ၾကားသိရသမ်ွ

ရိုက်မိထားတဲ့ ခြင်တွေကို စာရွက်ပေါ်ကပ်ကာနံပါတ်စဉ်တပ်ပြီး စုဆောင်းထားခဲ့တဲ့ မိန်းကလေး

Written by Aung Lay

ကျွန်တော်တို့လူသားတွေဟာ ခြင်ကိုက်ခံရပြီးနောက် ယားယံလာတဲ့ဒဏ်ကို မခံစားနိုင်ကြပါဘူး။အပူပိုင်းဒေသတွေမှာနေရင်တော့ ခြင်ရဲ့ရန်ကို ကာကွယ်ကြရပြီး သူတို့တွေကို မမုန်းဘဲ နေနိုင်ကြမှာလည်း မဟုတ်ပါဘူး။သင် ယားစိစိနဲ့ ခံစားရတာကို သတိထားမိချိန်မှာ သူတို့ကတော့ အဖုလေးတွေ ကျန်အောင် သွေးစုပ်ပြီးလို့ တဝီဝီနဲ့ ပျံကာ ထွက်သွားနေပြီဖြစ်ပါတယ်။အရိပ်အကဲခက်တာတော်ပြီး မရိုက်မိအောင် ထွက်ပြေးတာလည်း အသေမြန်ကြပါတယ်။မကြာသေးမီက လူငယ်အနုပညာရှင်တစ်ဦးဟာ သူမရဲ့ ခြင်အလောင်းစုဆောင်းနည်းကို အင်တာနက်ပေါ် ပြသရန် မျှဝေခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ ဖက်ရှင်အနုပညာတက္ကသိုလ်(NIFT)မှ အသက် ၁၉နှစ်အရွယ် အနုပညာနှင့်ဖက်ရှင်ကျောင်းသူတစ်ဦးဖြစ်တဲ့ Shreya အမည်ရှိTwitter အသုံးပြုသူ @Zynapsed ဟာ (How it started,How it’s going)ဆိုတဲ့ Caption နဲ့ ခြင်တွေကို နံပါတ်စဉ်တပ်ထားတဲ့ပုံကို မျှဝေခဲ့ကာ လူသိများသွားပြီး ၁၁၅,၆၀၀ likes နဲ့ ၂၆,၀၀၀ retweets တို့ကို ရရှိခဲ့ပါတယ်။

အဆိုပါပုံကို Facebookမှာ သရော်ပြီးပြန်တင်ထားကြတာကို တွေ့ဖူးကြမှာပါ။ပုံထဲမှာတော့ သူမဟာ ခြင်၈၇ကောင်ကို ရိုက်မိထားပြီး ၈၈မြောက်အကောင်ကိုလည်း စာရွက်ပေါ်ကပ်ကာ နံပါတ်စဉ်တပ်ရန်ကျန်နေတာကိုတွေ့ရမှာပါ။ကောင်းပါပြီ သူမ ခြင်အကြောင်းကိုဘဲ စိတ်ဝင်စားတာလား၊ကလဲ့စားချေဖို့ဘဲလုပ်တာလားကိုတော့ သေချာမသိရပါဘူး။Netizen တွေကတော့ သဘောတွေကျနေခဲ့ကြပြီး တချို့က သူမအား အဆင်ပြေရဲ့လား၊ကုထုံးတွေခံယူရန် လိုအပ်နေလား စတဲ့ မေးခွန်းတွေကိုလည်း မေးခဲ့ကြပါသေးတယ်။သူမရဲ့ ခြင်စုဆောင်းနည်းကို စာဖတ်သူတို့ ဘယ်လိုထင်ပါသလဲ။သင်ကိုယ်တိုင်ရော အဲလိုနည်းနဲ့ဘဲ ပြန်ကလဲစားချေတတ်ပါသလား။

Jasmine (Mckzone Daily)

