Knowledge

မိမိတို့ရဲ့သွေး အမျိုးအစားအလိုက် ကိုဗစ်ရောဂါ ပြင်းထန်နိုင်သည့် သွေးအမျိုးအစားများ (သိထားသင့်ပါတယ်)

Written by Aung Lay

မိမိတို ့ရဲ ့ေသြး အမ်ိဳးအစား အလိုက္ ကိုဗစ္ေရာဂါ ျပင္းထန္ႏိုင္သည့္ ေသြးအမ်ိဳးအစားမ်ား (သိထားသင့္ပါတယ္)

ေသြးအမ်ိဳးအစားအ လိုက္ လူတစ္ေယာက္ ကို ကိုဗစ္ ေရာဂါကူးစက္နိုင္သည့္အႏၲရာယ္ႏွင့္ ယင္းေရာဂါျပင္းထန္နိုင္သည့္အႏၲရာယ္ကို ႀကိဳတင္ခန႔္မွန္းနိုင္ေၾကာင္း ေလ့လာမွုတစ္ရပ္က ေဖာ္ျပသည္။

ယင္းေလ့လာမွုရလဒ္ ကို ေအာက္တိုဘာ ၁၄ ရက္က Blood Advances ဂ်ာနယ္တြင္ ေဖာ္ျပထားသည္။ ေလ့လာမွုတြင္ သုေတသီမ်ားက ဒိန္းမတ္နိုင္ငံရွိ ကိုဗစ္ ေရာဂါကူးစက္သူ ၄၇၃,၀၀၀ ဦးကို အျခားလူေပါင္း ၂ ဒသမ ၂ သန္း၏ အေျခအေနမ်ားႏွင့္ ႏွိုင္းယွဥ္ေလ့လာထားသည္။

ကိုဗစ္ လူနာမ်ားတြင္ အိုေသြးအမ်ိဳးအစားသည္ ရာခိုင္ႏွုန္းအနည္းငယ္သာပါဝင္ၿပီး ေအ၊ ဘီႏွင့္ ေအဘီေသြးအမ်ိဳးအစားရွိသူမ်ား ပါဝင္ေနသည့္ ရာခိုင္ႏွုန္းပိုမ်ားေၾကာင္း သုေတသီမ်ားက ေျပာၾကားသည္။

ေအ၊ ဘီႏွင့္ ေအဘီေသြးအမ်ိဳးအစားရွိသူမ်ားသည္ ကိုဗစ္ ေရာဂါကူးစက္နိုင္သည့္အႏၲရာယ္ ျမင့္မားပုံရေၾကာင္း မိမိတို႔၏ေလ့လာမွုအတြင္း ေတြ႕ရွိသည္ဟု သုေတသီမ်ားက ေျပာၾကားသည္။

ယင္းေသြးအမ်ိဳးအစား သုံးမ်ိဳးရွိသူမ်ားၾကားတြင္ ကူးစက္မွုႏွုန္းမွာ အတူတူျဖစ္ေၾကာင္း သုေတသီမ်ား က ေျပာၾကားသည္။

အျခားေလ့လာမွုတစ္ရပ္တြင္ ကေနဒါနိုင္ငံရွိ ကိုဗစ္ ေရာဂါဒဏ္ျပင္းျပင္းထန္ထန္ခံစားေနရ ၿပီး ေဆး႐ုံတင္ထားရသူ ၉၅ ဦးပါဝင္ၿပီး ၎တို႔အနက္ ေအ၊ ဘီႏွင့္ ေအဘီေသြးအမ်ိဳးအစားရွိသူမ်ား အသက္ရွူကိရိယာအသုံးျပဳရန္လိုအပ္မွုပိုမ်ားေၾကာင္း ေတြ႕ရွိထားသည္။ ယင္းေသြးအမ်ိဳးအစားရွိသူမ်ား သည္ ေက်ာက္ကပ္ပ်က္စီးျခင္းေၾကာင့္ ေသြးသြင္းရန္လိုအပ္မွုလည္းပိုမ်ားေၾကာင္း ေလ့လာမွုတြင္ေဖာ္ျပ ထားသည္။ ယခုေလ့လာမွုကို ၿဗိတိန္ ကိုလံဘီယာတကၠသိုလ္မွ သုေတသီမ်ားက ျပဳလုပ္ခဲ့သည္။

