News

မနက်ဖြန်ကစပြီး ရန်ကုန်ဘက်အခြမ်း မှ အမြန်လမ်းပေါ်တက်မည့်ယာဉ်များအားလုံး ကိုဗစ် မရှိကြောင်း ထောက်ခံစာပါမှ ဖြတ်သန်းခွင့်ပြုမည်

Written by Aung Lay










Unicode

မနက်ဖြန် ကစပြီး ရန်ကုန် ဘက်အခြမ်း မှ အမြန်လမ်းပေါ်တက်မည့်ယာဉ်များအားလုံး ကိုဗစ် မရှိကြောင်း ထောက်ခံစာပါမှ ဖြတ်သန်းခွင့်ပြုမည်

အောက်တိုဘာ၁၃ရက်နံနက်၆နာရီမှစတင်ရန်ကုန်ဘက်အခြမ်းမှအမြန်လမ်းပေါ်တက်မည့်ယာဉ်များအားလုံးကိုဗစ်မရှိကြောင်း ထောက်ခံစာပါမှ

ဖြတ်သန်းခွင့်ပြုသွားမည်ဖြစ်ကြောင်းအမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးကထုတ်ပြန်လိုက်ပါတယ်။

အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးကမနက်ဖန် အောက်တိုဘာ၁၃ရက်နေ့နံနက်၀၆၀၀အချိန်မှစတင်၍အမြန်လမ်းမကြီးမိုင်တိုင်(ဝ/၅)နှင့်(ဝ/၆)အကြားရန်ကုန်–

မန္တလေးသွားလမ်း၌ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီအမံဖြင့်ရန်ကုန်တိုင်းဒေသကြီးနယ်မြေအတွင်းမှအမြန်လမ်းမကြီးပေါ်သို့တက်ရောက်လာသည့်ကုန်တင်

ယာဉ်၊ခရီးသည်တင်ယာဉ်နှင့်အိမ်စီးကိုယ်ပိုင်ယာဉ်များအားလုံးမှယာဉ်မောင်း၊ယာဉ်နောက်လိုက်နှင့်ယာဉ်ပေါ်ပါသူအားလုံးCOVID-19 ရောဂါပိုးမရှိကြောင်း

ထောက်ခံစာပါရှိခြင်းရှိ/မရှိစစ်ဆေးသွားမည်ဖြစ်ပြီးထောက်ခံစာပါရှိသူများကိုဆက်လက်သွားလာစေမည်ဖြစ်ပါတယ်လို့ဆိုပါတယ်။

ထောက်ခံစာမပါရှိသည့်ယာဉ်မောင်း၊ယာဉ်နောက်လိုက်နှင့်ယာဉ်ပေါ်ပါရှိသူများအားကျန်းမာရေးဝန်ထမ်းများ၏စစ်ဆေးမှုခံယူပြီးCOVID–19

ရောဂါပိုးမရှိကြောင်းစစ်ဆေးတွေ့ရှိမှသာ ထောက်ခံချက်ပေးပြီးဆက်လက်သွားလာစေမည်ဖြစ်ပါတယ်လို့သတိပေးချက်ထုတ်ပြန်ထားပါတယ်။

Credit

About the author

Aung Lay

Leave a Comment