Cele News

ဒိန်းဒေါင် အသိအမှတ်ပြုချီးကျူးခံခဲ့ရတဲ့ လူသားဆန်သော လူသား (သို့)လှူဒါန်းရလို့မျက်ရည်ဝဲတဲ့ ကုန်စိမ်းသည်(video)

Written by Aung Lay




Source ; Dain Daung`Fb

Unicode

နိုင်ငံကျော်လူရွှင်တော် သရုပ်ဆောင်တသ်ယောက်ဖြစ်တဲ့ ဒိန်းဒေါင်တစ်ယောက်ကတော့ လက်ရှိဖြစ်ပွှားလျက်ရှိတဲ့ covide 19ကပ်ရောဂါဆိုးကြီးကို တွန်းလှန်တိုက်ထုတ်တဲ့နေရာမှာ တစ်ဒေါင့်တစ်နေရာကနေ မိသားစုနဲ့ခွဲခွာပြီး တက်ကြွစွာ လုပ်ဆောင်လျက်ရှိပါတယ်။ချွန်တွန်းပရဟိတအဖွဲ့တည်ထောင်ကာ ဆင်းရဲချို့တဲ့သော မိသားစုဝင်တွေကို လိုက်လံ ကူညီလှူဒါန်းလျက်ရှိပါတယ်။

မကြာသေးမီကလည်း သူပိုင်ဆိုင်တဲ့ အိမ်တွေမှာ ငှားရမ်းနေထိုင်သူတွေကိုလည်း ကိုဗစ်ကာလမှာ အိမ်လခမယူတော့ဘူးလို့ ကြေငြာခဲ့ပါတယ်။ပရဟိတစိတ်အပြည့်နဲ့ ကိုယ်တိုင်လိုက်လံလှူဒါန်းတဲ့အခါမှာလည်း ကူညီလှူဒါန်းသူတွေ ကြည်နူးပီတိဖြစ်စေဖို့ လူမှုကွန်ယက်စာမျက်နှာကနေ မျှဝေပေးလေ့ရှိပါတယ်။ယနေ့မျှဝေလာတဲ့ videoလေးကတော့ ကြည်ရှုသူပရိတ်သတ်တွေပါ ပီတိမျက်ရည်ကျလောက်အောင်ထိ ကြည်နူးစရာ videoလေးအဖြစ် အားလံးက မှတ်ချက်ပြုခဲ့ကြပါတယ်။

video ထဲမှာကုန်စိမ်းရောင်းတဲ့ လူငယ်တစ်ယောက်ဟာ ဒိန်းဒေါင်းရဲ့ အလှူဒါနမှာ သူရောင်းချမယ့် သီးနှံတွေကို လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။သူ့အနေနဲ့ အဆင်မပြေသူတွေကို မလှူဒါန်းနိုင်ခဲ့တဲ့အတွက် ဝမ်းနည်းမိကြောင်းနဲ့ အခုလိုရှိတာ တတ်နိုင်တာလေးလှူဒါန်းရကြောင်းမျက်ရည်ဝဲစွာပြောပြခဲ့ပြီး ဒိန်းဒေါင်းကလည်း သူလှူဒါန်းတာတွေကို မရှိသူတွေလက်ထဲ အရောက်ပို့ပေးဖို့ ကတိပေးပြီး ချီးကျူးအသိအမှတ်ပြုခဲ့ပါတယ်။ပရိတ်သတ်ကြီးလည်း ကြည်နူးပီတိဖြစ်စေဖို့ videoလေူကို မျှဝေပေးလိုက်ပါတယ်။

Source ; Dain Daung`Fb

About the author

Aung Lay

Leave a Comment