Unicode

မိမိတို့ရဲ့သွေး အမျိုးအစား အလိုက် ကိုဗစ်ရောဂါ ပြင်းထန်နိုင်သည့် သွေးအမျိုးအစားများ (သိထားသင့်ပါတယ်)

သွေးအမျိုးအစားအ လိုက် လူတစ်ယောက် ကို ကိုဗစ် ရောဂါကူးစက်နိုင်သည့်အန္တရာယ်နှင့် ယင်းရောဂါပြင်းထန်နိုင်သည့်အန္တရာယ်ကို ကြိုတင်ခန့်မှန်းနိုင်ကြောင်း လေ့လာမှုတစ်ရပ်က ဖော်ပြသည်။

ယင်းလေ့လာမှုရလဒ် ကို အောက်တိုဘာ ၁၄ ရက်က Blood Advances ဂျာနယ်တွင် ဖော်ပြထားသည်။ လေ့လာမှုတွင် သုတေသီများက ဒိန်းမတ်နိုင်ငံရှိ ကိုဗစ် ရောဂါကူးစက်သူ ၄၇၃,၀၀၀ ဦးကို အခြားလူပေါင်း ၂ ဒသမ ၂ သန်း၏ အခြေအနေများနှင့် နှိုင်းယှဉ်လေ့လာထားသည်။

ကိုဗစ် လူနာများတွင် အိုသွေးအမျိုးအစားသည် ရာခိုင်နှုန်းအနည်းငယ်သာပါဝင်ပြီး အေ၊ ဘီနှင့် အေဘီသွေးအမျိုးအစားရှိသူများ ပါဝင်နေသည့် ရာခိုင်နှုန်းပိုများကြောင်း သုတေသီများက ပြောကြားသည်။

အေ၊ ဘီနှင့် အေဘီသွေးအမျိုးအစားရှိသူများသည် ကိုဗစ် ရောဂါကူးစက်နိုင်သည့်အန္တရာယ် မြင့်မားပုံရကြောင်း မိမိတို့၏လေ့လာမှုအတွင်း တွေ့ရှိသည်ဟု သုတေသီများက ပြောကြားသည်။

ယင်းသွေးအမျိုးအစား သုံးမျိုးရှိသူများကြားတွင် ကူးစက်မှုနှုန်းမှာ အတူတူဖြစ်ကြောင်း သုတေသီများ က ပြောကြားသည်။

အခြားလေ့လာမှုတစ်ရပ်တွင် ကနေဒါနိုင်ငံရှိ ကိုဗစ် ရောဂါဒဏ်ပြင်းပြင်းထန်ထန်ခံစားနေရ ပြီး ဆေးရုံတင်ထားရသူ ၉၅ ဦးပါဝင်ပြီး ၎င်းတို့အနက် အေ၊ ဘီနှင့် အေဘီသွေးအမျိုးအစားရှိသူများ အသက်ရှူကိရိယာအသုံးပြုရန်လိုအပ်မှုပိုများကြောင်း တွေ့ရှိထားသည်။ ယင်းသွေးအမျိုးအစားရှိသူများ သည် ကျောက်ကပ်ပျက်စီးခြင်းကြောင့် သွေးသွင်းရန်လိုအပ်မှုလည်းပိုများကြောင်း လေ့လာမှုတွင်ဖော်ပြ ထားသည်။ ယခုလေ့လာမှုကို ဗြိတိန် ကိုလံဘီယာတက္ကသိုလ်မှ သုတေသီများက ပြုလုပ်ခဲ့သည်။

Credit

About the author

Aung Lay

Leave a Comment