ၾကားသိရသမ်ွ

ရက်ပိုင်းလောက် နေရတာတောင် မအောင့်နိုင်ကြ တဲ့ ရွှေမြန်မာတွေ (ကိုဗစ် လူနာကို ပို့တဲ့ ပစ္စည်းတွေတဲ့)

Written by Aung Lay

အားလုံး လဲ သိၾကတဲ့အတိုင္း ရန္ကုန္တိုင္း အပါအဝင္ တျပည္လုံးက Center ေတြမွာ COVID လူနာေတြကို ျပဳစုကုသေပးေနပါတယ္။ ICU ေတြ HDU ေတြ အပါအဝင္ လူနာအခန္းေတြ အားလုံး အကုန္ေကာင္းမြန္ေအာင္ ေဆာင္႐ြက္ေပးထားတယ္။ ေအာက္ဆီဂ်င္ အလြယ္တကူရႉလို႔ရေအာင္ လုပ္ေပးထားတယ္။ ေခါင္းရင္းမွာ ပိုက္လိုင္းေတြရွိတယ္။ ကုတင္၊ အိပ္ယာက အစ အစားအေသာက္အလယ္ အမႈိက္ရွင္းတာအဆုံး ပရဟိတအဖြဲ႕ေတြက တာဝန္ယူ လုပ္ေပးေနတယ္။ ဒီေလာက္ေကာင္းေအာင္ လုပ္ေပးေနတာေတာင္ လူလို နားမလည္တဲ့လူေတြ ေတြ႕လာေနရတယ္။

Center ေတြထဲကို မုန႔္ပုံးေတြ၊ အေအးဗူးေတြ၊ ေပါင္မုန႔္ေတြ အပါအဝင္ ေပးပို႔ၾကတဲ့အထဲမွာ ကြမ္းယာေတြ၊ ေဆးလိပ္ေတြ ညႇပ္ထည့္ေပးေနတာကို ေတြ႕ရတယ္။ ကြမ္းယာဟာ သိပ္အေရးႀကီးပါတယ္။ စားမယ္။ တံေတြးတပ်စ္ပ်စ္နဲ႔ ေလွ်ာက္ေထြးၾကမယ္။ မေတာ္တဆ ထိကိုင္မိသူေတြ ကူးစက္ကုန္မယ္။ ေဆး႐ုံေတြလဲ အနံ႔ေတြ နံမယ္။ ကြမ္းေသြးေတြနဲ႔ အကုန္ပ်က္စီး ကုန္ပါမယ္။ ကိုယ္က Positive လူနာဆိုတာကို နားလည္ပီး စည္းကမ္းရွိေပးၾကဖို႔ လိုပါတယ္။

ေဆးလိပ္ကိစၥက ပိုဆိုးပါတယ္။ ေခါင္းရင္းမွာ ထား ထားတဲ့ ေအာက္ဆီဂ်င္ပိုက္လိုင္းေတြ၊ ေအာက္ဆီဂ်င္ အိုးေတြနားမွာ ေဆးလိပ္ေသာက္လို႔ မီးကူးပီး ေပါက္ကြဲကုန္ရင္ လူနာေတြေကာ၊ ဆရာဝန္ေတြေကာ အကုန္ဒုကၡေရာက္ၾကရမယ္။ မေျပးႏိုင္တဲ့သူေတြဆို ေသကုန္မယ္။ အခက္အခဲေတြၾကားက ေငြကုန္ေၾကးက်ခံပီး မနည္းတည္ေဆာက္ထားရတာေတြပါ။ ဒါေတြ မီးေလာင္ကုန္ရင္ ထပ္တည္ေဆာက္ေပးဖို႔ မလြယ္ပါဘူး။ ဒီ ၁၁ ရက္ေလာက္ ကြမ္းမစား၊ ေဆးလိပ္မေသာက္လို႔ ေသမသြားပါဘူး။ COVID ျဖစ္ေနတုန္း၊ ေဆး႐ုံတက္ေနတုန္းေတာ့ မေသာက္ၾကပါနဲ႔။ အျပင္ကလူေတြကလဲ လူလို နားလည္ရင္ အဲဒါေတြ ထည့္မေပးသင့္ဘူးဆိုတာ သိတတ္သင့္ပါတယ္။

ပညာနည္းတာထက္ စဥ္းစားဆင္ျခင္တုံတရား မရွိတာ အလြန္ ခက္ပါတယ္။ ျပည္သူအမ်ားစုက အစိုးရေကာင္းတရပ္ေအာက္မွာ စည္းကမ္းတက် ေနတတ္လာေပမယ့္ တခ်ိဳ႕ေတြကေတာ့ အရင္လို စစ္ဖိနပ္နဲ႔ နင္းထားတဲ့လူေတြနဲ႔မွ ထိုက္တန္ပါတယ္။ ေနာက္ဆိုရင္ ဒါမ်ိဳးဆိုရင္ အျပင္ကေပးပို႔တဲ့သူေကာ အထဲက လက္ခံတဲ့သူကိုပါ အေရးယူဖို႔ထိ စီစဥ္ေဆာင္႐ြက္သင့္ပါတယ္။ ၾကားထဲက ပစၥည္းေတြကို ထိုင္စစ္ေနရလို႔ ပရဟိတအဖြဲ႕ေတြလဲ အခ်ိန္ေတြ အလဟသ ပိုကုန္ေနရပါတယ္။ ဒါေၾကာင့္ လူဆိုရင္ လူလို သိတတ္ၾကပါလို႔ ေျပာလိုက္ပါရေစ။

