ၾကားသိရသမ်ွ
မြင်နေကြမဟုတ်တဲ့ အံ့အားသင့်စရာ တမူထူးခြား ရွာထူးဆန်းများ
Written by Aung Lay
Unicode
မြင်နေကြမဟုတ်တဲ့ အံ့အားသင့်စရာ တမူထူးခြား ရွာထူးဆန်းများ
ထူးထူးခြားခြားလေးတွေကိုမှ ကြိုက်တယ်ဆိုတဲ့ ပရိသတ်တွေအတွက် ဒီတစ်ခေါက်ဖော်ပြပေးမယ့် အကြောင်းအရာကတော့ မြင်နေကြ မဟုတ်ပဲ အံ့အားသင့်စရာ ထူးဆန်းတဲ့ရွာများအကြောင်း တင်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။ ဒီလောကကြီးမှာ ထူးဆန်းတဲ့ အရာတွေ အများကြီး ရှိသလို ကိုယ်တိုင်လည်း လက်လှမ်းမမှီနိုင်တဲ့ အရာတွေကလည်း အများ ကြီးပဲရှိကြပါတယ်။ အခုရွာလေးတွေကတော့ သာမန်ရွာလေးတွေနဲ့မတူပဲ တမူခြားနေတဲ့အတွက်ဖော်ပြ ပေး လိုက်တာပဲဖြစ်ပါတယ်။
(၁) လူပုလေးတွေ အများစုနေတဲ့ရွာလေး
ဒီရွာလေးကတော့ တရုတ်နိုင်ငံက ရွာလေးတစ်ရွာပဲ ဖြစ်ပါတယ်။ ရွာနာမည်ကတော့ ရန်ရှီးဖြစ်ပြီး ဒီရွာမှာ နေထိုင်ကြတဲ့ လူဦးရေရဲ့ ၄၀ရာခိုင်နှုန်းလောက်က လူပုလေးတွေ ဖြစ်ကြပါတယ်။ လူပုလေးတွေက ဒီရွာ လေးကို ပြောင်းရွေ့နေထိုင်ကြတဲ့ သူတွေမဟုတ်ဘဲ ဒီရွာမှာပဲ မွေးပြီး ကြီးပြင်းလာကြတဲ့ သူတွေပါ။ ရွာခံ အသက်အရွယ်ကြီးရင့်သူတွေ ရဲ့ ပြောကြားချက်အရတော့ ရွာလေးက အရင်တုန်းက ရွာသူရွာသားတွေ အကုန်လုံး ကျန်းမာပျော်ရွင်ခဲ့ကြပေမယ့်လည်း ၁၉၅၁ ခုနှစ် နွေရာသီမှာတော့ ထူးဆန်းတဲ့ ရောဂါတစ်မျိုးက ရွာသူရွာသားတွေကို ရိုက်ခတ်လာပါတယ်။အသက် ၅နှစ်ကနေ ၇နှစ်အရွယ် ကလေးငယ်တွေအကုန်လုံး ရောဂါဖြစ်ခဲ့ကြပြီး ဝေဒနာတွေကို စတင်ခံစားကြရပါတော့တယ်။ ရောဂါဖြစ်ပြီး အသက်ရှင်ကျန်ခဲ့တဲ့ ကလေး တွေအားလုံးဟာ ကြီးထွားမှုနှုန်းတွေ ရပ်တန့်သွားခဲ့ကြပါတယ်။ သူတို့တွေအရွယ်လောက်လာတဲ့ အခါမှာတော့ လူပုလေးတွေလိုမျိုး ဖြစ်သွားကြပါတော့တယ်။ ဒါကြောင့်လည်း ရွာမှာရှိတဲ့ လူအများစုက လူပုလေးတွေ ဖြစ်နေကြတာပဲ ဖြစ်ပါတယ်။ ဒီလိုတစ်ပုံစံတည်းရောဂါဖြစ်တာ ကူးစက်ရောဂါကြောင့်ပဲလား၊ ကျိန်စာဆိုးတွေ ကြောင့်ပဲလားဆိုတာတော့ ဘယ်သူမှမသိနိုင်ပါဘူး။
