခိုင္အမာရရွိ Project K အဖြဲ႕ဟာ ၿပီးခဲ့ေသာ လပိုင္းေလာက္ The Beginning ဆိုတဲ့ ေတးအယ္လ္ဘမ္ကို ထြက္ရွိထားပါေသးတယ္။ Project K အဖြဲ႕မွာ ထက္ဘုန္းႏိုင္၊ ဝီလွ်ံ၊ ဘုန္းေနမင္း၊ဘုန္းေနလင္း၊ ဟိန္းရာ၊ ရဲရင့္ေသာ္နဲ႔ မင္းခန႔္ဟိန္းတို႔ပါဝင္ပါတယ္။

Unicode

Asia Song Festival 2020 ဖျော်ဖြေပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ပါဝင်ခဲ့တဲ့ Project K အဖွဲ့ဟာ ရွှေတိဂုံစေတီတော်ကြီးရဲ့ ပုံရိပ်ကို နင်းပြီး ကပြဖျော်ဖြေခဲ့တာတွေနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ခံနေရတာဖြစ်ပါတယ်။ အောက်တိုဘာလ ၁၀ ရက်နေ့ညနေပိုင်းက တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Asia Song Festival 2020 မှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ပါဝင်ဖျော်ဖြေခဲ့တဲ့ Project K အဖွဲ့အနေနဲ့ ရွှေတိဂုံစေတီတော် ပုံရိပ်ကို နင်းပြီး ဖျော်ဖြေတင်ဆက်ထားမှုအပေါ် လူမှုကွန်ယက်စာမျက်နှာပေါ်က ဗုဒ္ဓဘာသာဝင် ပရိသတ်တွေအနေနဲ့ ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့ကြပါတယ်။

ဒီလို ပြင်းထန်စွာ ဝေဖန်မှုတွေ ခံလာရတဲ့အပေါ် Project K အဖွဲ့သားတွေက အကောင်းဆုံးဖြစ်ဖို့ကိုသာ အားစိုက်ကြိုးစားနေရတာ ဖြစ်တဲ့အတွက် အောက်ခြေ LED မှာ ဘယ်လို ပုံရိပ်တွေ ထိုးခဲ့မှန်းတောင် သတိမထားမိခဲ့တဲ့ အကြောင်း ပြန်ဖြေရှင်းလာခဲ့ပါတယ်။

” ကျွန်တော်တို့ မနေ့က Asia Song Festival 2020 ပွဲမှာ ဖျော်ဖြေတုန်းက ရွှေတိဂုံစေတီတော် ပုံရိပ်ကို အောက် LED မှာပြ‌နေတယ်ဆိုတာ ကျွန်တော်တို့ ဖျော်ဖြေပြီးမှသိခဲ့ရတာပါခင်ဗျ။ မနေ့က မဖျော်ဖြေခင် Run through Rehearsal ၂ခေါက်လုပ်ရပါတယ်။ အဝတ်အစား အပြည့်အစုံနဲ့ ပွဲမှာ ဖျော်ဖြေသလို အပြည့်ကပြရတာပါ ( တခြား Korea Idol တွေအပါအဝင် ပွဲဖျော်ဖြေသလို တောက်လျှောက်လုပ်သွားရတော့ နေရာချချိန်တောင် မရခဲ့ပါဘူးဗျ )LED မှာပြမယ့် Video တွေအကုန်လုံးကလည်း ပွဲကပဲစီစဉ်တာပါ။ ပထမတစ်ကြိမ် rehearsal မှာ LED မထိုးသေးပါဘူး။ ဒုတိယအကြိမ် rehearsal ဖျော်‌ဖြေရတဲ့အချိန်မှာမှ LED တွေပါလာတာပါ။

