Cele News
အမိမြေထက် မြန်မာနိုင်ငံမှာ အ​ခြေချပြီး လှူဒါန်းဖြစ်ရတဲ့အကြောင်းအရင်းကို ပြောပြလာတဲ့ Sinon
Written by Aung Lay
Source ; Sinon Loresca`Fb
Unicode
ဖိလိပိုင်နိုင်ငံဖွားတစ်ယောက်ဖြစ်တဲ့ sinonကတော့ မြန်မာပရိတ်သတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတဲ့ နိုင်ငံရပ်ခြားက အောင်မြင်နေသူတစ်ဦးလည်းဖြစ်ပါတယ်။မော်ဒယ်တစ်ယောက်အဖြစ်လူသိများတဲ့ Sinonကတော့ မြန်မာနိုင်ငံရဲ့ လိုအပ်တဲ့နေရာလေးတွေမှာ ပါဝင်လှူဒါန်းသူတွေကိုလည်း ဆက်တိုက်ဆိုသလိုပြုလုပ်လျက်ရှိပါတယ်။မြန်မာအများစုမေးလေ့ရှိတဲ့ ကိုယ့်နိုင်ငံထက် ဒီမှာ ဘာလို့လှူဒါန်းမှုတွေလုပ်ပြီးပျော်ရွှင်နေရလဲဆိုတဲ့ မေးခွန်းလေးကို ပြန်လည်ဖြေရှင်းပေးခဲ့ပါတယ်။
“မြန်မာ က ကျတော့် နှလုံးသားမြန်မာကလူတွေအများစုကမေးတယ် ကျတော်ကဘာလို့ ကျတော်နိုင်ငံ ထက်ဖိလစ်ပိုင်ထက်ပိုပီးဘာလို့မြန်မာမှာ ဒီလိုတွေလာလုပ်ပေးနေတာလည်းမေးကြတယ်!ဘာလို့မြန်မာမဖြစ်ရမှာတုန်း?ကျတော်နိုင်ငံမှာကျတော်ဒီလိုတွေဒီနည်း၎င်း ကျတော်လုပ်ပေးခဲ့တယ်အများစုက ကျတော့်ကို အပြစ်တင်တယ် အပြစ်ပြောတယ်ကျတော်လုပ်သမျှအရာအားလုံးကိုပေါ့ကျဝောာ့်ရဲ့မဟုတ်တဲ့မကောင်းတဲ့သတင်းတွေကိုOnlineတွေပေါ်မဇာ ဖြန့်တယ် ကျတော့်ဂုဏ်သက္ခာကျအောင်လုပ်ကြတယ် ကျတော့်ကိုမလေးစားကြဘူး။ ပီးတော့ပြောကြသေးပါတယ် ကျတော်က ဘယ်တော့မှ ပြီးပြည့်စုံတဲ့သူတစ်ယောက်ဖြစ်လာမှမဟုတ်ဘူးတဲ့ ကျတော့်အပေါ်ကိုအမြဲမကောင်းမြင်တယ်
မြန်မာမှာကျတော့ ကျတော့်ရဲ့နှလုံးသားကျတော့်ရဲ့အိမ်အစစ်က်ုကျတော်ရှာတွေ့တယ် မြန်မာလူမျိုးတွေက မေတ္တာစိတ်အပြည့်နဲ့ အချင်းချင်လေးစားမှုအပြည့်အဝရှိတယ် မိမိလုပ်ထားတဲ့ကောင်းမှုကုသိုလ်တစ်ခု ကိုမျှဝေလိုက်တယ်ဆိုရင် သူတို့ ပါလိုက်ပီးဝမ်းမြှောက်ဝမ်းသာသာဓုခေါ်ကြတယ် မြန်မာ လူမျိုးတွေက အမုန်းစကားတွေအစား ငြိမ်းချမ်းတဲ့စကား အချစ်ပွားစေတဲ့စကားတွေဘဲပြောကြတယ်အချင်းချင်းရိုင်းပင်းကူညီကြတယ်လူသားအချင်းချင်းစာနာကြတယ်အဲ့တာကြောင့်ဘဲ မြန်မာကိုပိုပီး ချစ်တာဖြစ်တယ် ကျတော့်ရဲ့အိမ်လို့ဘဲသဘောထားတယ်
ပီးတော့ကျတော့်ဘဝတစ်လျောက်လုံးမြန်မာကိုချစ်သွားမယ်ကျတော့်နှလုံးသားအတွက်တော့ မြန်မာက ထာဝရအိမ်ဘဲ.
Source ; Sinon Loresca`Fb
About the author
Aung Lay
Leave a Comment