ဗိုလ်တထောင် ဘာသာရေးပွဲ ကိစ္စ ပြည်သူတွေ ကို ဝန်ကြီးကိုယ် တိုင် တောင်းပန်ပြီ
ရန် ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကဦးဆောင်ပြီး ကျင်းပပြုလုပ်ခဲ့တဲ့ ဘာသာရေးပွဲတစ်ခုမှာ လူစုလူဝေးဖြစ်ပွားခဲ့ပြီး လူမှုကွန်ရက်စာမျက်နှာမှာ ဝေဖန်မှုတွေရှိနေတာ ဖြစ်ပါတယ်။
ဒီကိစ္စအတွက် ရန်ကုန်တိုင်း ဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြည်သူတွေပူးပေါင်းပါဝင်မှုကြောင့် မရည်ရွယ်ဘဲ ဖြစ်ခဲ့တာလို့ဆိုခဲ့ပြီး ပြည်သူတွေကို တောင်းပန်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။
ဗိုလ်တထောင်ဘုရားမှာ အမတော် မြနန်းနွယ် နန်းဆောင်ယာယီပြောင်းရွေ့ပွဲကို တိုင်းအစိုးရက ဦးဆောင်ပြီး မေလ(၂၄)ရက်နေ့ကပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီပွဲကို ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းအပါအဝင် တိုင်းအစိုးရအဖွဲ့ဝင် အယောက် (၃၀)ကျော်လောက် တက်ရောက်ခဲ့ပြီး အလှူရှင်တွေနဲ့ ပြည်သူတွေလည်း အပါအဝင် လူ (၁၀၀) ကျော် တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
ယင်းဘာသာရေးပွဲ ကျင်းပစဉ် လူစုလူဝေးဖြစ်ခဲ့တဲ့ ပုံတွေဟာ လူမှုကွန်ရက်မှာပျံ့နှံ့ခဲ့ပြီးနောက် ပြည်သူတွေရဲ့ ဝေဖန်ပြောဆိုမှုတွေ များပြားနေတာပဲ ဖြစ်ပါတယ်။
လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက “ကျွန်တော်တို့က အခမ်းအနားကိုလည်းကျန်းမာရေးနဲ့ အညီလုပ်ခဲ့တာပါ။ ကျွန်တော်တို့ကိုယ်တိုင်ကလည်း ညွှန်ကြားချက်တွေထုတ်ထားသလို ကျွန်တော်တို့ ကိုယ်တိုင် လိုက်နာဖို့လိုတယ် ဆိုတာလည်း ကျွန်တော်တို့သိပါတယ်။
လူများသွားတာကလည်း မထင်မှတ်ဘဲအခုလိုဖြစ်သွားတာပါ။ အလှူရှင်တွေလည်းပါသလို ပြည်သူတွေလည်းပါဝင်လာတော့ လူကများသွားတာပါ။ ပွဲကိုတော့ ကျန်းမာရေးနဲ့အညီဖြစ်အောင် ကြိုးစားပြီးလုပ်ဆောင်ခဲ့ပေမယ့် လူစုလူဝေးဖြစ်သွားတဲ့အပေါ် စိုးရိမ်နေကြတဲ့ ပြည်သူတွေကိုလည်း တောင်းပန်ပါတယ်” လို့ ပြောပါတယ်။
ကိုဗစ် ဖြစ်ပွားစဉ်ကာလအတွင်းမှာ လူစူလုဝေးမလုပ်ကြဖို့အတွက် အစိုးရက ဥပဒေထုတ်ပြန်ထားပြီး ဖောက်ဖျက်သူအချို့ကိုလည်း အပြစ်ပေးအရေးယူမှုတွေရှိနေပါတယ်။ အင်းစိန်က ဘာသာရေးပွဲပြုလုပ်ရာမှာ ဦးဆောင်ခဲ့သူအချို့ကို တရားစွဲဆိုထားချိန်မှာ အခုလို တိုင်းအစိုးရဦးဆောင်တဲ့ ဘာသာရေးအခမ်းအနားလုပ်ဆောင်တာက မျှတမှုမရှိဘူးဆိုတဲ့ အမြင်တွေလည်း ပြည်သူတွေအကြားမှာရှိနေပါတယ်
