ၾကားသိရသမ်ွ

နိုင် ငံတော်ဗဟို သံဃာ့ဝန်ဆောင် ဆရာတော်ကြီး ကို ဗစ်ရောဂါဖြင့် ပျံလွန်တော် မူ

Written by Aung Lay

နိုင္ငံေတာ္ ဗဟို သံဃာ့ဝန္ေဆာင္၊ ေရႊတိဂုံေစတီေတာ္ ေဂါပကအဖြဲ႕၏ ဩဝါဒါစရိယ ဆရာေတာ္ႀကီး ဆရာေတာ္ ဘဒၵႏၲေခမိႏၵာစာရ သာသနဓဇ သိရီပဝရ ဓမၼာစရိယ (အဂၢမဟာဂႏၲဝါစက ပ႑ိတ) စတုဘုမၼိကနိကာယဂဏနာယက (ငွက္တြင္း) အက်ိဳးေတာ္ေဆာင္ ဆရာေတာ္ႀကီး ကိုဗစ္ေရာဂါ ေၾကာင့္ ယေန႔ ေအာက္တိုဘာလ ၁၅ ရက္ နံနက္က ဘဝနတ္ထံ ပ်ံလြန္ေတာ္မူသြားေၾကာင္း သာ သနာေရးႏွင့္ယဥ္ေက်းမွုဝန္ႀကီးဌာန (သာသနာေရး)၊ဝန္ႀကီး႐ုံး၊ ညႊန္ၾကားေရးမွူး ဦးေအာင္ဆန္းဝင္းက ေျပာပါတယ္။

ဆရာေတာ္ ဘဒၵႏၲေခမိႏၵာစာရသည္ သက္ေတာ္ (၆၉)၊ သိကၡာ (၄၉)ဝါ ရွိၿပီး ရန္ကုန္တိုင္းေဒသႀကီး၊ ပုဇြန္ေတာင္ၿမိဳ႕နယ္၊ အမွတ္ (၂) ရပ္ကြက္၊ အေနာ္ရထာလမ္းႏွင့္ ၅၃-လမ္းေထာင့္၊ စတုဘုမၼိက ဗဟိုဌာနေက်ာင္းတိုက္၊ ဦးစီးပဓာနနာယက လည္း ျဖစ္ေတာ္မူခဲ့ေၾကာင္း သိရပါတယ္။

“ဆရာေတာ္ႀကီးမွာ ေအာက္တိုဘာ ၇ရက္ေန႔က ကိုဗစ္ပိုးေတြ႕ပါတယ္။ဒါေၾကာင့္ သဃၤန္းကၽြန္း ေဆး႐ုံကိုတင္တယ္။အဲဒီေနာက္ ဧရာဝတီကုသေရးဝင္တာကို ေအာက္တိုဘာ ၁၁ရက္ေန႔ က ေျပာင္းေရႊ႕ကုသပါတယ္။ ဒီေန႔ မနက္ ၅နာရီ ၅၅ မိနစ္မွာ ဘဝနတ္ထံ ပ်ံလြန္ေတာ္မူသြားပါတယ္၊ မနက္၁၀ နာရီေလာက္ အခ်ိန္က အႏၲိမဈာပန သၿဂိဳဟ္ၿပီးစီးသြားၿပီ” ဟု ၄င္းက ေျပာပါတယ္။

ဆရာေတာ္ႀကီးႏွင့္ ပတ္သက္၍ အရွင္ေတဇနိယ(မန္းေတာင္ေျခ)က “ေက်ာင္းမွာသီတင္းသုံးရင္း အသက္႐ူရတာ မေကာင္းလို႔ ကားဒရိုင္ဘာနဲ႔အတူ ေဝဘာဂီေဆး႐ုံမွာ သြားျပတယ္။ စစ္ေဆးၾကည့္လိုက္ေတာ့ ကိုဗစ္ပိုးရွိတာ ေတြ႕ရတယ္။ ဒါနဲ႔ေက်ာင္းတိုက္ကို ေလာ့ေဒါင္းခ် သံဃာနဲ႔ ေက်ာင္းသားအားလုံး သက္ဆိုင္ရာသို႔ ေျပာင္း‌ေရြ႕ခဲ့ရတယ္။ သက္သာၿပီး ျပန္ရေတာ့မယ္လို႔ထင္ေနမွ ဒီမနက္မွာ ပ်ံလြန္ေတာ္မူသြားတယ္။ ဒီျဖစ္စဥ္ အားလုံးဟာ တစ္ပတ္အတြင္းမွ ာျဖစ္သြားတယ္။ ကိုဗစ္ေရာဂႏၲရကပ္ဆိုးေၾကာင့္အရြယ္မ်ိဳးစုံ၊ အဆင့္အတန္းမ်ိဳးစုံ အသက္ေသဆုံးျခင္းနဲ႔ ၾကဳံရတယ္။ ကပ္ေရာဂါႏွင့္ ၾကဳံေနရတဲ့ အခါမွာေတာ့ ရာထူး၊အာဏာပါဝါ ဘယ္ေလာက္ႀကီးႀကီး ေငြေၾကး ဘယ္‌ေလာက္ တတ္နိုင္မတတ္နိုင္၊ လူမသိ၊သူမသိ တိတ္တဆိတ္ပင္ ဒေဟနိေကၡပန အမွုျပဳခဲ့ရတယ္” ဟု လူမွုကြန္ရက္တြင္ ေရးသားထားပါတယ္။

