ၾကားသိရသမ်ွ

ရည်းစားနှင့်ချိန်းတွေ့ရန် ကွာရန်တင်းစခန်းအပြင်ထွက်သူ အရေးယူခံရ

Written by Aung Lay

မေကြးတိုင္းေဒသႀကီး၊ ေခ်ာက္ၿမိဳ႕မွာ ကြာရန္တင္းဝင္ေနသူ တစ္ေယာက္ဟာ ရည္းစားနဲ႔ ခ်ိန္းေတြ႕ဖို႔ ကြာရန္တင္းစခန္းအျပင္ကိုထြက္လာတာေၾကာင့္ ေအာက္တိုဘာ ၁၂ ရက္ေန႔မွာ သဘာဝေဘးအႏၲရယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒပုဒ္မ ၂၅ နဲ႔ အေရးယူလိုက္ေၾကာင္း ေခ်ာက္ၿမိဳ႕မရဲခန္းက သိရပါတယ္။

ေအာက္တိုဘာ ၁၁ ည ၁၁ နာရီခြဲေလာက္က ေခ်ာက္ၿမိဳ႕နယ္အဆင့္ ကိုဗစ္-၁၉ ကြာရန္တင္း စခန္း ေဆာင္႐ြက္ထားတဲ့ အမွတ္ ၁၀ ရပ္ကြက္ မဟာစည္ရိပ္သာမွာ ရန္ကုန္က ျပန္လာၿပီး ကြာရန္တင္း ဝင္ေရာက္ေနသူ အမ်ိဳးသား တစ္ဦးဟာ ကန႔္သတ္နယ္ေျမ ျပင္ပထြက္လာေၾကာင္း ေစာင့္ၾကည့္သူေတြက သိရွိရၿပီး ေမးျမန္းခ်ိန္မွာ ရည္းစားျဖစ္သူနဲ႔ ခ်ိန္းေတြ႕ဖို႔ ထြက္လာတာလို႔ ေျပာဆိုတာေၾကာင့္ သက္ဆိုင္ကို အေၾကာင္းၾကားသိရခဲ့တာလို႔ သိရပါတယ္။

အဆိုပါျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ကြာရန္တင္းဝင္ေနသူ သန္းျမင့္ထြန္းကို ေခ်ာက္ၿမိဳ႕နယ္ ဆရာဝန္ႀကီးက ေအာက္တိုဘာ ၁၂ ေနခင္းပိုင္းမွာ Antigen Test kit စစ္ေဆးၿပီး ပိုးမေတြ႕ရွိ ေၾကာင္းအေျဖရၿပီးမွ ၿမိဳ႕နယ္သဘာဝေဘးအႏၲရာယ္ စီမံခန႔္ခြဲမႈဦးစီးဌာန ဦးစီးအရာရွိ ဦးေစာျမေဖာင္းက တရားလိုျပဳ တိုင္တန္းခဲ့ေၾကာင္း သိရွိရပါတယ္။

ေခ်ာက္ၿမိဳ႕အေနနဲ႔ အမွတ္ ၁၄ ရပ္ကြက္မွာ အမ်ိဳးသား ၄ ဦးနဲ႔ အမ်ိဳးသမီး ၅ ဦး၊ အမွတ္ ၁၀ ရက္ကြက္ မဟာစည္ ရိပ္သာမွာ အမ်ိဳးသား ၃၁ ဦး ကြာရန္တင္း ထားရွိထားေၾကာင္း သိရပါတယ္။

သတင္း- ကိုလင္း(ေခ်ာက္)

Unicode

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့မှာ ကွာရန်တင်းဝင်နေသူ တစ်ယောက်ဟာ ရည်းစားနဲ့ ချိန်းတွေ့ဖို့ ကွာရန်တင်းစခန်းအပြင်ကိုထွက်လာတာကြောင့် အောက်တိုဘာ ၁၂ ရက်နေ့မှာ သဘာဝဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့ အရေးယူလိုက်ကြောင်း ချောက်မြို့မရဲခန်းက သိရပါတယ်။

အောက်တိုဘာ ၁၁ ည ၁၁ နာရီခွဲလောက်က ချောက်မြို့နယ်အဆင့် ကိုဗစ်-၁၉ ကွာရန်တင်း စခန်း ဆောင်ရွက်ထားတဲ့ အမှတ် ၁၀ ရပ်ကွက် မဟာစည်ရိပ်သာမှာ ရန်ကုန်က ပြန်လာပြီး ကွာရန်တင်း ဝင်ရောက်နေသူ အမျိုးသား တစ်ဦးဟာ ကန့်သတ်နယ်မြေ ပြင်ပထွက်လာကြောင်း စောင့်ကြည့်သူတွေက သိရှိရပြီး မေးမြန်းချိန်မှာ ရည်းစားဖြစ်သူနဲ့ ချိန်းတွေ့ဖို့ ထွက်လာတာလို့ ပြောဆိုတာကြောင့် သက်ဆိုင်ကို အကြောင်းကြားသိရခဲ့တာလို့ သိရပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး ကွာရန်တင်းဝင်နေသူ သန်းမြင့်ထွန်းကို ချောက်မြို့နယ် ဆရာဝန်ကြီးက အောက်တိုဘာ ၁၂ နေခင်းပိုင်းမှာ Antigen Test kit စစ်ဆေးပြီး ပိုးမတွေ့ရှိ ကြောင်းအဖြေရပြီးမှ မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးစောမြဖောင်းက တရားလိုပြု တိုင်တန်းခဲ့ကြောင်း သိရှိရပါတယ်။

ချောက်မြို့အနေနဲ့ အမှတ် ၁၄ ရပ်ကွက်မှာ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၅ ဦး၊ အမှတ် ၁၀ ရက်ကွက် မဟာစည် ရိပ်သာမှာ အမျိုးသား ၃၁ ဦး ကွာရန်တင်း ထားရှိထားကြောင်း သိရပါတယ်။

သတင်း- ကိုလင်း(ချောက်)

About the author

Aung Lay

Leave a Comment