Cele News
Online Shop liveလွင့်​ပေးရာမှ ရရှိတဲ့ ၁၅သိန်းကို ကိုဗစ်တိုက်ဖျက်ရေးအတွက်လှူဒါန်းခဲ့တဲ့ မေလသံစဥ်
Written by Aung Lay
Source ;မေလသံစဉ်`Fb
Unicode
မြန်မာသံစဉ်အေးအေးလေးတွေနဲ့ ပရိတ်သတ်ကို ဖမ်းစားခဲ့တဲ့ မေလသံစဉ်ကတော့ ပရိတ်သတ်ရဲ့ အားပေးမှုကို အခိုင်အမာရရှိခဲ့ထားတဲ့ ငယ်ရွယ်တဲ့ အနုပညာရှင်တစ်ယောက်လဲ ဖြစ်ပါတယ်။ကိုယ်ပိုင်ဟန်သီဆိုမှုလေးကြောင့် ပရိတ်သတ်ရဲ့ ချစ်ခင်အားပေးမှုကို ငယ်ငယ်ရွယ်ရွယ်နဲ့ပိုင်ဆိုင်နိုင်ခဲ့သူလေး ဖြစ်ပါတယ်။
ငယ်ရွယ်စဉ်ကတည်းက ဂီတပြိုင်ပွဲတွေမှာ ထူးချွန်ဆုတွေ ရရှိဖူးသူဖြစ်တာကြောင့် ကလေးဘဝကတည်းက ပရိတ်သတ် အားပေးမှုကို ရရှိခဲ့သူလည်းဖြစ်ပါတယ်။သူမ အနေနဲ့ လက်ရှိဖြစ်ပွားလျက်ရှိသော covide 19 ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် တတ်နိုင်တဲ့ဘက်ကနေ ကူညီလှူဒါန်းမှုတွေ ပြုလုပ်လျက်ရှိပါတယ်။သူမအနေနဲ့ အရင်က online shopတွေက liveလွင့် ဈေးရောင်းငှားရမ်းတာ လက်ခံမှု မရှိခဲ့ပေမယ့် လှူဒါန်းရန် ရည်ရွယ်ပြီး လက်ခံliveလွင့် ခဲ့တဲ့အကြောင်းမျှဝေလာခဒ့ပါတယ်။
ပြီးခဲ့တဲ့ရက်က ရွှေသမီးရွှေဆိုင် liveလွင့်ဈေးရောင်းရာမှ ရရှိခဲ့တဲ့ အနုပညာကြေး ၁၅သိန်းကို ကိုဗစ်ထိန်းချုပ်ရေးအတွက် လှူဒါန်းခဲ့ပြီး သူမအနေနဲ့ လှူဒါန်းဖို့ရည်ရွယ်ပြီး liveလွင့် ဈေးရောင်း ရတာ ပင်ပန်းတယ်ထင်ပေမယ့် ကြိုးစားလုပ်နိုင်ခဲ့တာကြောင့် ကြည်နူးမိတဲ့အကြောင့်မျှဝေလာခဲ့ပါတယ်။မလုပ်ချင်ပေမယ့် အလှူအတွက်မို့ နားလည်ချစ်ခင်ပေးကြတဲ့ ချစ်ပရိတ်သတ်ကြီးကိူလည်း ကျေးဇူးတင်ရှိကြောင်း မျှဝေခဲ့ပါတယ်။
Source ;မေလသံစဉ်`Fb
About the author
Aung Lay
Leave a Comment