(၂) လူတစ်ယောက်တည်း နေထိုင်တဲ့ရွာလေး
ရွာလို့ဆိုလိုက်တာနဲ့ အိမ်ထောင်စုလေးတွေမြောက်မြားစွာ နေထိုင်ကြတဲ့ အစုအဖွဲ့နေရာလေးလို့ သိထားကြ ပြီးသားဖြစ်မှာပါ။ ဒါပေမယ့်အခုချိန်မှာတော့ နေထိုင်သူတစ်ယောက်တည်းရှိတဲ့ရွာလေး အဖြစ်ထူးခြားစွာရှိနေ တာကတော့ ဒိုဘရူဇာဆိုတဲ့ ရွာငယ်လေးပဲဖြစ်ပါတယ်။ အရင်တုန်းကတော့ အဲဒီရွာလေးမှာ နေထိုင်သူစုစုပေါင်း အယောက်၂၀၀လောက်ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ၂၀၁၉ခုနှစ်လောက်မှာတော့ ဒိုဘရူဇာရွာလေးမှာ နေထိုင် သူ သုံးဦးပဲ ကျန်ခဲ့ပါတယ်။ ရွာလေးရဲ့ကံဆိုးမှုတွေကရပ်တံ့မသွားသေးပဲ ရွာသားနှစ်ယောက်အသတ်ခံလိုက်ရ ပါတယ်။ ဒီတော့ ဂရီဇာဆိုတဲ့အမျိုးသားတစ်ယောက်ပဲ ရွာလေးမှာ ကျန်ခဲ့တော့တာဖြစ်ပါတယ်။ ရွာလေးမှာကျန် ခဲ့တဲ့ တစ်ဦးတည်းသော အမျိုးသားဖြစ်တဲ့ ဂရီဇာ ကိုတစ်ခါတရံမှာ သူပိုင်တဲ့ လယ်ထဲမှာတွေ့ရလေ့ရှိပါတယ်။ ရှပ်အင်္ကျ ီတစ်ထည်နဲ့ အနည်းငယ်ပြဲနေတဲ့ ဂျင်းဘောင်းဘီကို ဝတ်ထားလေ့ရှိတဲ့ ဂရီဇာကို အဖော်ပြုပေးနေတာ တော့ ခွေး၅ကောင်၊ ကြောင်လေး ၂ကောင်နှင့် ဘဲငန်း ၁၅ကောင်၊ ကြက် ၄၂ကောင်၊ ဝက် အကောင် ၅၀၊ဘဲ ကောင်ရေ ၁၂၀ နှင့် ထောင်ချီနေတဲ့ ပျားကောင်ရေတွေနဲ့ တူတူ နေထိုင်နေတာပဲဖြစ်ပါတယ်။ ဂရီဇာက တော့ လက်ရှိအချိန်အထိသူ့ရွာလေးကို မစွန့်ပဲ နေထိုင်နေဆဲဖြစ်ပြီး ဘာကြောင့် တခြားနေရာကိုထွက်မသွား သေး တာလဲတော့ အခုထိပြောကြားထားခြင်းမရှိသေးပါဘူး။
(၃) မိန်းကလေးတွေပဲမွေးတဲ့ ရွာလေး
