ၾကားသိရသမ်ွ

ကျောင်းသားကျောင်းသူ အားလုံး ကာကွယ်ဆေးထိုးပြီးမှသာ ကျောင်းဖွင့်နိုင်မည်ဟု ဆို

Written by Aung Lay

ၾသဂုတ္လ ၂၇ ရက္ မွာ တစ္ႏိုင္ငံလုံးရွိ စာသင္ေက်ာင္းေတြ ကို ျပန္ပိတ္ခဲ့တာ ျဖစ္ပါတယ္။ အေျခခံပညာ စာသင္ေက်ာင္းေတြကို ကိုဗစ္ေရာဂါ ထိန္းခ်ဳပ္ ႏိုင္ခ်ိန္ေရာက္မွသာ ျပန္ဖြင့္ႏိုင္မွာျဖစ္ၿပီး ျပန္ဖြင့္ခ်ိန္မွာ ပိတ္ရက္ေတြမွာပါသင္ၾကားမႈေတြျပဳလုပ္သြားရမယ့္အေျခအေနရွိတယ္လို႔ အေျခခံပညာ ဦးစီးဌာနမွ သိရပါ တယ္။

စာသင္ ေက်ာင္းေတြဟာပုံမွန္ဆိုရင္အခ်ိန္ကာလ ကိုးလ (ရက္သတၱပတ္ ၃၆ ပတ္) တက္ေရာက္ စာသင္ၾကားရတာျဖစ္ပါတယ္။ ဒါေပမယ့္ လက္ရွိ က ေတာ့ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ေက်ာင္းေတြပိတ္ထားရတဲ့အတြက္ ေက်ာင္းျပန္ဖြင့္ တဲ့အခါ ေက်ာင္းသူ ေက်ာင္းသားေတြ ေနာက္က်မႈမရွိေစရန္ စေန၊တနဂၤေႏြပိတ္ရက္မွာပါ စာသင္ၾကား ႏိုင္ဖို႔ ရည္႐ြယ္ထားတယ္ လို႔ သိရပါတယ္။

“ဒီကာလက ကိုဗစ္ ကူးစက္မႈ အရမ္းျမင့္ေန တာဆိုေတာ့ ကိုဗစ္ ဗဟိုေကာ္မတီရဲ႕ ဆုံးျဖတ္ခ်က္ အတိုင္းျဖစ္တယ္။ ေက်ာင္းဖြင့္ဖို႔ကိစၥလည္း ကိုဗစ္ ဗဟိုေကာ္မတီရဲ႕ ဆုံးျဖတ္ခ်က္ပဲ လိုက္နာရတယ္။ ေရာဂါထိန္းခ်ဳပ္ႏိုင္ၿပီ ေက်ာင္းသားေတြကို ကာကြယ္ေဆး ထိုးႏွံႏိုင္ၿပီ ဖြင့္ရၿပီဆို ဖြင့္မယ္ “လို႔ အေျခခံပညာဦးစီးဌာနမွ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာ တင္ေမာင္ဝင္း က ေျပာပါတယ္ ။လတ္တ ေလာ မွာေတာ့ အေျခခံပညာေက်ာင္းအားလုံးကို ပိတ္ထားေၾကာင္းနဲ႔ျပန္လည္ဖြင့္လွစ္ဖို႔ ၫႊန္ၾကားခ်က္ ရၿပီဆိုတာနဲ႔ တရားဝင္အသိေပး ထုတ္ျပန္မွာျဖစ္တယ္လို႔ သိရပါတယ္။“ေက်ာင္းေတြျပန္ဖြင့္မယ္ဆိုလို႔ ကေလးေတြကိုေတာင္ က်ဴရွင္ ထားခဲ့တယ္။

ေနာက္ေတာ့ ဆရာမကေက်ာင္း မဖြင့္ေသးဘူးဆိုၿပီး က်ဴရွင္သင္တာကို နားလိုက္တယ္။ ကိုဗစ္ေရာဂါ ျဖစ္ေနေတာ့ ေက်ာင္းမဖြင့္တာေကာင္းေပမယ့္ ၊ကေလးေတြက စာသင္ႏွစ္ေနာက္က်တယ္။ ကေလးေတြ တစ္ေနကုန္ Mask တပ္ စာသင္ဖို႔ကလည္း ထင္သေလာက္မလြယ္ပါဘူး။ ခုထိေတာ့ ေက်ာင္း ဖြင့္မယ္ မဖြင့္ဘူး ဘာမွမသိရေသးဘူး”လို႔ ေက်ာင္းသား မိဘျဖစ္သူ ေဒၚခင္စိုးဝင္းက ေျပာပါတယ္။