Source: worldofbuzz

Zawgyi

ကၽြန္ေတာ္တို့လူသားေတြဟာ ျခင္ကိုက္ခံရၿပီးေနာက္ ယားယံလာတဲ့ဒဏ္ကို မခံစားနိုင္ၾကပါဘူး။အပူပိုင္းေဒသေတြမွာေနရင္ေတာ့ ျခင္ရဲ့ရန္ကို ကာကြယ္ၾကရၿပီး သူတို့ေတြကို မမုန္းဘဲ ေနနိုင္ၾကမွာလည္း မဟုတ္ပါဘူး။သင္ ယားစိစိနဲ႔ ခံစားရတာကို သတိထားမိခ်ိန္မွာ သူတို့ကေတာ့ အဖုေလးေတြ က်န္ေအာင္ ေသြးစုပ္ၿပီးလို့ တဝီဝီနဲ႔ ပ်ံကာ ထြက္သြားေနၿပီျဖစ္ပါတယ္။အရိပ္အကဲခက္တာေတာ္ၿပီး မရိုက္မိေအာင္ ထြက္ေျပးတာလည္း အေသျမန္ၾကပါတယ္။မၾကာေသးမီက လူငယ္အႏုပညာရွင္တစ္ဦးဟာ သူမရဲ့ ျခင္အေလာင္းစုေဆာင္းနည္းကို အင္တာနက္ေပၚ ျပသရန္ မၽွေဝခဲ့ပါတယ္။ အိႏၵိယနိုင္ငံ နယူးေဒလီၿမိဳ့ရွိ ဖက္ရွင္အႏုပညာတကၠသိုလ္(NIFT)မွ အသက္ ၁၉ႏွစ္အရြယ္ အႏုပညာႏွင့္ဖက္ရွင္ေက်ာင္းသူတစ္ဦးျဖစ္တဲ့ Shreya အမည္ရွိTwitter အသုံးျပဳသူ @Zynapsed ဟာ (How it started,How it’s going)ဆိုတဲ့ Caption နဲ႔ ျခင္ေတြကို နံပါတ္စဥ္တပ္ထားတဲ့ပုံကို မၽွေဝခဲ့ကာ လူသိမ်ားသြားၿပီး ၁၁၅,၆၀၀ likes နဲ႔ ၂၆,၀၀၀ retweets တို့ကို ရရွိခဲ့ပါတယ္။

အဆိုပါပုံကို Facebookမွာ သေရာ္ၿပီးျပန္တင္ထားၾကတာကို ေတြ႕ဖူးၾကမွာပါ။ပုံထဲမွာေတာ့ သူမဟာ ျခင္၈၇ေကာင္ကို ရိုက္မိထားၿပီး ၈၈ေျမာက္အေကာင္ကိုလည္း စာရြက္ေပၚကပ္ကာ နံပါတ္စဥ္တပ္ရန္က်န္ေနတာကိုေတြ႕ရမွာပါ။ေကာင္းပါၿပီ သူမ ျခင္အေၾကာင္းကိုဘဲ စိတ္ဝင္စားတာလား၊ကလဲ့စားေခ်ဖို့ဘဲလုပ္တာလားကိုေတာ့ ေသခ်ာမသိရပါဘူး။Netizen ေတြကေတာ့ သေဘာေတြက်ေနခဲ့ၾကၿပီး တခ်ိဳ့က သူမအား အဆင္ေျပရဲ့လား၊ကုထုံးေတြခံယူရန္ လိုအပ္ေနလား စတဲ့ ေမးခြန္းေတြကိုလည္း ေမးခဲ့ၾကပါေသးတယ္။သူမရဲ့ ျခင္စုေဆာင္းနည္းကို စာဖတ္သူတို့ ဘယ္လိုထင္ပါသလဲ။သင္ကိုယ္တိုင္ေရာ အဲလိုနည္းနဲ႔ဘဲ ျပန္ကလဲစားေခ်တတ္ပါသလား။

Jasmine (Mckzone Daily)

Source: worldofbuzz

About the author

Aung Lay

Leave a Comment