Cele News

COVID ကာလ ကြက်ဥဝယ်ဖို့တောင် အနိုင်နိုင်ဖြစ်နေတဲ့သူ့အတွက် စိန်တွေကို LIVE မှာ သိန်းထောင်ချီ ဝယ်နေတဲ့ သူတွေကို အံ့သြနေတဲ့ သားညီ

Written by Aung Lay




Source : TharNyi

Unicode

ပရိသတ်ကြီးရေ သားညီက တော့ ရုပ်ရှင်လောကမှာ ထိပ်တန်းစူပါမင်းသားကြီးတွေရဲ့မျိုးဆက်တစ်ဦးပါ။သရုပ်ဆောင်အပြင် အခုချိန်မှာ ဒါရိုက်တာတစ်ယောက်အဖြစ် ရပ်တည်နေသူပါ။ သူရိုက်ကူးတဲ့ကြော်ငြာတွေကအစပရိသတ်တွေသဘောကျအားပေးခဲ့ရတာဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကိုလည်း ရိုက်ကူးနေသူပါ။

ဒီနေ့မှာတော့ ” ကိုဗစ်ကာလ စီးပွာရေး မကောင်းဘူး သာပြောနေကြတာLive လွှင့်ရောင်းတဲ့ စိန်ဆိုင်တွေမှာဝယ်နေလိုက်ကြတာများ သိန်းရာကျော်တန်တွေကိုပဲကြီးလှော် ဝယ်သလို ဝယ်နေကြတာဟ!!!ကိုယ်တွေများ ကြက်ဥတောင်တစ်ကဒ်ဝယ်မလား နှစ်ကဒ်တစ်ခါတည်း ဝယ်ရမလားတော်တော် စဉ်းစားနေရတယ် ”ဆိုတဲ့စာလေး တင်လာခဲ့တာပါ။

သားညီပြောတဲ့ စကားကလည်း မှန်သလိုလို ပါပဲနော် ပရိတ်သတ်ကြီးရေ။ပရိသတ်တွေထဲမှာရော သားညီနဲ့အဖြစ်တူနေတဲ့သူတွေရှိရင်မှတ်ချက်ပေးခဲ့ပါဦးနော်။ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : TharNyi

About the author

Aung Lay

Leave a Comment