Cele News

ဇာတ်ကားရိုက်ကူးရင်း လက်ပြတ်တော့မလို ဖြစ်ခဲ့တဲ့ ဇာတ်ဝင်ခန်းအကြောင်း အမှတ်တရပြောပြခဲ့တဲ့ ခန့်သီရိဇော်

Written by Aung Lay





Unicode

မင်းသမီးချောလေး ခန့်သီရိဇော်ကတော့ MRTV 4 ဇာတ်လမ်းတွဲများနဲ့ ပရိတ်သတ်ရင်ထဲကို ဝင်ရောက်လာခဲ့တဲ့ မင်းသမီးလေးပဲ ဖြစ်ပါတယ်။ ” အချစ်ဖွဲ့လေညှင်း ” ဇာတ်လမ်းတွဲ ပြီးတဲ့နောက်မှာတော့ အခုတခါ ” မာယာလှည့်ကွက် ” ဇာတ်လမ်းတွဲလေးနဲ့အတူ ပရိတ်သတ်ရှေ့မှောက် ပြန်လည်ရောက်ရှိလာခဲ့တာပါ။

ခန့်သီရိဇော်ကတော့ ချစ်စရာကောင်းတဲ့ ဟန်ပန်အမူအရာလေးတွေနဲ့အတူ ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိတ်သတ်အားပေးမှုကို အပြည့်အဝရရှိနေပြီပဲ ဖြစ်ပါတယ်။ မင်းသမီးလေး ခန့်သီရိဇော်ကတော့ လက်ရှိ MRTV 4 ကနေ ထုတ်လွှင့်နေတဲ့ ” မာယာလှည့်ကွက် ” ဇာတ်လမ်းတွဲလေးနဲ့ ပက်သက်ပြီး ရင်ထိတ်ဖွယ်ရာ အဖြစ်အပျက်လေးကို အခုလို ပြောပြခဲ့ပါတယ်။

ခန့်သီရိဇော် ပြောခဲ့တာကတော့ ” ကားပျက်ချင်ယောင်ဆောင်တဲ့ အမရာလေး ဒေါက်ဖိနပ်က ကျောက်စလစ်နဲ့ သဲထဲနစ်နေတာ ယိုင်မကျအောင် လက်ကိုင်ထားတော့ ကားအရှေ့အဖုံးပိတ်လိုက်ရင် လက်ပြတ်တော့မလို့တော်သေး..” ဆိုကာ သူမရဲ့ အဖြစ်လေးကို ပြောပြခဲ့တာပါ။ မင်းသမီးလေးရဲ့ အဖြစ်ကတော့ တကယ်သာ ဖြစ်သွားရင် မတွေးဝံ့စရာပါပဲနော်။

ပရိတ်သတ်ကြီးရေ မင်းသမီးချောလေး ခန့်သီရိဇော်ကို အားပေးတယ်ဆိုရင် ကွန်မန့်ရေးပေးခဲ့ပါဦးနော်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။

Credit

About the author

Aung Lay

Leave a Comment