Unicode
ကိုဗစ် ကာလ အတွင်း မေ လ အတွက် မီတာခ ကောက်ခံမှု ကို (၇၅) ယူနစ် ထပ်မံ ကင်းလွတ်ခွင့် ပေးလိုက်တယ် လို့ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန က ကြေညာခဲ့ပါ တယ်။
မေ ၁၅ ရက်အထိ မီတာခကို ၇၅ ယူနစ်အထိ ကင်းလွတ်ခွင့်ပေးမယ် လို့ ဝန်ကြီးဌာနက ကြေညာခဲ့ပြီး ယခုထပ်မံပြီး ၇၅ ယူနစ် ကင်းလွတ်ခွင့် ပြုခဲ့တာကြောင့် စုစုပေါင်း ယူနစ် ၁၅၀ ကင်းလွတ်ခွင့် ရရှိ မှာပါ ။
အဲဒီ ကင်းလွတ်ခွင့်ဟာ အိမ်သုံး အမျိုးအစား လျှပ်စစ်ဓာတ်အား သုံးစွဲတဲ့ ပြည်သူတွေ ၊ ဘာသာရေး အဖွဲ့အစည်းတွေ နဲ့ ပြည်တွင်းလူမှုရေး အဖွဲ့အစည်းတွေ ( သံရုံးများ ၊ ကုလသမဂ္ဂ နှင့် နိုင်ငံတကာ အဖွဲ့အစည်းများမပါ ) ရရှိမှာ ဖြစ် ပါတယ် ။
အစိုးရအနေ နဲ့ Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ် ထိန်းချုပ်ရေးကာလ ကို မေ ၁၅ ရက် အထိ မူလက သတ်မှတ်ခဲ့ပေမယ့် မေ ၃၁ ရက် ထပ်မံတိုးမြှင့် ခဲ့တာကြောင့် မီတာခတွေ အခု လို လျော့ပေါ့ပေးခဲ့ တာပါ ။
Source – M O E E
Credit – One News