ၾကားသိရသမ်ွ

အွန်လိုင်းပေါ် မှာ ပြောနေကြတာ နဲ့ ဘာမှမဆိုင် တဲ့ ရိုးမရိပ်သာ အကြောင်း ကိုယ်တွေ့ အတွေ့အကြုံ

Written by Aung Lay

Hello everyone ညီမမေန႔ က ကမာ႐ြတ္TTC Q center ကေန အခု ေတာင္ဒဂုံ႐ိုးမရိပ္သာေရာက္ေနပါၿပီ….မေန႔ကညေန ေ႐ႊ႕တဲ့ကားေပၚေရာက္မွ ႐ိုးမရိပ္သာေျပာင္းရမယ္ဆိုတာ သိတာပါ….

႐ိုးမရိပ္သာ ကိုေျပာင္းေတာ့ YBS ကားေတြနဲ႔တစီးေပၚ မွာ ၂၆ေယာက္စီးၿပီးေတာ့ ေျပာင္းရပါတယ္ ကားေတာ့ ေတာ္ေတာ္စီးလိုက္ရတယ္ ၂ နာရီေလာက္ၾကာပါတယ္….ညီမတို႔ေျပာင္းေတာ့ ညီမတို႔ကားေရွ႕မွာ ရဲကားတစီး ေနာက္မွာေဆး႐ုံကားေတြနဲ႔ ေျပာင္းရတာပါ (VIP ေတြပါေပါ့)…..

စစခ်င္းေတာ့ ႐ိုးမရိပ္သာဆိုေတာ့ စိတ္ဓာတ္ေတာ့ က်သြားပါတယ္ ေဖ့ဘုတ္ေပၚမွာ ႐ိုးမရိပ္သာမွာ ဘာျဖစ္ပါၿပီ ညာျဖစ္ပါၿပီဆိုၿပီး ေတြ႕ေနရလို႔ပါ… စေရာက္ေတာ့ဆရာဝန္ေတြ Volunteer ေတြ PPE ဝတ္ထားတဲ့သူေတြ အကုန္လုံးက အထုတ္ေတြဆြဲေပး အခန္းခ်ေပးပါတယ္…

ေရာက္ေရာက္ခ်င္း ဆရာဝန္ဆီ လူနာနာမည္နဲ႔ အသက္ ေရာဂါအေျခအေနကို မက္ေဆ့ လွမ္းပို႔ေပးရပါတယ္…အခန္းတခန္းမွာ၄ေယာက္ေနရတာပါ…တေယာက္အိပ္ ကုတင္တလုံးစီနဲ႔ ၄လုံးရွိပါတယ္…. အခန္းတခန္းစီထဲမွာ ေရခ်ိဳးခန္းအိမ္သာတြဲရက္နဲ႔ အဲကြန္းတလုံး စီပါပါတယ္ (အဲကြန္းပါတာနဲ႔တင္ ေတာ္ေတာ္ေပ်ာ္ေနၿပီ) ၿပီးေတာ့ အထုတ္အႀကီးႀကီး တထုတ္ထဲမွာ ပစၥည္းအသစ္ေတြပါတဲ့ ေခါင္းအုံး ေစာင္ ျခင္ေထာင္ ေမြ႕ယာ သြားတိုက္ေဆး သြားတိုက္တံ ေရခြက္ ေရပုံး ၿပီးေတာ့တျခားအမ်ားႀကီးပါေသးတယ္

အထုတ္က ေတာ္ေတာ္ႀကီးတယ္ တခန္း တထုတ္ ရတာပါ..အဝတ္လွမ္းစင္ နဲ႔ ခ်ိတ္ေတြလဲရွိပါတယ္…ထမင္းဟင္းလဲ အဆင္ေျပပါတယ္ မေန႔က feel ကလႉပါတယ္…ဒီေန႔ ခိုင္ခိုင္ေက်ာ္ကလႉပါတယ္….(feel တို႔ ခိုင္ခိုင္ေက်ာ္တို႔ဆီက အစိုးရကပိုက္ဆံေပးၿပီး ဝယ္တယ္ေျပာတယ္ လႉတာလား ဝယ္တာလား ညီမ ေသခ်ာမသိလို႔ပါရွင္) လာပို႔ရင္လဲ တတိုက္လုံး လူအျပည့္စာ အျပင္ ထမင္းဘူးေတြ ပိုထားခဲ့တာပါ တဘူးမဝရင္ ေနာက္တဘူး ထပ္စားလို႔ရပါတယ္..

ၾကက္စြပ္ျပဳတ္တို႔ မုန႔္ပုံးတို႔ ေခါက္ဆြဲေျခာက္ေတြလဲ ေဝစုအလိုက္ရပါတယ္(မုန႔္မ်ားမ်ား စားခ်င္ရင္ေတာ့ အိမ္ကယူမွ အဆင္ေျပပါမယ္) ဝိုင္ဖိုင္ မရွိပါဘူး အင္တာနက္လိုင္းကေတာ့ ကိုယ့္ဘာသာကိုယ္ ဖြင့္ၿပီး သုံးရပါတယ္… Ooredoo လိုင္းတအားမိပါတယ္ တျခားကတ္ေတြ လိုင္းသိပ္မမိပါဘူးေနာ္..