ယင္းအျပင္ ကပ္ေရာဂါ ကာလအတြင္းမွာ ေသြးတိုး၊ဆီးခ်ိဳ အေျခခံရွိသူမ်ား အထူးသတိထားၾကရန္ႏွင့္‌ ေဘးဘယာေဝးကြာ က်န္းမာခ်မ္းသာၾကပါေစဟုလည္း မိန္႔ၾကား ေရးသားထားပါတယ္။

Unicode

နိုင်ငံတော် ဗဟို သံဃာ့ဝန်ဆောင်၊ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ကြီး ဆရာတော် ဘဒ္ဒန္တခေမိန္ဒာစာရ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ (အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတ) စတုဘုမ္မိကနိကာယဂဏနာယက (ငှက်တွင်း) အကျိုးတော်ဆောင် ဆရာတော်ကြီး ကိုဗစ်ရောဂါ ကြောင့် ယနေ့ အောက်တိုဘာလ ၁၅ ရက် နံနက်က ဘဝနတ်ထံ ပျံလွန်တော်မူသွားကြောင်း သာ သနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန (သာသနာရေး)၊ဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ပြောပါတယ်။

ဆရာတော် ဘဒ္ဒန္တခေမိန္ဒာစာရသည် သက်တော် (၆၉)၊ သိက္ခာ (၄၉)ဝါ ရှိပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အနော်ရထာလမ်းနှင့် ၅၃-လမ်းထောင့်၊ စတုဘုမ္မိက ဗဟိုဌာနကျောင်းတိုက်၊ ဦးစီးပဓာနနာယက လည်း ဖြစ်တော်မူခဲ့ကြောင်း သိရပါတယ်။

“ဆရာတော်ကြီးမှာ အောက်တိုဘာ ၇ရက်နေ့က ကိုဗစ်ပိုးတွေ့ပါတယ်။ဒါကြောင့် သင်္ဃန်းကျွန်း ဆေးရုံကိုတင်တယ်။အဲဒီနောက် ဧရာဝတီကုသရေးဝင်တာကို အောက်တိုဘာ ၁၁ရက်နေ့ က ပြောင်းရွှေ့ကုသပါတယ်။ ဒီနေ့ မနက် ၅နာရီ ၅၅ မိနစ်မှာ ဘဝနတ်ထံ ပျံလွန်တော်မူသွားပါတယ်၊ မနက်၁၀ နာရီလောက် အချိန်က အန္တိမဈာပန သဂြိုဟ်ပြီးစီးသွားပြီ” ဟု ၎င်းက ပြောပါတယ်။

ဆရာတော်ကြီးနှင့် ပတ်သက်၍ အရှင်တေဇနိယ(မန်းတောင်ခြေ)က “ကျောင်းမှာသီတင်းသုံးရင်း အသက်ရူရတာ မကောင်းလို့ ကားဒရိုင်ဘာနဲ့အတူ ဝေဘာဂီဆေးရုံမှာ သွားပြတယ်။ စစ်ဆေးကြည့်လိုက်တော့ ကိုဗစ်ပိုးရှိတာ တွေ့ရတယ်။ ဒါနဲ့ကျောင်းတိုက်ကို လော့ဒေါင်းချ သံဃာနဲ့ ကျောင်းသားအားလုံး သက်ဆိုင်ရာသို့ ပြောင်း‌ရွေ့ခဲ့ရတယ်။ သက်သာပြီး ပြန်ရတော့မယ်လို့ထင်နေမှ ဒီမနက်မှာ ပျံလွန်တော်မူသွားတယ်။ ဒီဖြစ်စဉ် အားလုံးဟာ တစ်ပတ်အတွင်းမှ ာဖြစ်သွားတယ်။ ကိုဗစ်ရောဂန္တရကပ်ဆိုးကြောင့်အရွယ်မျိုးစုံ၊ အဆင့်အတန်းမျိုးစုံ အသက်သေဆုံးခြင်းနဲ့ ကြုံရတယ်။ ကပ်ရောဂါနှင့် ကြုံနေရတဲ့ အခါမှာတော့ ရာထူး၊အာဏာပါဝါ ဘယ်လောက်ကြီးကြီး ငွေကြေး ဘယ်‌လောက် တတ်နိုင်မတတ်နိုင်၊ လူမသိ၊သူမသိ တိတ်တဆိတ်ပင် ဒဟေနိက္ခေပန အမှုပြုခဲ့ရတယ်” ဟု လူမှုကွန်ရက်တွင် ရေးသားထားပါတယ်။

ယင်းအပြင် ကပ်ရောဂါ ကာလအတွင်းမှာ သွေးတိုး၊ဆီးချို အခြေခံရှိသူများ အထူးသတိထားကြရန်နှင့်‌ ဘေးဘယာဝေးကွာ ကျန်းမာချမ်းသာကြပါစေဟုလည်း မိန့်ကြား ရေးသားထားပါတယ်။

About the author

Aung Lay

Leave a Comment