News

ဂိမ်းကစားရင်းအကြိမ်၅၀ဆက်တိုက်ရှုံးနေခဲ့တာကြောင့်မင်္သကာဖြစ်ကာရဲကိုဖုန်းဆက်ခေါ်ခဲ့တဲ့ အမျိုးသား

Written by Aung Lay

Claw machine သို့မဟုတ် အရုပ်ကောက်စက်ဂိမ်းတို့မှ ဆုရယူနိုင်ခြင်းဟာ မရှိတလောက်ရှားပါတယ်။အဲ့ဒါတွေက အနည်းငယ်ကံကောင်းနေပြီး အရမ်းကျွမ်းကျင်နေမှ ရကြတာပါ။ဒါပေမဲ့ ဆုလိုချင်ရင်တော့ စိတ်ရှည်ရှည်ထားပြီးမှ ကစားသင့်ပါတယ်။သည်းခံခြင်းနဲ့ ကံကောင်းခြင်းတွေက ဒီအမျိုးသားဆီမှာ မရှိနေခဲ့ပုံရပါတယ်။ဂျပန် အမျိုးသားတစ်ဦးဟာ အရုပ်ကောက်စက်မှ ဆုရရှိရန် အကြိမ် ၅၀ဆက်တိုက်ရှုံးနေခဲ့ပြီးနောက် ရဲကို ခေါ်ရန် ဆုံးဖြတ်ခဲ့ပါတယ်။အဆိုပါ အဖြစ်အပျက်ကို Twitter မှာ မျှဝေခဲ့ပြီး သူဟာ ပြန်စာပေါင်း ၃၅,၅၀၀ကို ပြန်လည်ရရှိခဲ့ပါတယ်။

အဲဒီနေရာကို ရဲများရောက်လာချိန်မှာတော့ ဆိုင်ရှိဝန်ထမ်းတစ်ဦးက စက်ဟာ လိမ်လည်မှုမရှိကြောင်း သူတို့အား သက်သေပြခဲ့ပါတယ်။J-Cast Newsသတင်းအရ ဂျပန်အမျိုးသားက သူဟာ ဆုရရန် မျှော်လင့်ကြီးစွာ Tokyoမြို့ရှိ Sega arcade သို့သွားခဲ့ပေမဲ့ အကြိမ်၅၀ ဆက်တိုက်ရှုံးနေတာကြောင့် စက်က တစ်ခုခုမှားနေတယ်လို့ ရိပ်မိခဲ့ကြောင်း ပြောခဲ့ပါတယ်။ဆိုင်ဝန်ထမ်းတွေက ရဲများအား စက်မှာ ဘာအမှားအယွင်းမှမရှိကြောင်း၊ထိုအမျိုးသားမှ မဟုတ် တခြား အကြိမ်၂၀၀တောင် ရှုံးခဲ့တဲ့လူလည်းရှိကြောင်း ကြိုးစားရှင်းပြခဲ့ကြပါတယ်။

အဲ့ဒီနောက်မှာတော့ ဝန်ထမ်းတွေဟာ အရှုံးပေးလိုက်ပြီး သူနောက်ဆုံးတစ်ခုကို မကောက်မီက ပြန်စစေကာ ဆုများရဲ့ နေရာတွေကို ပြန်ညှိပေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ကံကောင်းစွာ ရဲတွေက အရေးမယူခဲ့ကြပါဘူး။Sega arcadeရဲ့ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက အဆိုပါဂိမ်းကစားခြင်းဟာ ကစားသူရဲ့ ကျွမ်းကျင်မှုနဲ့ ကံကောင်းမှုပေါ်မူတည်ပြီး ဝန်ထမ်းတွေကိုလည်း အကူအညီတောင်းနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။ကောင်းပါပြီ အဆိုပါဂျပန်အမျိုးသားကြီးကတော့ တရားမျှတမှု ခံယူပြီး အိမ်ကို ဆုကြီးတွေ သယ်ပြန်သွားနိုင်ခဲ့မယ်လို့လည်း မျှော်လင့်ပါတယ်။