ၿပီးေတာ့ အထပ္တထပ္မွာ ေဆးပုံးတပုံး ထားေပးထားပါတယ္… အဲ့ပုံးထဲ မွာ ေသြးတြင္းေအာက္ဆီဂ်င္တိုင္းစက္ေတြ ေဆးခ်ိဳတိုင္းစက္ေတြ တျခားဟာေတြလဲ အစုံရွိပါတယ္… မနက္ ေန႔လည္ ည တေန႔ ၃ႀကိမ္ ေသြးတြင္းေအာက္ဆီဂ်င္နဲ႔ ႏွလုံးခုံစက္ တိုင္းရပါတယ္ ဆရာဝန္က ဘယ္သူက ဘယ္ေလာက္ရွိလဲဆိုတာ ဖုန္းဆက္ လွမ္းေမးပါတယ္…

ဆရာဝန္ေတြေရာ တျခား Volunteer ေတြေရာ မၾကာခန round လွည့္ၿပီး ဘာလိုလဲ လာလာေမးပါတယ္…ဖ်ားနာရွိရင္ ဖုန္းဆက္ရပါတယ္ ေဆးလာပို႔ေပးပါတယ္….ဆရာဝန္ေတြေရာ Volunteer ေတြေရာ ေတာ္ေတာ္အလုပ္လုပ္ၾကပါတယ္ Team အလိုက္ေတြ ခြဲၿပီး အလုပ္လုပ္ၾကတာပါ Engineer Team ကလဲ မီးဘာညာအတြက္ လိုက္စစ္ေပး ပါတယ္..

လူနာေတြ ျပန္သြားရင္ က်န္ခဲ့တဲ့ ပစၥည္းေမြ႕ယာ ေခါင္းအုံးဘာညာ အကုန္ မီးရႈိ႕ပါတယ္တဲ့…ၿခဳံေျပာရရင္ အဆင္ေျပလားဆိုရင္ေတာ့ ေျပပါတယ္…လိုအပ္ခ်က္ရွိတာေတြ လည္းရွိမွာပါ…လူအမ်ားနဲ႔ ေနတာဆိုေတာ့ ေတာ္႐ုံအဆင္မေျပတာဆို နားလည္ဖို႔ေတာ့ လိုပါမယ္…. ညီမအတြက္က ဘာလိုလဲဆိုရင္ မုန႔္ပဲမ်ားမ်ားလိုပါတယ္ အိမ္ကေန မုန႔္လာပို႔မဲ့ရက္က ေျပာင္းရ တဲ့ရက္ ျဖစ္သြားေတာ့ မုန႔္အမ်ားႀကီးေတာ့ ပါမလာေတာ့ဘူး (ပုံေလးေတြတင္ေပးထားတယ္ေနာ္ စာေလးေတြပါေရးေပးထားတယ္) အားလုံး fighting ပါ။ Take Care ေနာ္

ZarZar Myo Lwin

Unicode

Hello everyone ညီမမနေ့ က ကမာရွတ်TTC Q center ကနေ အခု တောင်ဒဂုံရိုးမရိပ်သာရောက်နေပါပြီ….မနေ့ကညနေ ရွှေ့တဲ့ကားပေါ်ရောက်မှ ရိုးမရိပ်သာပြောင်းရမယ်ဆိုတာ သိတာပါ….

ရိုးမရိပ်သာ ကိုပြောင်းတော့ YBS ကားတွေနဲ့တစီးပေါ် မှာ ၂၆ယောက်စီးပြီးတော့ ပြောင်းရပါတယ် ကားတော့ တော်တော်စီးလိုက်ရတယ် ၂ နာရီလောက်ကြာပါတယ်….ညီမတို့ပြောင်းတော့ ညီမတို့ကားရှေ့မှာ ရဲကားတစီး နောက်မှာဆေးရုံကားတွေနဲ့ ပြောင်းရတာပါ (VIP တွေပါပေါ့)…..

စစချင်းတော့ ရိုးမရိပ်သာဆိုတော့ စိတ်ဓာတ်တော့ ကျသွားပါတယ် ဖေ့ဘုတ်ပေါ်မှာ ရိုးမရိပ်သာမှာ ဘာဖြစ်ပါပြီ ညာဖြစ်ပါပြီဆိုပြီး တွေ့နေရလို့ပါ… စရောက်တော့ဆရာဝန်တွေ Volunteer တွေ PPE ဝတ်ထားတဲ့သူတွေ အကုန်လုံးက အထုတ်တွေဆွဲပေး အခန်းချပေးပါတယ်…

