ဒူဘိုင်းက လက်ထပ်ပြပွဲကို လာရောက်လည်ပတ်နိုင်သူက အတော်ကို ကံကောင်းပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ အမေရိကန်ဒေါ်လာတစ်သန်းတန်တဲ့ သတို့သမီးပုံစံ လက်ထပ်ကိတ်ကို မြည်းစမ်းကြည့်ဖို့ အခွင့်အရေး ရှိလို့ပါ။ Debbie Wingham က ဒီလက်ထပ်ကိတ်ကြီးရဲ့ဒီဇိုင်နာဖြစ်ပါတယ်။ သူမက ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး ဒီဇိုင်နာတစ်ယောက်လည်း ဖြစ်ပါတယ်။
သူမ ဖန်တီးခဲ့တဲ့ပြောင်မြောက်တဲ့ လက်ရာတွေဟာ ဒေါ်လာ သန်း 50 တန်ဖိုး ရှိနေပါပြီ။ သတို့သမီးပုံစံရှိတဲ့ ဒီလက်ထပ်ကိတ်ကြီးဟာ အမေရိကန်ဒေါ်လာ တစ်သန်းတန်ပါတယ်။ လက်ထပ်ကိတ်ဟာ 182 စင်တီမီတာ (72 လက်မ) မြင့်ပြီး အလေးချိန်က 120 ကီလိုဂရမ် (164 ပေါင်) ရှိပါတယ်။ ဒီကိတ်အတွက် ကြက်ဥအလုံးတစ်ထောင်နဲ့ ချောကလက် 20 ကီလိုဂရမ် (44ပေါင်) ကို အသုံးပြုခဲ့ပါတယ်။
လက်ထပ်ကိတ်ရဲ့ ဘယ်အစိတ်အပိုင်းကိုမဆို စားလို့ရတဲ့ အရာတွေနဲ့ပဲ ပြုလုပ်ထားတာပါ။ ကိတ်ရဲ့အပေါ်ယံကို ဇာနဲ့တူတဲ့ ချိုချဉ်၊ ချောကလက်စတဲ့ မုန့်ချို 50 ကီလိုဂရမ် (110ပေါင်) နဲ့ ပြုလုပ်ထားပါတယ်။ ကိတ်ရဲ့သတို့သမီးအင်္ကျီမှာ ပန်းသေးသေးလေးတွေနဲ့ ပုလဲတွေ ပါဝင်ပါတယ်။ အားလုံးဟာ လက်ဖြစ်တွေပါပဲ။ ကိတ်မှာ အလှဆင်ဖို့အတွက် ပန်းပွင့်ပေါင်း 5000 ကို သုံးထားပါတယ်။
ကိတ်ကို ပန်းပွင့်တွေနဲ့ အလှဆင်ဖို့အတွက် အချိန်ဆယ်ရက် ကြာခဲ့ပါတယ်။ ကိတ်ကို ဒေါ်လာသန်း 200 စီတန်ဖိုးရှိတဲ့ 3 ကာရက်စိန်တွေ၊ ပုလဲတွေနဲ့ အလှဆင်ထားပါတယ်။ စိန်တွေနဲ့ ပုလဲတွေကို ကိတ်ရဲ့သတို့သမီး ဦးခေါင်းမှာ အလှဆင်ထားပါတယ်။
ဒါပေမယ့် Debbie က ကိတ်တွေကိုပဲ ဒီဇိုင်းဆွဲတာ မဟုတ်ပါဘူး။ သူမ ဖန်တီးထားတဲ့ ဖိနပ်လှလှလေးဟာ ဒေါ်လာ 15 သန်း တန်ဖိုးရှိပါတယ်။ Debbie ဟာ ကမ္ဘာ့ဈေးအကြီးဆုံး ဝတ်စုံဖြစ်တဲ့ စိန်တွေစီထားတဲ့ အနက်ရောင်ဝတ်စုံရဲ့ ဒီဇိုင်နာလည်း ဖြစ်ပါတယ်။ စိန်တွေစီထားတဲ့ အနက်ရောင်ဝတ်စုံက ဒေါ်လာ သန်း 50 တန်ဖိုးရှိပါတယ်။
စိန်တွေစီထားတဲ့ အနီရောင် Abaya ဝတ်စုံကိုလည်း အရှေ့တိုင်းဖက်ရှင်တွေ သဘောကျသူတွေက နှစ်သက်မှာ အသေအချာပါပဲ။ Debbie ဒီဇိုင်းဆွဲထားတဲ့ ဒီအပြာရောင်ဝတ်စုံလေးက ဘုရင်မရဲ့ ဝတ်စုံလိုပဲ ခမ်းနားပါတယ်။