စာသင္ေက်ာင္းေတြကို ကိုဗစ္ကူးစက္မႈႏႈန္း က်ဆင္း ခဲ့တဲ့ ဇူလိုင္လမွာ ေခတၱျပန္လည္ဖြင့္လွစ္ခဲ့ေပမယ့္ ဒုတိယလႈိင္းကူးစက္မႈ စတင္ခ်ိန္ ၾသဂုတ္လ ၂၇ ရက္မွာေတာ့ တစ္ႏိုင္ငံလုံးက စာသင္ေက်ာင္းေတြကို ျပန္လည္ ပိတ္ခဲ့တာ လက္ရွိ အခ်ိန္အထိလည္း ျဖစ္ပါတယ္။

Credit

Unicode

သြဂုတ်လ ၂၇ ရက် မှာ တစ်နိုင်ငံလုံးရှိ စာသင်ကျောင်းတွေ ကို ပြန်ပိတ်ခဲ့တာ ဖြစ်ပါတယ်။ အခြေခံပညာ စာသင်ကျောင်းတွေကို ကိုဗစ်ရောဂါ ထိန်းချုပ် နိုင်ချိန်ရောက်မှသာ ပြန်ဖွင့်နိုင်မှာဖြစ်ပြီး ပြန်ဖွင့်ချိန်မှာ ပိတ်ရက်တွေမှာပါသင်ကြားမှုတွေပြုလုပ်သွားရမယ့်အခြေအနေရှိတယ်လို့ အခြေခံပညာ ဦးစီးဌာနမှ သိရပါ တယ်။

စာသင် ကျောင်းတွေဟာပုံမှန်ဆိုရင်အချိန်ကာလ ကိုးလ (ရက်သတ္တပတ် ၃၆ ပတ်) တက်ရောက် စာသင်ကြားရတာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ က တော့ ကိုဗစ်ကပ်ရောဂါကြောင့် ကျောင်းတွေပိတ်ထားရတဲ့အတွက် ကျောင်းပြန်ဖွင့် တဲ့အခါ ကျောင်းသူ ကျောင်းသားတွေ နောက်ကျမှုမရှိစေရန် စနေ၊တနင်္ဂနွေပိတ်ရက်မှာပါ စာသင်ကြား နိုင်ဖို့ ရည်ရွယ်ထားတယ် လို့ သိရပါတယ်။

“ဒီကာလက ကိုဗစ် ကူးစက်မှု အရမ်းမြင့်နေ တာဆိုတော့ ကိုဗစ် ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက် အတိုင်းဖြစ်တယ်။ ကျောင်းဖွင့်ဖို့ကိစ္စလည်း ကိုဗစ် ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက်ပဲ လိုက်နာရတယ်။ ရောဂါထိန်းချုပ်နိုင်ပြီ ကျောင်းသားတွေကို ကာကွယ်ဆေး ထိုးနှံနိုင်ပြီ ဖွင့်ရပြီဆို ဖွင့်မယ် “လို့ အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်မောင်ဝင်း က ပြောပါတယ် ။လတ်တ လော မှာတော့ အခြေခံပညာကျောင်းအားလုံးကို ပိတ်ထားကြောင်းနဲ့ပြန်လည်ဖွင့်လှစ်ဖို့ ညွှန်ကြားချက် ရပြီဆိုတာနဲ့ တရားဝင်အသိပေး ထုတ်ပြန်မှာဖြစ်တယ်လို့ သိရပါတယ်။“ကျောင်းတွေပြန်ဖွင့်မယ်ဆိုလို့ ကလေးတွေကိုတောင် ကျူရှင် ထားခဲ့တယ်။

နောက်တော့ ဆရာမကကျောင်း မဖွင့်သေးဘူးဆိုပြီး ကျူရှင်သင်တာကို နားလိုက်တယ်။ ကိုဗစ်ရောဂါ ဖြစ်နေတော့ ကျောင်းမဖွင့်တာကောင်းပေမယ့် ၊ကလေးတွေက စာသင်နှစ်နောက်ကျတယ်။ ကလေးတွေ တစ်နေကုန် Mask တပ် စာသင်ဖို့ကလည်း ထင်သလောက်မလွယ်ပါဘူး။ ခုထိတော့ ကျောင်း ဖွင့်မယ် မဖွင့်ဘူး ဘာမှမသိရသေးဘူး”လို့ ကျောင်းသား မိဘဖြစ်သူ ဒေါ်ခင်စိုးဝင်းက ပြောပါတယ်။

စာသင်ကျောင်းတွေကို ကိုဗစ်ကူးစက်မှုနှုန်း ကျဆင်း ခဲ့တဲ့ ဇူလိုင်လမှာ ခေတ္တပြန်လည်ဖွင့်လှစ်ခဲ့ပေမယ့် ဒုတိယလှိုင်းကူးစက်မှု စတင်ချိန် သြဂုတ်လ ၂၇ ရက်မှာတော့ တစ်နိုင်ငံလုံးက စာသင်ကျောင်းတွေကို ပြန်လည် ပိတ်ခဲ့တာ လက်ရှိ အချိန်အထိလည်း ဖြစ်ပါတယ်။

Credit

About the author

Aung Lay

Leave a Comment