ပိုလန်နိုင်ငံက ရွာလေးတစ်ရွာဖြစ်တဲ့ မြူ့ဂျာစ့်အော်ဇာ့စကီး ဆိုတဲ့ ရွာလေးကတော့ တစ်မျိုးတစ်ဖုံထူးခြား နေပါတယ်။ အဲဒီရွာလေးရဲ့ ထူးခြားချက်ကတော့ အိမ်ထောင်ပြုပြီးသားအမျိုးသမီးတွေက ကလေးမွေးလိုက် တိုင်း မိန်းကလေးတွေချည်း မွေးနေလို့ပဲဖြစ်ပါတယ်။ အဲဒီရွာမှာနေထိုင်တဲ့ ယောကျ်ားလေးတစ်ချို့ရှိပေမယ့် အားလုံးက အသက်အရွယ်ကြီးနေကြပါပြီ။ ငယ်ရွယ်တဲ့ယောကျ်ားတစ်ဦးတစ်လေမှ ရှိမနေပါဘူး။ အခုလိုဖြစ် တာ ဆယ်နှစ်လောက်ကြာမြင့်ခဲ့ပြီဖြစ်တာတောင်မှ မီးဖွားလိုက်တိုင်း မိန်းကလေးတွေချည်းပဲ ဖြစ်နေတဲ့ အ တွက် ရွာရဲ့မျိုးဆက်ပျက်ကိန်းကို မြင်နေရပြီလို့တောင် အချို့က ပြောကြပါတယ်။ ဒါကြောင့်လည်း ရွာလေး ရဲ့ အကြီးအကဲ အာဏာပိုင်တွေက သားယောကျ်ားလေး မွေးနိုင်တဲ့ မိဘတွေကို ဆုတွေပေးမယ်လို့တောင် ကြေညာထားရပါတယ်။ ယောကျာ်လေးတွေမရှိတော့တာမို့ ရွာမှာ ယောကျ်ားတွေ လုပ်ရမယ့်အလုပ်တွေကို မိန်းကလေးတွေပဲ လုပ်နေရကြောင်းလည်း သိရပါတယ်။
(၄) တစ်ဦးနဲ့တစ်ဦးစကားမပြောပဲ လေချွန်ပြီးဆက်သွယ်ကြတဲ့ ရွာလေး
လူတစ်ဦးနဲ့ တစ်ဦးဆက်သွယ်ဖို့ ဘာသာစကားဆိုတာလိုပါတယ်။ ဒါပေမယ့် ဘာသာစကားအစား ငှက်တွေလို လေချွန်သံနဲ့ ဆက်သွယ်စကားပြောတဲ့ရွာလေး တစ်ရွာရှိနေပါတယ်။ တူရကီရဲ့ အနောက်ကမ်းရိုးတန်းမှာ ရှိတဲ့ ရွာလေးကတော့ အဲဒီလို လေချွန်သံနဲ့ ဆက်သွယ်ကြတာဖြစ်ပါတယ်။ ဘာသာစကားမရှိပဲ ငှက်တွေလိုလေချွန် သံပေးပြီး ဆက်သွယ်ကြပါတယ်။ များသောအားဖြင့် ရွာမှာနေထိုင်တဲ့လူတွေက စိုက်ပျိုးရေးကိုဦးစားပေးလုပ် ဆောင်ကြတာဖြစ်ပါတယ်။ ရွာမှာနေထိုင်တဲ့ လူတွေက လက်ဖက်စိုက်ပျိုးခြင်း၊ပြောင်းဖူး စိုက်ပျိုးခြင်းနဲ့ မုန်လာဥ နီစိုက်ပျိုးတဲ့ အလုပ်တွေကို အဓိကထားလုပ်ကိုင်ကြတာပဲဖြစ်ပါတယ်။ရွာလေးဟာ တောင်တန်းတွေကြားထဲမှာ ရှိတာကြောင့် သူတို့အချင်းချင်း ဘာသာစကားဖြစ်တဲ့ လေချွန်ခြင်းက ပဲ့တင်သံတွေကြောင့် သူတို့အချင်းချင်း သာမက အဝေးတစ်နေရာက သူတို့ရွာသာတွေကို ပါဆက်သွယ်နိုင်တဲ့ အထိ အဆင်ပြေလှတယ်လို့ဆိုပါတယ်။
About the author
Aung Lay
Leave a Comment