Cele News

မြန်မာရင်ဖုံးဝမ်းဆက်လေးနဲ့ မြင်သူငေးရအောင် ချစ်စရာကောင်းနေတဲ့ နေခြည်ဦး

Written by Aung Lay




Source ; Nay Chi Oo`Fb

Unicode

Beauty Blogger တစ်ယောက်အဖြစ် အနုပညာလောကမှာ ရပ်တည်လျက်ရှိတဲ့ နေခြည်ဦးကို ချစ်ကြတဲ့ ပရိတ်ငတ်တွေကတော့ ချစ်စနိုးနဲ့ ချီချီ လို့ပဲ အဖျားဆွတ်ခေါ်ကြပါတယ်။ငယ်ရွယ်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့် လူငယ်ပရိတ်သတ်တွေရဲ့ အထူးအားပေးမှုကို ရရှိထားသူလေးလည်းဖြစ်ပါတယ်။

ချီချီ တစ်ယောက်ကတော့ လက်ရှိဖြစ်ပွားလျက်ရှိသော ရောဂါကပ်ဆိုးကြီးကြောင့် အိမ်မှာပဲ မိသားစုနဲ့ အတူ နွေးထွေးပျော်ရွှင်စွာ ဖြတ်သန်းလျက်ရှိပါတယ်။သမီး အလိမ္မာလေးတစ်ယောက်ဖြစ်တာနဲ့ အညီ မိဘကို ကူညီဖေးမပေးတတ်ပြီး အိမ်တွင်းလေ့ကျင့်ခန်းလုပ်ရာမှာလည်း မိခင်နဲ့အတူ ပျော်ရွင်စွာလေ့ကျင့်ခန်းပြုလုပ်နေတာလေးတွေလည်း မျှဝေပေးလေ့ရှိပါတယ်။

ယနေ့မှာတော့ အိမ်ထဲမှာပဲ အပင်လေးတွေ ရေဖြန်းရင်း မြန်မာဆန်ဆန်ရင်ဖုံးဝမ်းဆက်လေးနဲ့ သူမရဲ့ ချစ်ရာပုံလေးတွေမျှဝေလာခဲ့ပါတယ်။သူမရဲ့ ပုံလေးတွေကိုလည်း ပရိတ်သတ်တွေက သဘောကျ နှစ်ခြိုက်ကြောင်း မှတ်ချက်ပြုပေးကြပါတယ်။မကြည့်ရသေးတဲ့ ပရိတ်သတ်ကြီးအတွက် ချီချီရဲ့ ချစ်စရာကောင်းတဲ့ဘပံရြိပ်လေးတွေ မျှဝေပေးလိုက်ပါတယ်။

Source ; Nay Chi Oo`Fb

About the author

Aung Lay

Leave a Comment