Jasmine (Mckzone Daily)
Source: worldofbuzz

Zawgyi

Claw machine သို႔မဟုတ္ အ႐ုပ္ေကာက္စက္ဂိမ္းတို႔မွ ဆုရယူႏိုင္ျခင္းဟာ မရွိတေလာက္ရွားပါတယ္။အဲ့ဒါေတြက အနည္းငယ္ကံေကာင္းေနၿပီး အရမ္းကြၽမ္းက်င္ေနမွ ရၾကတာပါ။ဒါေပမဲ့ ဆုလိုခ်င္ရင္ေတာ့ စိတ္ရွည္ရွည္ထားၿပီးမွ ကစားသင့္ပါတယ္။သည္းခံျခင္းနဲ႔ ကံေကာင္းျခင္းေတြက ဒီအမ်ိဳးသားဆီမွာ မရွိေနခဲ့ပုံရပါတယ္။ဂ်ပန္ အမ်ိဳးသားတစ္ဦးဟာ အ႐ုပ္ေကာက္စက္မွ ဆုရရွိရန္ အႀကိမ္ ၅၀ဆက္တိုက္ရႈံးေနခဲ့ၿပီးေနာက္ ရဲကို ေခၚရန္ ဆုံးျဖတ္ခဲ့ပါတယ္။အဆိုပါ အျဖစ္အပ်က္ကို Twitter မွာ မွ်ေဝခဲ့ၿပီး သူဟာ ျပန္စာေပါင္း ၃၅,၅၀၀ကို ျပန္လည္ရရွိခဲ့ပါတယ္။

အဲဒီေနရာကို ရဲမ်ားေရာက္လာခ်ိန္မွာေတာ့ ဆိုင္ရွိဝန္ထမ္းတစ္ဦးက စက္ဟာ လိမ္လည္မႈမရွိေၾကာင္း သူတို႔အား သက္ေသျပခဲ့ပါတယ္။J-Cast Newsသတင္းအရ ဂ်ပန္အမ်ိဳးသားက သူဟာ ဆုရရန္ ေမွ်ာ္လင့္ႀကီးစြာ Tokyoၿမိဳ႕ရွိ Sega arcade သို႔သြားခဲ့ေပမဲ့ အႀကိမ္၅၀ ဆက္တိုက္ရႈံးေနတာေၾကာင့္ စက္က တစ္ခုခုမွားေနတယ္လို႔ ရိပ္မိခဲ့ေၾကာင္း ေျပာခဲ့ပါတယ္။ဆိုင္ဝန္ထမ္းေတြက ရဲမ်ားအား စက္မွာ ဘာအမွားအယြင္းမွမရွိေၾကာင္း၊ထိုအမ်ိဳးသားမွ မဟုတ္ တျခား အႀကိမ္၂၀၀ေတာင္ ရႈံးခဲ့တဲ့လူလည္းရွိေၾကာင္း ႀကိဳးစားရွင္းျပခဲ့ၾကပါတယ္။

အဲ့ဒီေနာက္မွာေတာ့ ဝန္ထမ္းေတြဟာ အရႈံးေပးလိုက္ၿပီး သူေနာက္ဆုံးတစ္ခုကို မေကာက္မီက ျပန္စေစကာ ဆုမ်ားရဲ႕ ေနရာေတြကို ျပန္ညႇိေပးဖို႔ ဆုံးျဖတ္ခဲ့ၾကပါတယ္။ကံေကာင္းစြာ ရဲေတြက အေရးမယူခဲ့ၾကပါဘူး။Sega arcadeရဲ႕ ေျပာေရးဆိုခြင့္ ရွိသူတစ္ဦးက အဆိုပါဂိမ္းကစားျခင္းဟာ ကစားသူရဲ႕ ကြၽမ္းက်င္မႈနဲ႔ ကံေကာင္းမႈေပၚမူတည္ၿပီး ဝန္ထမ္းေတြကိုလည္း အကူအညီေတာင္းႏိုင္ေၾကာင္း ရွင္းလင္းေျပာၾကားခဲ့ပါတယ္။ေကာင္းပါၿပီ အဆိုပါဂ်ပန္အမ်ိဳးသားႀကီးကေတာ့ တရားမွ်တမႈ ခံယူၿပီး အိမ္ကို ဆုႀကီးေတြ သယ္ျပန္သြားႏိုင္ခဲ့မယ္လို႔လည္း ေမွ်ာ္လင့္ပါတယ္။

Jasmine (Mckzone Daily)
Source: worldofbuzz

About the author

Aung Lay

Leave a Comment