Zawgyi
ဒူဘိုင္းက လက္ထပ္ျပပြဲကို လာေရာက္လည္ပတ္ႏိုင္သူက အေတာ္ကို ကံေကာင္းပါတယ္။ ဘာ့ေၾကာင့္လဲ ဆိုေတာ့ အေမရိကန္ေဒၚလာတစ္သန္းတန္တဲ့ သတို႔သမီးပုံစံ လက္ထပ္ကိတ္ကို ျမည္းစမ္းၾကည့္ဖို႔ အခြင့္အေရး ရွိလို႔ပါ။ Debbie Wingham က ဒီလက္ထပ္ကိတ္ႀကီးရဲ႕ဒီဇိုင္နာျဖစ္ပါတယ္။ သူမက ကမာၻေပၚမွာ ေဈးအႀကီးဆုံး ဒီဇိုင္နာတစ္ေယာက္လည္း ျဖစ္ပါတယ္။
သူမ ဖန္တီးခဲ့တဲ့ေျပာင္ေျမာက္တဲ့ လက္ရာေတြဟာ ေဒၚလာ သန္း 50 တန္ဖိုး ရွိေနပါၿပီ။ သတို႔သမီးပုံစံရွိတဲ့ ဒီလက္ထပ္ကိတ္ႀကီးဟာ အေမရိကန္ေဒၚလာ တစ္သန္းတန္ပါတယ္။ လက္ထပ္ကိတ္ဟာ 182 စင္တီမီတာ (72 လက္မ) ျမင့္ၿပီး အေလးခ်ိန္က 120 ကီလိုဂရမ္ (164 ေပါင္) ရွိပါတယ္။ ဒီကိတ္အတြက္ ၾကက္ဥအလုံးတစ္ေထာင္နဲ႔ ေခ်ာကလက္ 20 ကီလိုဂရမ္ (44ေပါင္) ကို အသုံးျပဳခဲ့ပါတယ္။
လက္ထပ္ကိတ္ရဲ႕ ဘယ္အစိတ္အပိုင္းကိုမဆို စားလို႔ရတဲ့ အရာေတြနဲ႔ပဲ ျပဳလုပ္ထားတာပါ။ ကိတ္ရဲ႕အေပၚယံကို ဇာနဲ႔တူတဲ့ ခ်ိဳခ်ဥ္၊ ေခ်ာကလက္စတဲ့ မုန႔္ခ်ိဳ 50 ကီလိုဂရမ္ (110ေပါင္) နဲ႔ ျပဳလုပ္ထားပါတယ္။ ကိတ္ရဲ႕သတို႔သမီးအက်ႌမွာ ပန္းေသးေသးေလးေတြနဲ႔ ပုလဲေတြ ပါဝင္ပါတယ္။ အားလုံးဟာ လက္ျဖစ္ေတြပါပဲ။ ကိတ္မွာ အလွဆင္ဖို႔အတြက္ ပန္းပြင့္ေပါင္း 5000 ကို သုံးထားပါတယ္။
ကိတ္ကို ပန္းပြင့္ေတြနဲ႔ အလွဆင္ဖို႔အတြက္ အခ်ိန္ဆယ္ရက္ ၾကာခဲ့ပါတယ္။ ကိတ္ကို ေဒၚလာသန္း 200 စီတန္ဖိုးရွိတဲ့ 3 ကာရက္စိန္ေတြ၊ ပုလဲေတြနဲ႔ အလွဆင္ထားပါတယ္။ စိန္ေတြနဲ႔ ပုလဲေတြကို ကိတ္ရဲ႕သတို႔သမီး ဦးေခါင္းမွာ အလွဆင္ထားပါတယ္။
ဒါေပမယ့္ Debbie က ကိတ္ေတြကိုပဲ ဒီဇိုင္းဆြဲတာ မဟုတ္ပါဘူး။ သူမ ဖန္တီးထားတဲ့ ဖိနပ္လွလွေလးဟာ ေဒၚလာ 15 သန္း တန္ဖိုးရွိပါတယ္။ Debbie ဟာ ကမာၻ႔ေဈးအႀကီးဆုံး ဝတ္စုံျဖစ္တဲ့ စိန္ေတြစီထားတဲ့ အနက္ေရာင္ဝတ္စုံရဲ႕ ဒီဇိုင္နာလည္း ျဖစ္ပါတယ္။ စိန္ေတြစီထားတဲ့ အနက္ေရာင္ဝတ္စုံက ေဒၚလာ သန္း 50 တန္ဖိုးရွိပါတယ္။
စိန္ေတြစီထားတဲ့ အနီေရာင္ Abaya ဝတ္စုံကိုလည္း အေရွ႕တိုင္းဖက္ရွင္ေတြ သေဘာက်သူေတြက ႏွစ္သက္မွာ အေသအခ်ာပါပဲ။ Debbie ဒီဇိုင္းဆြဲထားတဲ့ ဒီအျပာေရာင္ဝတ္စုံေလးက ဘုရင္မရဲ႕ ဝတ္စုံလိုပဲ ခမ္းနားပါတယ္။