အောက်မှာ LED လင်းနေမှန်းတော့သိပေမယ့် rehearsal ကနေတဲ့အချိန် ဘာပုံရိပ်မှန်းသေသေချာချာမသိခဲ့ပါဘူး။ (Rehearsal က နေ့ခင်းမှာလုပ်ရတာကတစ်‌ကြောင်း၊ Stage အရမ်းကြီးတာကတစ်ကြောင်း၊ အပေါ်စီးကရိုက်မှသာမြင်နိုင်မှာဖြစ်တာကတစ်ကြောင်း အောက် LED ကပုံရိပ်မှာ ရွှေတိဂုံ‌စေတီတော် ပုံရိပ်ပါတယ်ဆိုတာ ကျွန်တော်တို့လည်းလုံးဝသတိမထားမိခဲ့ပါဘူး။ (ကျွန်တော်တို့အားလုံးကလည်း ဗုဒ္ဓဘာသာဝင်တွေပါပဲ။အောက်ခြေမှာအခုလိုရှိမှန်းသိရင် ကျွန်တော်တို့လည်း ထည့်ခိုင်းမှာမဟုတ်ပါဘူးဗျ ) အောက်ခြေ LED မှာ ရွှေတိဂုံ‌စေတီတော် ပုံပေါ်နေတယ်ဆိုတာကို တစ်ကယ့်ဖျော်ဖြေရေးပြီးလို့ video ပြန်ကြည့်မှသိခဲ့ရတာပါခင်ဗျ” ဆိုပြီးတော့ အောက်တိုဘာလ ၁၁ ရက်နေ့ နေ့လယ် ၁ နာရီကျော်က Project K Facebook စာမျက်နှာမှာ တရားဝင် ဖြေရှင်း ခဲ့တာဖြစ်ပါတယ်။

Asia Song Festival 2020 ဂီတဖျော်ဖြေပွဲမှာတော့ အာရှနိုင်ငံ အသီးသီးမှာရှိကြတဲ့ ဂီတအနုပညာရှင်များက ပါဝင်သီဆိုခဲ့ကြတာဖြစ်ပါတယ်။ Project K အဖွဲ့ အနေနဲ့ Asia Song Festival ပွဲနဲ့ ပတ်သက်ပြီး ၂၀၂၀ ဖျော်ဖြေပွဲဟာ ပထမဆုံး ဖျော်ဖြေရတဲ့ ပွဲဖြစ်တာကြောင့်သူတို့ ကိုယ်တိုင်ကလည်း အကောင်းဆုံး ဖျော်ဖြေနိုင်ဖို့ကိုသာ အာရုံစိုက်နေခဲ့မိတာကြောင့် အခုလို ဝေဖန်စရာ အကြောင်းအရာတွေ ဖြစ်လာခဲ့တဲ့ အပေါ် Project K အဖွဲ့သားတွေက တောင်းပန်စကားဆိုလာပါတယ်။

” Rehearsal အချိန်မှာရော ပွဲဖျော်ဖြေနေတဲ့အချိန်မှာပါ နိုင်ငံအတွက် အကောင်းဆုံး ကြိုးစား‌ကြမယ်ဆိုတဲ့ စိတ်နဲ့ပဲ ကြိုးစားပြီးဖျော်ဖြေခဲ့ကြတာပါ။ ပွဲပြီးလို့ ကြည့်မိတော့မှ အခုလိုပဲ ဖြစ်နေခဲ့တာပါဗျာ။ ကျွန်တော်တို့ Project K အဖွဲ့အနေနဲ့ အကောင်းဆုံး ကြိုးစားခဲ့ပေမဲ့ အခုလိုလွဲချော်မှုဖြစ်သွားခဲ့တဲ့အတွက် တကယ်ကို စိတ်မကောင်းဖြစ်ရပါတယ်။ အားလုံးကိုလဲ ဒီကနေ အနူးအညွန့်တောင်းပန်အပ်ပါတယ် ၊၊ အခုလဲ ပွဲက တာဝန်ရှိ လူကြီးမင်းတွေကိုပြောပြလိုက်တော့ သူတို့ဖက်ကလဲ သိသိချင်း ချက်ချင်းကို အနူးအညွတ်တောင်းပန်ကြပါတယ်”လို့လည်း ဆက်လက် ရေးသားထားတာ ဖြစ်ပါတယ်။

Project K အဖွဲ့ဟာ လူငယ်ကောင်လေး(၇) ယောက်နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ ၂၀၁၆ခုနှစ်က ကိုရီးယာနိုင်ငံတွင် ပြုလုပ်ခဲ့တဲ့ Seoul K-Pop International Cover Dance မှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့အဖွဲ့လည်း ဖြစ်ပါတယ်။ မိန်းကလေးပရိသတ်များရဲ့ အားပေးမှု အခိုင်အမာရရှိ Project K အဖွဲ့ဟာ ပြီးခဲ့သော လပိုင်းလောက် The Beginning ဆိုတဲ့ တေးအယ်လ်ဘမ်ကို ထွက်ရှိထားပါသေးတယ်။ Project K အဖွဲ့မှာ ထက်ဘုန်းနိုင်၊ ဝီလျှံ၊ ဘုန်းနေမင်း၊ဘုန်းနေလင်း၊ ဟိန်းရာ၊ ရဲရင့်သော်နဲ့ မင်းခန့်ဟိန်းတို့ပါဝင်ပါတယ်။

Credit

About the author

Aung Lay

Leave a Comment