ရောက်ရောက်ချင်း ဆရာဝန်ဆီ လူနာနာမည်နဲ့ အသက် ရောဂါအခြေအနေကို မက်ဆေ့ လှမ်းပို့ပေးရပါတယ်…အခန်းတခန်းမှာ၄ယောက်နေရတာပါ…တယောက်အိပ် ကုတင်တလုံးစီနဲ့ ၄လုံးရှိပါတယ်…. အခန်းတခန်းစီထဲမှာ ရေချိုးခန်းအိမ်သာတွဲရက်နဲ့ အဲကွန်းတလုံး စီပါပါတယ် (အဲကွန်းပါတာနဲ့တင် တော်တော်ပျော်နေပြီ) ပြီးတော့ အထုတ်အကြီးကြီး တထုတ်ထဲမှာ ပစ္စည်းအသစ်တွေပါတဲ့ ခေါင်းအုံး စောင် ခြင်ထောင် မွေ့ယာ သွားတိုက်ဆေး သွားတိုက်တံ ရေခွက် ရေပုံး ပြီးတော့တခြားအများကြီးပါသေးတယ်

အထုတ်က တော်တော်ကြီးတယ် တခန်း တထုတ် ရတာပါ..အဝတ်လှမ်းစင် နဲ့ ချိတ်တွေလဲရှိပါတယ်…ထမင်းဟင်းလဲ အဆင်ပြေပါတယ် မနေ့က feel ကလှူပါတယ်…ဒီနေ့ ခိုင်ခိုင်ကျော်ကလှူပါတယ်….(feel တို့ ခိုင်ခိုင်ကျော်တို့ဆီက အစိုးရကပိုက်ဆံပေးပြီး ဝယ်တယ်ပြောတယ် လှူတာလား ဝယ်တာလား ညီမ သေချာမသိလို့ပါရှင်) လာပို့ရင်လဲ တတိုက်လုံး လူအပြည့်စာ အပြင် ထမင်းဘူးတွေ ပိုထားခဲ့တာပါ တဘူးမဝရင် နောက်တဘူး ထပ်စားလို့ရပါတယ်..

ကြက်စွပ်ပြုတ်တို့ မုန့်ပုံးတို့ ခေါက်ဆွဲခြောက်တွေလဲ ဝေစုအလိုက်ရပါတယ်(မုန့်များများ စားချင်ရင်တော့ အိမ်ကယူမှ အဆင်ပြေပါမယ်) ဝိုင်ဖိုင် မရှိပါဘူး အင်တာနက်လိုင်းကတော့ ကိုယ့်ဘာသာကိုယ် ဖွင့်ပြီး သုံးရပါတယ်… Ooredoo လိုင်းတအားမိပါတယ် တခြားကတ်တွေ လိုင်းသိပ်မမိပါဘူးနော်..

ပြီးတော့ အထပ်တထပ်မှာ ဆေးပုံးတပုံး ထားပေးထားပါတယ်… အဲ့ပုံးထဲ မှာ သွေးတွင်းအောက်ဆီဂျင်တိုင်းစက်တွေ ဆေးချိုတိုင်းစက်တွေ တခြားဟာတွေလဲ အစုံရှိပါတယ်… မနက် နေ့လည် ည တနေ့ ၃ကြိမ် သွေးတွင်းအောက်ဆီဂျင်နဲ့ နှလုံးခုံစက် တိုင်းရပါတယ် ဆရာဝန်က ဘယ်သူက ဘယ်လောက်ရှိလဲဆိုတာ ဖုန်းဆက် လှမ်းမေးပါတယ်…

ဆရာဝန်တွေရော တခြား Volunteer တွေရော မကြာခန round လှည့်ပြီး ဘာလိုလဲ လာလာမေးပါတယ်…ဖျားနာရှိရင် ဖုန်းဆက်ရပါတယ် ဆေးလာပို့ပေးပါတယ်….ဆရာဝန်တွေရော Volunteer တွေရော တော်တော်အလုပ်လုပ်ကြပါတယ် Team အလိုက်တွေ ခွဲပြီး အလုပ်လုပ်ကြတာပါ Engineer Team ကလဲ မီးဘာညာအတွက် လိုက်စစ်ပေး ပါတယ်..

လူနာတွေ ပြန်သွားရင် ကျန်ခဲ့တဲ့ ပစ္စည်းမွေ့ယာ ခေါင်းအုံးဘာညာ အကုန် မီးရှို့ပါတယ်တဲ့…ခြုံပြောရရင် အဆင်ပြေလားဆိုရင်တော့ ပြေပါတယ်…လိုအပ်ချက်ရှိတာတွေ လည်းရှိမှာပါ…လူအများနဲ့ နေတာဆိုတော့ တော်ရုံအဆင်မပြေတာဆို နားလည်ဖို့တော့ လိုပါမယ်…. ညီမအတွက်က ဘာလိုလဲဆိုရင် မုန့်ပဲများများလိုပါတယ် အိမ်ကနေ မုန့်လာပို့မဲ့ရက်က ပြောင်းရ တဲ့ရက် ဖြစ်သွားတော့ မုန့်အများကြီးတော့ ပါမလာတော့ဘူး (ပုံလေးတွေတင်ပေးထားတယ်နော် စာလေးတွေပါရေးပေးထားတယ်) အားလုံး fighting ပါ။ Take Care နော်

ZarZar Myo Lwin

About the author

Aung Lay

Leave a Comment