News

ကျောင်းတွေပြန်ဖွင့်ချိန်မှာ အသက် (၆) နှစ်ပြည့် ကလေးတွေ သူငယ်တန်းတက်ရန်မလိုတော့

Written by Aung Lay

လက္ရွိပညာသင္ႏွစ္မွာ KG တန္း စတက္ရမယ့္ သူေတြအေနနဲ႔ ေက်ာင္းျပန္ဖြင့္တဲ့အခါမွာ တစ္ႏွစ္ေအာက္ရတာမ်ိဳးမျဖစ္ေအာင္ အခုလို Grade1တစ္ခါတည္း တန္းၿပီးတက္ေရာက္ခြင့္ျပဳမွာျဖစ္တယ္လို႔ အေျခခံပညာဦးစီးဌာနမွ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးတင္ေမာင္ဝင္းက Duwun ကို ေျပာပါတယ္။

“ အခုလတ္တေလာ အေျခအေနအရ ဒီႏွစ္မွာ သူငယ္တန္း KG မတက္လိုက္ရတဲ့ကေလးေတြ အတြက္ စာသင္ႏွစ္ၿပီးလို႔ေတာင္ ေက်ာင္းေတြျပန္မဖြင့္ႏိုင္လို႔ ေနာက္ႏွစ္မွဖြင့္ရရင္ Grade1ကို တန္းေရာက္ခြင့္ျပဳမွာေပါ့ေနာ္။ တကယ္လို႔ စာသင္ေက်ာင္းေတြအေနနဲ႔ ဒီႏွစ္စာသင္ႏွစ္အမီ ျပန္ဖြင့္ႏိုင္ရင္ေနေတာ့ သူ႔သင္႐ိုးၫႊန္းတမ္းအတိုင္းပဲ KG ကေန စတက္ၿပီး သင္ၾကားရမွာ”လို႔ ဦးတင္ေမာင္ဝင္းက ေျပာပါတယ္။

ႏိုင္ငံတြင္း ကူးစက္ပ်ံ႕ႏွံ႔ေနတဲ့ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ယခုႏွစ္စာသင္ႏွစ္မွာ အေျခခံပညာေက်ာင္းေတြဖြင့္လွစ္တဲ့ရက္ ေနာက္က်ခဲ့သလို အထက္တန္းအဆင့္ေတြဖြင့္လွစ္ၿပီး တစ္လေက်ာ္အၾကာမွာပဲ ျပန္လည္ပိတ္ခဲ့ရတာ ယေန႔ထိပါ။ မူလတန္းနဲ႔ အလယ္တန္းေတြကိုေတာ့ တစ္ႏွစ္ပတ္လုံး ဖြင့္လွစ္ႏိုင္ခဲ့ျခင္းမရွိေသးပါဘူး။ တစ္ႏိုင္ငံလုံးအတိုင္းအတာအေနနဲ႔ အေျခခံပညာ ေက်ာင္းေပါင္း (၄)ေသာင္းေက်ာ္ရွိၿပီး တက္ေရာက္ပညာသင္ၾကားေနတဲ့ ေက်ာင္းသားေပါင္းက (၉)သန္းေက် ာ္ရွိပါတယ္။ ယခု စာသင္ႏွစ္အမီသာေက်ာင္းေတြဖြင့္လွစ္ႏိုင္ခဲ့ရင္ေတာ့ သင္႐ိုးၫႊန္တမ္းအမီသင္ၾကားႏိုင္ေအာင္ ပိတ္ရက္ေတြမွာပါ သင္ၾကားမႈေတြျပဳလုပ္သြားရမယ့္အေျခအေနမွာရွိေနတယ္လို႔ သိရပါတယ္။

Unicode

လက်ရှိပညာသင်နှစ်မှာ KG တန်း စတက်ရမယ့် သူတွေအနေနဲ့ ကျောင်းပြန်ဖွင့်တဲ့အခါမှာ တစ်နှစ်အောက်ရတာမျိုးမဖြစ်အောင် အခုလို Grade1တစ်ခါတည်း တန်းပြီးတက်ရောက်ခွင့်ပြုမှာဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်မောင်ဝင်းက Duwun ကို ပြောပါတယ်။

“ အခုလတ်တလော အခြေအနေအရ ဒီနှစ်မှာ သူငယ်တန်း KG မတက်လိုက်ရတဲ့ကလေးတွေ အတွက် စာသင်နှစ်ပြီးလို့တောင် ကျောင်းတွေပြန်မဖွင့်နိုင်လို့ နောက်နှစ်မှဖွင့်ရရင် Grade1ကို တန်းရောက်ခွင့်ပြုမှာပေါ့နော်။ တကယ်လို့ စာသင်ကျောင်းတွေအနေနဲ့ ဒီနှစ်စာသင်နှစ်အမီ ပြန်ဖွင့်နိုင်ရင်နေတော့ သူ့သင်ရိုးညွှန်းတမ်းအတိုင်းပဲ KG ကနေ စတက်ပြီး သင်ကြားရမှာ”လို့ ဦးတင်မောင်ဝင်းက ပြောပါတယ်။

နိုင်ငံတွင်း ကူးစက်ပျံ့နှံ့နေတဲ့ ကိုဗစ်ကပ်ရောဂါကြောင့် ယခုနှစ်စာသင်နှစ်မှာ အခြေခံပညာကျောင်းတွေဖွင့်လှစ်တဲ့ရက် နောက်ကျခဲ့သလို အထက်တန်းအဆင့်တွေဖွင့်လှစ်ပြီး တစ်လကျော်အကြာမှာပဲ ပြန်လည်ပိတ်ခဲ့ရတာ ယနေ့ထိပါ။ မူလတန်းနဲ့ အလယ်တန်းတွေကိုတော့ တစ်နှစ်ပတ်လုံး ဖွင့်လှစ်နိုင်ခဲ့ခြင်းမရှိသေးပါဘူး။ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ အခြေခံပညာ ကျောင်းပေါင်း (၄)သောင်းကျော်ရှိပြီး တက်ရောက်ပညာသင်ကြားနေတဲ့ ကျောင်းသားပေါင်းက (၉)သန်းကျေ ာ်ရှိပါတယ်။ ယခု စာသင်နှစ်အမီသာကျောင်းတွေဖွင့်လှစ်နိုင်ခဲ့ရင်တော့ သင်ရိုးညွှန်တမ်းအမီသင်ကြားနိုင်အောင် ပိတ်ရက်တွေမှာပါ သင်ကြားမှုတွေပြုလုပ်သွားရမယ့်အခြေအနေမှာရှိနေတယ်လို့ သိရပါတယ်။

Credit

About the author

Aung Lay

Leave a Comment