Nay Thway

Unicode

အားလုံး လဲ သိကြတဲ့အတိုင်း ရန်ကုန်တိုင်း အပါအဝင် တပြည်လုံးက Center တွေမှာ COVID လူနာတွေကို ပြုစုကုသပေးနေပါတယ်။ ICU တွေ HDU တွေ အပါအဝင် လူနာအခန်းတွေ အားလုံး အကုန်ကောင်းမွန်အောင် ဆောင်ရွက်ပေးထားတယ်။ အောက်ဆီဂျင် အလွယ်တကူရှူလို့ရအောင် လုပ်ပေးထားတယ်။ ခေါင်းရင်းမှာ ပိုက်လိုင်းတွေရှိတယ်။ ကုတင်၊ အိပ်ယာက အစ အစားအသောက်အလယ် အမှိုက်ရှင်းတာအဆုံး ပရဟိတအဖွဲ့တွေက တာဝန်ယူ လုပ်ပေးနေတယ်။ ဒီလောက်ကောင်းအောင် လုပ်ပေးနေတာတောင် လူလို နားမလည်တဲ့လူတွေ တွေ့လာနေရတယ်။

Center တွေထဲကို မုန့်ပုံးတွေ၊ အအေးဗူးတွေ၊ ပေါင်မုန့်တွေ အပါအဝင် ပေးပို့ကြတဲ့အထဲမှာ ကွမ်းယာတွေ၊ ဆေးလိပ်တွေ ညှပ်ထည့်ပေးနေတာကို တွေ့ရတယ်။ ကွမ်းယာဟာ သိပ်အရေးကြီးပါတယ်။ စားမယ်။ တံတွေးတပျစ်ပျစ်နဲ့ လျှောက်ထွေးကြမယ်။ မတော်တဆ ထိကိုင်မိသူတွေ ကူးစက်ကုန်မယ်။ ဆေးရုံတွေလဲ အနံ့တွေ နံမယ်။ ကွမ်းသွေးတွေနဲ့ အကုန်ပျက်စီး ကုန်ပါမယ်။ ကိုယ်က Positive လူနာဆိုတာကို နားလည်ပီး စည်းကမ်းရှိပေးကြဖို့ လိုပါတယ်။

ဆေးလိပ်ကိစ္စက ပိုဆိုးပါတယ်။ ခေါင်းရင်းမှာ ထား ထားတဲ့ အောက်ဆီဂျင်ပိုက်လိုင်းတွေ၊ အောက်ဆီဂျင် အိုးတွေနားမှာ ဆေးလိပ်သောက်လို့ မီးကူးပီး ပေါက်ကွဲကုန်ရင် လူနာတွေကော၊ ဆရာဝန်တွေကော အကုန်ဒုက္ခရောက်ကြရမယ်။ မပြေးနိုင်တဲ့သူတွေဆို သေကုန်မယ်။ အခက်အခဲတွေကြားက ငွေကုန်ကြေးကျခံပီး မနည်းတည်ဆောက်ထားရတာတွေပါ။ ဒါတွေ မီးလောင်ကုန်ရင် ထပ်တည်ဆောက်ပေးဖို့ မလွယ်ပါဘူး။ ဒီ ၁၁ ရက်လောက် ကွမ်းမစား၊ ဆေးလိပ်မသောက်လို့ သေမသွားပါဘူး။ COVID ဖြစ်နေတုန်း၊ ဆေးရုံတက်နေတုန်းတော့ မသောက်ကြပါနဲ့။ အပြင်ကလူတွေကလဲ လူလို နားလည်ရင် အဲဒါတွေ ထည့်မပေးသင့်ဘူးဆိုတာ သိတတ်သင့်ပါတယ်။

ပညာနည်းတာထက် စဉ်းစားဆင်ခြင်တုံတရား မရှိတာ အလွန် ခက်ပါတယ်။ ပြည်သူအများစုက အစိုးရကောင်းတရပ်အောက်မှာ စည်းကမ်းတကျ နေတတ်လာပေမယ့် တချို့တွေကတော့ အရင်လို စစ်ဖိနပ်နဲ့ နင်းထားတဲ့လူတွေနဲ့မှ ထိုက်တန်ပါတယ်။ နောက်ဆိုရင် ဒါမျိုးဆိုရင် အပြင်ကပေးပို့တဲ့သူကော အထဲက လက်ခံတဲ့သူကိုပါ အရေးယူဖို့ထိ စီစဉ်ဆောင်ရွက်သင့်ပါတယ်။ ကြားထဲက ပစ္စည်းတွေကို ထိုင်စစ်နေရလို့ ပရဟိတအဖွဲ့တွေလဲ အချိန်တွေ အလဟသ ပိုကုန်နေရပါတယ်။ ဒါကြောင့် လူဆိုရင် လူလို သိတတ်ကြပါလို့ ပြောလိုက်ပါရစေ။

Nay Thway

About the author

Aung Lay

Leave a Comment