မင်းသမီးလေး အိချောပိုဟာ ချစ်စရာကောင်းတဲ့ အပြုံး ဖြူစင်တဲ့ စိတ်ထားလေးကြောင့် ပရိသတ်တွေချစ်ခင်အားပေးခြင်း ခံရသူဖြစ်ပါတယ်….
အထူးသဖြင့် စွဲမက်ဖွယ်လှပတဲ့ ခန္ဓာကိုယ်ကြောင့် ပုရိသပရိသတ်တွေရဲ့ သဲသဲလှုပ်အားပေးခြင်းကိုလည်း ရရှိထားသူပါ….
ခုတလော ကိုဗစ်ကာလမှာ အပြင်တွေမထွက်ကြဖို့နဲ့ ထွက်မယ်ဆိုလည်း အကာကွယ်လေးတွေနဲ့ ထွက်ဖို့ စူစူလို့လည်း
ခေါ်တဲ့ အိချောပိုက အမိုက်စားသူမရဲ့ ဓာတ်ပုံလေးတွေနဲ့အတူ လူမှုကွန်ရက်မှာ ခုလို သတိပေးရေးသားထားတာပါ…
“အပြင်တွေသိပ်မထွက်နဲ့အုံးနော်…မဖြစ်မနေထွက်ရမယ်ဆိုလည်းဒီလိုအကာကွယ်လေးတွေနဲ့ထွက်…ဘာကြည့်နေတာလဲ…
ပြောနေတာကြားလား… ဟိုတစ်ယောက်…Faceshield & Face Mask – Zoey By Designer Ma Pont ကျေးဇူးပါရှင့်…” ဆိုပြီး ရေးခဲ့တာပါ…
အိချောပိုရဲ့ သတိပေးချက်နဲ့အတူ အလန်းစားသူမရဲ့ ဓာတ်ပုံလေးတွေကိုလည်း ပရိသတ်တွေက အားပေးနေကြတာတွေ့ရပါတယ်…
Mask နဲ့ Shield တပ်ပြီး ကိုဗစ်ကိုကာကွယ်ထားသလို အဖြူအမည်းဝတ်စုံလေးကလည်း စူစူရဲ့ ခန္ဓာကိုယ်အလှကို ပေါ်လွင်စေတာ ဓာတ်ပုံလေးတွေထဲမှာ တွေ့ရမှာပါ…
ပရိသတ်ကြီးတို့လည်း စူစူရဲ့ သတိပေးစကားလေးအတိုင်းလိုက်နာရင်း သူမရဲ့ ဓာတ်ပုံလေးတွေကို ကြည့်ရှုနိုင်ဖို့ ပြန်လည်မျှဝေလိုက်ပါတယ်နော်…
Unicode

Source ; Ei Chaw Po