Cele News
အသက် ၈၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နိုင်ငံကျော်အသံတုပညာရှင် ရဲမြင့်လေး ကွယ်လွန်
Written by Aung Lay
ခရက်​ဒစ်
Unicode
မြန်မာနိုင်ငံရဲ့ ပထမဦဆုံး လူအသံတု ပညာရှင်၊ ရုပ်ရှင်သရုပ်ဆောင်၊ စိတ်အာရုံ မနော ပညာရှင် အသက် ၈၂ နှစ် အရွယ်ရှိပြီဖြစ်တဲ့ အသံတု ရဲမြင့်လေးဟာ
မေလ ၂၄ ရက်ညနေ ၅ နာရီအချိန်က သာကေတမြို့နယ်၊ ရန်ပြေရပ်ကွက်၊ သုမနလမ်း နေအိမ်မှာလူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။
အသံတု ရဲမြင့်လေး ကွယ်လွန်သွားတာဟာ အနုပညာ လောကအတွက်တော့ သိပ်နှမျောမိတယ်လို့ စည်သူ ဦးကြည်စိုးထွန်း ကပြောပါတယ်။
နိုင်ငံကျော် အသံတုပညာရှင် ရဲမြင့်လေးဟာ မျက်လှည့်ပညာနဲ့အသံတုပညာတွေကို အကယ်ဒမီ ဖိုးပါကြီး၊ ချန်ပီယံတင်ညွန့်၊ ဆရာပဏ္ဏဝ၊ ဆရာပြည်ဘိုလာတို့ဆီက သင်ယူခဲ့တာပါ။ မြန်မာနိုင်ငံ ဂီတအစည်းအရုံး ဥက္ကဋ္ဌ
ဦးတင်ဦးလေးကလည်း အသံတု ရဲမြင့်လေး ကွယ်လွန်သွားတဲ့အတွက် အလွန်ဝမ်းနည်းမိပြီး ပညာရှင်တစ်ယောက် ဆုံးရှုံးသွားတာဖြစ်တယ်လို့ဆိုပါတယ်။ အသံတုရဲမြင့်လေးဟာ
တွံတေးသိန်းတန်၊ ဟင်္သာတထွန်းရင်၊ အညာသားအေးလွင်၊ မောင်မောင်ညွန့်တို့ရဲ့ ကတ်ဆက်ဇာတ်လမ်းထဲမှာလည်းအသံတုပညာနဲ့
သရုပ်ဆောင်ပေးခဲ့သလို အခုနောက်ပိုင်း မျက်လှည့် အစီအစဉ်တွေမှာလည်း သင်တန်းတွေ ပို့ချပေးခဲ့သူဖြစ်ပါတယ်။
ခရက်ဒစ်
About the author
Aung Lay
Leave a Comment