Unicode
ပရိသတ်ကြီးရေ ငါးတစ်ကောင်ကို မြန်မာငွေ သိန်း ၂ ထောင်ပေးရမယ်ဆိုရင် အံ့သြသွားကြမလားဘဲ…
ဟုတ်ပါတယ်….တရုတ်နိုင်ငံမှာ ရှားပါးငါးကြီးတစ်ကောင်ကို မြန်မာငွေ သိန်း၂ထောင် (အမေရိကန်ဒေါ်လာ ၁၅၀၀၀၀)နဲ့
ရောင်းချဖို့ ပြင်ဆင်နေပါတယ်။
အဲဒီငါးဟာ croaker ငါးမျိုးဖြစ်ပြီး တရုတ်နိုင်ငံအရှေ့ပိုင်း Zhoushan မြို့နားက ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်… အလေးချိန်ဟာ ၁၀၅ ပေါင်ရှိကာ အရှည်က ၅ ပေ ၂ လက်မ ရှိပါတယ်။
ဒီငါးရဲ့ သည်းခြေအိတ်ဟာ အလွန်တန်ဖိုးကြီးမားတာဖြစ်ပြီး တရုတ်ရိုးရာဆေးပညာရှင်တွေအတွက်တော့
တန်ဖိုးမဖြတ်နိုင်တဲ့ ပစ္စည်းဖြစ်ပါတယ်။ ဒါကြောင့် ဝယ်ယူဖို့ ကမ်းလှမ်းသူတွေအလွန်များနေတယ်လို့ ဆိုပါတယ်…
တကယ့်ကို ထူးခြားအံ့ဖွယ်ပါပဲနော်…