Zawgyi
ဗုိလ္တေထာင္ ဘာသာေရးပြဲ ကိစၥ ျပည္သူေတြ ကုိ ဝန္ႀကီးကုိယ္ တုိင္ ေတာင္းပန္ၿပီ
ရန္ ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ကဦးေဆာင္ၿပီး က်င္းပျပဳလုပ္ခဲ့တဲ့ ဘာသာေရးပြဲတစ္ခုမွာ လူစုလူေဝးျဖစ္ပြားခဲ့ၿပီး လူမႈကြန္ရက္စာမ်က္ႏွာမွာ ေဝဖန္မႈေတြရွိေနတာ ျဖစ္ပါတယ္။
ဒီကိစၥအတြက္ ရန္ကုန္တုိင္း ေဒသႀကီး လူမႈေရးဝန္ႀကီး ဦးႏိုင္ငံလင္းက ျပည္သူေတြပူးေပါင္းပါဝင္မႈေၾကာင့္ မရည္႐ြယ္ဘဲ ျဖစ္ခဲ့တာလို႔ဆိုခဲ့ၿပီး ျပည္သူေတြကို ေတာင္းပန္ေၾကာင္း ျပန္လည္ေျဖၾကားခဲ့ပါတယ္။
ဗိုလ္တေထာင္ဘုရားမွာ အမေတာ္ ျမနန္းႏြယ္ နန္းေဆာင္ယာယီေျပာင္းေ႐ြ႕ပြဲကို တိုင္းအစိုးရက ဦးေဆာင္ၿပီး ေမလ(၂၄)ရက္ေန႔ကျပဳလုပ္ခဲ့ျခင္းျဖစ္ပါတယ္။ အဲဒီပြဲကုိ ဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းအပါအဝင္ တိုင္းအစိုးရအဖြဲ႕ဝင္ အေယာက္ (၃၀)ေက်ာ္ေလာက္ တက္ေရာက္ခဲ့ၿပီး အလႉရွင္ေတြနဲ႔ ျပည္သူေတြလည္း အပါအဝင္ လူ (၁၀၀) ေက်ာ္ တက္ေရာက္ခဲ့တယ္လုိ႔ ဆုိပါတယ္။
ယင္းဘာသာေရးပြဲ က်င္းပစဥ္ လူစုလူေဝးျဖစ္ခဲ့တဲ့ ပုံေတြဟာ လူမႈကြန္ရက္မွာပ်ံ႕ႏွံ႔ခဲ့ၿပီးေနာက္ ျပည္သူေတြရဲ႕ ေဝဖန္ေျပာဆိုမႈေတြ မ်ားျပားေနတာပဲ ျဖစ္ပါတယ္။
လူမႈေရးဝန္ႀကီး ဦးႏုိင္ငံလင္းက “ကြၽန္ေတာ္တို႔က အခမ္းအနားကိုလည္းက်န္းမာေရးနဲ႔ အညီလုပ္ခဲ့တာပါ။ ကြၽန္ေတာ္တို႔ကိုယ္တိုင္ကလည္း ၫႊန္ၾကားခ်က္ေတြထုတ္ထားသလို ကြၽန္ေတာ္တို႔ ကိုယ္တိုင္ လိုက္နာဖို႔လိုတယ္ ဆိုတာလည္း ကြၽန္ေတာ္တို႔သိပါတယ္။
လူမ်ားသြားတာကလည္း မထင္မွတ္ဘဲအခုလိုျဖစ္သြားတာပါ။ အလႉရွင္ေတြလည္းပါသလို ျပည္သူေတြလည္းပါဝင္လာေတာ့ လူကမ်ားသြားတာပါ။ ပြဲကိုေတာ့ က်န္းမာေရးနဲ႔အညီျဖစ္ေအာင္ ႀကိဳးစားၿပီးလုပ္ေဆာင္ခဲ့ေပမယ့္ လူစုလူေဝးျဖစ္သြားတဲ့အေပၚ စိုးရိမ္ေနၾကတဲ့ ျပည္သူေတြကိုလည္း ေတာင္းပန္ပါတယ္” လို႔ ေျပာပါတယ္။
ကုိဗစ္ ျဖစ္ပြားစဥ္ကာလအတြင္းမွာ လူစူလုေဝးမလုပ္ၾကဖို႔အတြက္ အစိုးရက ဥပေဒထုတ္ျပန္ထားၿပီး ေဖာက္ဖ်က္သူအခ်ိဳ႕ကိုလည္း အျပစ္ေပးအေရးယူမႈေတြရွိေနပါတယ္။ အင္းစိန္က ဘာသာေရးပြဲျပဳလုပ္ရာမွာ ဦးေဆာင္ခဲ့သူအခ်ိဳ႕ကို တရားစြဲဆိုထားခ်ိန္မွာ အခုလို တိုင္းအစိုးရဦးေဆာင္တဲ့ ဘာသာေရးအခမ္းအနားလုပ္ေဆာင္တာက မွ်တမႈမရွိဘူးဆိုတဲ့ အျမင္ေတြလည္း ျပည္သူေတြအၾကားမွာရွိေနပါတယ္