ၾကားသိရသမ်ွ

ကိုဗစ် ကို အနိုင်ယူခဲ့ တဲ့ ငါးနှစ်သမီးလေး အကြောင်း

Written by Aung Lay

ကိုဗစ္ ကို အႏိုင္ယူခဲ့ တဲ့ ငါးႏွစ္သမီးေလး အေၾကာင္း

ငါတို႔ ညီမေလး ႏိုင္တယ္…”

တစ္ေယာက္တည္း အထုပ္ကို မႏိုင္မနင္း ဆြဲ လာတဲ့ သမီးေလး

ရွိသမွ်အားနဲ႔ လူနာတင္ယာဥ္ေပၚကို လွမ္းတက္လိုက္တဲ့ အခ်ိန္

PPE ဝတ္စုံဝတ္ အစ္ကိုေတြရဲ႕ အသဲႏွလုံးတစ္ခုလုံး ဆြဲဆုပ္လိုက္သလို

ဦးဦး အဲ့ဒီကို ေရာက္ရင္ အေဖ နဲ႔ ေတြ႕ရမွာပါ‌ ေနာ္ တဲ့

သူစီးလာတဲ့ ဖိနပ္ေလးလိုပဲ အ႐ြယ္နဲ႔ စိတ္ ဒဏ္ရာ မလိုက္ဘူးကြယ္ ညီမေလးရယ္

ဒါေပမဲ့ အထုပ္ႀကီးကိုေတာင္ မႏိုင္မနင္း သယ္လာတဲ့ သူ႔လက္ကေလး လို သူ႔စိတ္ဓါတ္ေလးက သန္မာေနေတာ့

PPE ဝတ္စုံၾကားထဲက ကိုဗစ္ကို ဒဲ့ စိန္ေခၚလိုက္တယ္။ အဲ့ဒီေန႔ ေအာက္တိုဘာလ ၅ရက္ေန႔

ဟုတ္တယ္ ကိုဗစ္၊ မင္း ငါတို႔ညီမေလး ကို မႏိုင္ပါဘူး…ကြာ လို႔ ကိုယ္ေျပာခဲ့သားပဲ

ေတြ႕လား ဒီေန႔ ငါတို႔ ညီမေလး အိမ္ျပန္လာၿပီ

ဒီစီးခ်င္း တိုက္ပြဲမွာ မင္းရႈံးတယ္ ငါတို႔ ညီမေလး ႏိုင္တယ္

Unicode

ကိုဗစ် ကို အနိုင်ယူခဲ့ တဲ့ ငါးနှစ်သမီးလေး အကြောင်း

ငါတို့ ညီမလေး နိုင်တယ်…”

တစ်ယောက်တည်း အထုပ်ကို မနိုင်မနင်း ဆွဲ လာတဲ့ သမီးလေး…….

ရှိသမျှအားနဲ့ လူနာတင်ယာဉ်ပေါ်ကို လှမ်းတက်လိုက်တဲ့ အချိန်…

PPE ဝတ်စုံဝတ် အစ်ကိုတွေရဲ့ အသဲနှလုံးတစ်ခုလုံး ဆွဲဆုပ်လိုက်သလို

ဦးဦး အဲ့ဒီကို ရောက်ရင် အဖေ နဲ့ တွေ့ရမှာပါ‌ နော် တဲ့…

သူစီးလာတဲ့ ဖိနပ်လေးလိုပဲ အရွယ်နဲ့ စိတ် ဒဏ်ရာ မလိုက်ဘူးကွယ် ညီမလေးရယ်..

ဒါပေမဲ့ အထုပ်ကြီးကိုတောင် မနိုင်မနင်း သယ်လာတဲ့ သူ့လက်ကလေး လို သူ့စိတ်ဓါတ်လေးက သန်မာနေတော့ ….

PPE ဝတ်စုံကြားထဲက ကိုဗစ်ကို ဒဲ့ စိန်ခေါ်လိုက်တယ်။ အဲ့ဒီနေ့ အောက်တိုဘာလ ၅ရက်နေ့ …

ဟုတ်တယ် ကိုဗစ်၊ မင်း ငါတို့ညီမလေး ကို မနိုင်ပါဘူး…ကွာ လို့ ကိုယ်ပြောခဲ့သားပဲ…

တွေ့လား ဒီနေ့ ငါတို့ ညီမလေး အိမ်ပြန်လာပြီ…

ဒီစီးချင်း တိုက်ပွဲမှာ မင်းရှုံးတယ် ငါတို့ ညီမလေး နိုင်တယ်…

About the author

Aung Lay

Leave a Comment