ၾကားသိရသမ်ွ
ဧရာဝတီစင်တာမှ အိမ်ပြန်ခွင့်ရတဲ့အချိန် စုထားတဲ့စုဗူးလေးဖောက်ပြီး လှူဒါန်းသွားတဲ့ မောင်လင်းမြတ်
Written by Aung Lay
Unicode
ဧရာဝတီစင်တာမှ အိမ်ပြန်ခွင့်ရတဲ့အချိန် စုထားတဲ့စုဗူးလေးဖောက်ပြီး လှူဒါန်းသွားတဲ့ မောင်လင်းမြတ်
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ဥက္ကဠဖြစ်တဲ့ ဦးဇော်ဇော် ဦးစီးတည်ထောင်ထားတဲ့ ဧရာဝတီဖောင်ဒေးရှင်းက ဦးဆောင်လျက်ရှိတဲ့ ဧရာဝတီစင်တာဟာ ကိုဗစ်ပိုတွေ့လူနာတွေကို ပြည့်စုံစွာနဲ့ ကျန်းကျန်းမာမာရှိစေဖို့ ကုသပေးလျက်ရှိတဲ့ Covid 19 Centerတစ်ခုဖြစ်ပါတယ်။ရောဂါသက်သာပျောက်ကင်းသူတွေကို ဂုဏ်ပြုလက်မှတ်တွေ ပေးအပ်လျက်ရှိပြီး ယနေ့မှာတော့ ဝမ်းသာပီတိဖြစ်ရမယ့် အကြောင်းအရာတစ်ခု ဖြစ်ခဲ့ပါတယ်။
ဧရာဝတီစင်တာအတွက် မောင်လင်းမြတ် မှ စုဘူးဖောက်၍ မုန်ဖိုးငွေကျပ် (၇၉၁၅၀) ကို လှူဒါန်းလိုက်တဲ့ အကြောင်းကို ဧရာဝတီ ဖောင်ဒေးရှင်းက ယခုလိုဖော်ပြလာပါတယ်။”ဧရာဝတီ ဖောင်ဒေးရှင်းက အဓိက ပံ့ပိုးကူညီ ဦးဆောင်မှုဖြင့် COVID -19 လူနာများကို လက်ခံကုသပေးလျက်ရှိနေသည့် ဧရာဝတီ စင်တာအတွက် မောင်လင်းမြတ် မှ စုဘူးဖောက်၍ မုန်ဖိုးငွေကျပ် (၇၉၁၅၀)ကို စေတနာ ထက်သန်စွာဖြင့် ပံ့ပိုးကူညီ လှူဒါန်းပေးခဲ့ပါသည်။”
ယခုကဲ့သို့ ပံ့ပိုးကူညီပေးခြင်းအတွက် ဧရာဝတီဖောင်ဒေးရှင်း အနေဖြင့် အထူးကျေးဇူးတင်ဝမ်းမြောက်မိပါကြောင်းနှင့် စီးပွားဥစ္စာများ ဒီရေအလား တိုးပွား၍ အများအကျိုးအတွက် ဆတက်ထမ်းပိုး ပံ့ပိုးကူညီနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။
R K – Yaung Chi ,Source ; Ayeyarwady Foundation`Fb
About the author
Aung Lay
Leave a Comment