ၾကားသိရသမ်ွ

ဖားကန့်မှာ နောက် ထပ် ကျောက်စိမ်း တုံးကြီး ထပ် မံတွေ့ရှိ၊ နိုင်ငံတော် ကို အပ်မည်ဟုဆို

Written by Aung Lay

ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္ က ေက်ာက္စိမ္းလုပ္ကြက္တစ္ခုကေန အရြယ္အစားႀကီးမားတဲ့ ေက်ာက္စိမ္းရိုင္းတုံးတစ္တုံး ေအာက္တိုဘာ ၁၆ ရက္က ထပ္မံေတြ႕ရွိခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ဖားကန႔္ၿမိဳ႕နယ္၊ ဆိပ္မူေက်းရြာအုပ္စု၊ မမုံနဲ႔ ဖားျပင္ ေက်းရြာၾကား မက္လင္ေခ်ာင္ ေမ်ာေခ်ာင္း ေက်ာက္စိမ္းလုပ္ကြက္တစ္ခုကေန ေတြ႕ရွိခဲ့တာျဖစ္တယ္လို႔ ဖားျပင္ေက်းရြာ ရပ္မိ/ရပ္ဖ ဦးေနာ္ေတာင္က ေျပာပါတယ္။

အခုေတာ့ ေက်ာက္စိမ္တုံးကို ေက်ာက္စိမ္းတူးေဖာ္ေရးဌာန(လုံးခင္း) ကို ရဲတပ္ဖြဲ႕ဝင္ေတြက လုံျခဳံေရးေဆာင္ရြက္ၿပီး သယ္ေဆာင္သြားခဲ့ၿပီျဖစ္ၿပီး နိုင္ငံေတာ္ကို အပ္ႏွံသြားမွာျဖစ္ပါတယ္။

ဒီေက်ာက္စိမ္းတုံးကို ေရမေဆးေက်ာက္ရွာေဖြတူးေဖာ္ေနသူေတြက ေအာက္တိုဘာ(၁၆)ရက္ ေန႔လယ္ပိုင္းမွာ ေတြ႕ရွိခဲ့တာျဖစ္ၿပီး ရြံ့ႏြံေတြၾကား သယ္ထုတ္ဖို႔ အခက္အခဲျဖစ္ေနရာကေန လွည့္ကင္းလုံျခဳံေရးရဲတပ္ဖြဲ႕က ေတြ႕ရွိ သိမ္းဆည္းခဲ့တာလို႔ ေက်ာက္စတင္ေတြ႕ရွိခဲ့သူ ကိုေက်ာ္စိုးနိုင္က ေျပာပါတယ္။

အခုေတာ့ ဒီေက်ာက္စိမ္းတုံးကို တန္ဖိုးျဖတ္အဖြဲ႕က စိစစ္တန္ဖိုးျဖတ္ဖို႔ရွိၿပီး ေက်ာက္ေတြ႕သူနဲ႔ ေရမေဆးသမားေတြကို ဆုေၾကးေပးဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ တစ္ပတ္က ေဝွခါေမွာ္မွာ ေတြ႕ရွိခဲ့တဲ့ေက်ာက္စိမ္းရိုင္းတုံးကေတာ့ သက္တမ္းႏုၿပီး ေက်ာက္မ်ိဳးမမွန္ဘူးလို႔ ေျပာၾကားထားၾကေပမယ့္ အခုထပ္ေတြ႕တဲ့ ေက်ာက္စိမ္းရိုင္းတုံးကေတာ့ သက္တမ္းရင့္တယ္လို႔ ေဒသခံ‌ေရမေဆးသမားေတြက ေျပာပါတယ္။

Unicode

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် က ကျောက်စိမ်းလုပ်ကွက်တစ်ခုကနေ အရွယ်အစားကြီးမားတဲ့ ကျောက်စိမ်းရိုင်းတုံးတစ်တုံး အောက်တိုဘာ ၁၆ ရက်က ထပ်မံတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မမုံနဲ့ ဖားပြင် ကျေးရွာကြား မက်လင်ချောင် မျောချောင်း ကျောက်စိမ်းလုပ်ကွက်တစ်ခုကနေ တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဖားပြင်ကျေးရွာ ရပ်မိ/ရပ်ဖ ဦးနော်တောင်က ပြောပါတယ်။

အခုတော့ ကျောက်စိမ်တုံးကို ကျောက်စိမ်းတူးဖော်ရေးဌာန(လုံးခင်း) ကို ရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေးဆောင်ရွက်ပြီး သယ်ဆောင်သွားခဲ့ပြီဖြစ်ပြီး နိုင်ငံတော်ကို အပ်နှံသွားမှာဖြစ်ပါတယ်။

ဒီကျောက်စိမ်းတုံးကို ရေမဆေးကျောက်ရှာဖွေတူးဖော်နေသူတွေက အောက်တိုဘာ(၁၆)ရက် နေ့လယ်ပိုင်းမှာ တွေ့ရှိခဲ့တာဖြစ်ပြီး ရွံ့နွံတွေကြား သယ်ထုတ်ဖို့ အခက်အခဲဖြစ်နေရာကနေ လှည့်ကင်းလုံခြုံရေးရဲတပ်ဖွဲ့က တွေ့ရှိ သိမ်းဆည်းခဲ့တာလို့ ကျောက်စတင်တွေ့ရှိခဲ့သူ ကိုကျော်စိုးနိုင်က ပြောပါတယ်။

အခုတော့ ဒီကျောက်စိမ်းတုံးကို တန်ဖိုးဖြတ်အဖွဲ့က စိစစ်တန်ဖိုးဖြတ်ဖို့ရှိပြီး ကျောက်တွေ့သူနဲ့ ရေမဆေးသမားတွေကို ဆုကြေးပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်က ဝှေခါမှော်မှာ တွေ့ရှိခဲ့တဲ့ကျောက်စိမ်းရိုင်းတုံးကတော့ သက်တမ်းနုပြီး ကျောက်မျိုးမမှန်ဘူးလို့ ပြောကြားထားကြပေမယ့် အခုထပ်တွေ့တဲ့ ကျောက်စိမ်းရိုင်းတုံးကတော့ သက်တမ်းရင့်တယ်လို့ ဒေသခံ‌ရေမဆေးသမားတွေက ပြောပါတယ်။

About the author

Aung Lay

Leave a Comment