Cele News

ချွန်တွန်းပရဟိတအဖွဲ့သို့ ကူညီလှူဒါန်းတဲ့သူတွေကို ဂုဏ်ပြုမှတ်တမ်းပြန်လည်ပေးအပ်မယ့် ဒိန်းဒေါင်

Written by Aung Lay




Source ;Dain Daung`Fb

Unicode

ဟာသလူရွှင်တော် ဒိန်းဒေါင်တစ်ယောက်ကတော့ ကလေး လူကြီးမရွေးအားပေးမှုကိုရရှိထားတဲ့ ဟာသသရုပ်ဆောင်ကောင်းတစ်ယောက်လဲဖြစ်ပါတယ်။မိသားစုဘဝလေးကို ပျော်ရွှင်စွာဖြတ်သန်းနေပြီး လူထုအကျိုးပြုအလုပ်တွေကို တစိုက်မတ်မတ်လုပ်လျက်ရှိပါတယ်။

မြန်မာနိုင်ငံလူရွှင်တော်အသင်းရဲ့ ဥက္ကဠအဖြစ် တာဝန်ယူဆောင်ရွက်လျက် ရှိပြီး လူရွှင်တော်သူငယ်ချင်းတွေနဲ့စုပေါင်းကာ ချွန်တွန်းပရဟိတအသင်းဖွဲ့ကာ အခြေခံလူတန်းစားများနဲ့ စီးစးပွားရေး အဆင်မပြေ ချို့တဲ့သူတွေကို လိုက်လံကူညီလှူဒါန်းပေးလျက်ရှိပါတယ်။ချွန်တွန်းပရဟိတအဖွဲ့ရဲ့ တစ်နေ့တာ သွားရောက်လှူဒါန်းမှုလေးတွေကို မျှဝေပေးလျက်ရှိပြီး ပါဝင်လှူဒါန်းသူတွေကိုလည်း ကျေးဇူးတင်ကြောင်းပြန်လည်မျှဝေလေ့ရှိပါတယ်။

ယနေ့မှာတော့ ဒိန်းဒေါင်ကတော့ ချွန်တွန်းပရဟိတအဖွဲ့သို့ ပါဝင်ကူညီလှူဒါန်းသူတွေကို ကျေးဇူးတုန့်ပြန်ဖို့ အစီအစဉ် တစ်ခုကို ပြောပြလာခဲ့ပါတယ်။ပါဝင်ကူညီလှူဒါန်းသူတွေ အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်မယ်ဆိုတဲ့အကြောင်းမျှဝေလာခဒ့ပါတယ်။ဂုဏ်ပြုမှတ်တမ်းလွှာလေးကတော့ ချွန်းတွန်းပရိဟိတအဖွဲ့ရဲ့ အသိအမှတ်ပြုပေးခြင်းတစ်ခုဖြစ်ပြီး သူတို့ရဲ့ စေတနာနဲ့သဒ္ဒါတရားကို ဂုဏ်ပြုခြင်းဖြစ်တယ်လို့ မျှဝေလာခဲ့ပါတယ်။

Source ;Dain Daung`Fb

 

About the author

Aung Lay

Leave a Comment