News

တရက်အတွင်း ကမ္ဘာ့အဆင့် သေဆုံးမှုစာရင်းမှာ အဆင့် 20 ဝင်သွားခဲ့တဲ့ မြန်မာ နဲ့ယိုင်နဲ့စပြုလာပြီဖြစ်တဲ့ ဗျူဟာကုန်းများ

Written by Aung Lay

တရက္ အတြင္း ကမၻာ့အဆင့္ ေသဆံုးမွဳစာရင္းမွာ အဆင့္ 20 ၀င္သြားခဲ့တဲ့ ျမန္မာ နဲ ့ယိုင္နဲ့စျပဳလာၿပီျဖစ္တဲ့ ဗ်ဴဟာကုန္းမ်ား

(၁) Covid-19 designated Hospital မ်ား အျဖစ္ ေဝ ဘာဂီ၊ ေတာင္ဥကၠလာ၊ ေဖာင္ႀကီး ၃ ခုတည္း ရွိေနရာမွ လူနာအင္အား ဆတိုးမ်ားျပားလာသည့္အခါ ရန္ကုန္ၿမိဳ႕ေပၚရွိ အျခားေဆး႐ုံအသီးသီးကိုလည္း designated hospital မ်ားအျဖစ္ ျပင္ဆင္ထားရန္ စီစဥ္ေနဆဲမွာပင္ ထိုေဆး႐ုံမ်ားမွာ သူ႔အလိုလိုပင္ designated hospital မ်ားအျဖစ္ ေျပာင္းလဲေနၿပီးသားျဖစ္ေနသည္ကို ေတြ႕နိုင္ပါသည္။

(၂) ေဆး႐ုံတင္လူနာသတ္မွတ္ေရး Admission Criteria တြင္ သာမာန္လကၡနာရွိသူမ်ား၊အနံ့ေပ်ာက္သူမ်ားထက္ ေရာဂါလကၡနာ ပိုဆိုး၊ပိုျပင္းထန္သူမ်ားကိုသာ ေဆး႐ုံတင္ကုသရန္ စီစဥ္ေနဆဲမွာပင္ လာသမၽွလူနာ ၁၀ ေယာက္မွာ ၁၀ ေယာက္လုံးနီးပါး ဖတ္ဖတ္ေမာလို႔၊ ေသြးတြင္း ေအာက္စီဂ်င္ ၈၀% ႏွင့္ ၉၀% ရာခိုင္ႏွုန္းၾကား၊ အခ်ိဳ႕ဆို အံ့ဩေလာက္စရာ ၃၀-၄၀%၊ အဆုတ္ဓါတ္မွန္မ်ားတြင္ ကိုဗစ္ကိုက္ဒါဏ္ရာဒါဏ္ခ်က္မ်ား အေဖြးသားျဖင့္၊ သူ႔အလိုလို admission criteria ေျပာင္းသြားၿပီးသား ျဖစ္ေနျပန္ပါသည္။

(၃) containment strategy ကို လႊတ္ခ်လိုက္ပါေတာ့လားဟု အားလုံး ညာသံေပး၍ ေအာ္ေနစဥ္မွာပင္ အဆိုပါ အနံ့ေပ်ာက္ႏွင့္ သာမာန္လကၡနာရွိသူအမ်ားစုမွာ မိမိတို႔အိမ္အသီးသီးမွာပင္ ေအာင္းေနပုံရသည့္အတြက္ modified containment ဟုဆိုဆို၊ mitigation ဟုပဲ အာလုတ္သံျပဳျပဳ သူ႔အလိုလို ေျပာင္းၿပီးျဖစ္ေနျပန္ပါသည္။

(၄) ယခု အခါ ရန္ကုန္ၿမိဳ႕ေပၚရွိ ေဆး႐ုံအသီးသီးသည္ အေရွ႕ဘက္မွ စစ္မ်က္ႏွာဖြင့္ အားကုန္ထုတ္လာၿပီျဖစ္ေသာ ရန္သူ ကိုဗစ္ႏွင့္ သူေသကိုယ္ေသ ရင္ဆိုင္ေနရခ်ိန္တြင္ အေနာက္ဘက္မွ Non-Covid ရန္သူမ်ားကလည္း ေနာက္ေက်ာ ဓါးႏွင့္ ထိုးေနပါၿပီ။ ဗ်ဴဟာကုန္းမ်ားသည္ တစ္ေန႔တစ္ေန႔ ခ်ိနဲ႔စျပဳလာေနပါၿပီ။ ကတုတ္က်ဥ္းမ်ားထဲမွာလည္း လူအင္အား ခပ္နဲ႔နဲ႔။

(၅) ငယ္ငယ္ကၾကည့္ဖူးေသာ စစ္ကားမ်ားထဲက မင္းသားႀကီး ဗိုလ္ဗကို​၏ ေနာက္ခံစကားေျပာသံကို ၾကားေယာင္ေနမိပါသည္။ “အဲ အခုဆိုရင္ …က်ဴးေက်ာ္သူေတြဟာ ေထာင္ေသာင္းအလုံးအရင္းနဲ႔ အမိေျမထဲကို က်ဴးေက်ာ္ဝင္ေရာက္လာေနၿပီခင္ဗ်။ ဗ်ဴဟာကုန္းမွာ က်န္ေနတဲ့ ဗမ နဲ႔ တပ္မေတာ္သားေလး ၂ ဦးကေတာ့ ရဲစြမ္းသတၱိအျပည့္နဲ႔ ၊ ရွိတဲ့ လက္နက္အင္အားနဲ႔ ခုခံေနတုန္းပဲခင္ဗ်။” ဒီလို ေျပာၿပီး သိပ္မၾကာခင္မွာပဲ ဘယ္ကေရာက္လာမွန္းမသိတဲ့ လက္နက္ႀကီး ပစ္ကူေတြေရာ၊ ေလယာဥ္ေတြေရာ၊ စစ္ကူေတြ “က်ား” ေအာ္ရင္း တက္လာတာလည္း ေဖြးေဖြးလွုပ္လို႔၊ ၾကည့္ေနတဲ့ ပရိတ္သတ္ကလည္း ၾကက္သီးေတြထ၊ လက္ေခါက္ေတြ မွုတ္လို႔၊ ​ေအာင္ပြဲ။

(၆) ဗ်ဴဟာကုန္းေတြမွာ လူစုၾကဖို႔ လိုပါၿပီ။ (Hein Yarzar Aung)မေန႔က (၁၈-၁၀-၂၀၂၀) ရက္ေန႔မွာ ျမန္မာတနိုင္ငံလုံး ကိုဗစ္ေၾကာင့္ ေသဆုံးသူ (၄၂) ဦး ရွိခဲ့ပါတယ္။ အဆိုပါ ပမာဏသည္ တကမၻာလုံးတြင္ တေန႔တာ ေသဆုံးႏွုန္း စာရင္း၌ အဆင့္ (၁၉)သို႔ ေရာက္ရွိခဲ့ၿပီး ပိုးကူးစက္မွု ကမၻာ့တတိယ အမ်ားဆုံး ဘရာဇီးနိုင္ငံထက္ တဆင့္ ျမင့္ခဲ့တာ ျဖစ္ပါတယ္။ ယင္း စာရင္းတြင္ အိႏၵိယနိုင္ငံက ေသဆုံးသူ (၅၆၅) ဦးျဖင့္ အဆင့္ (၁) မွာ ရပ္တည္ခဲ့ပါတယ္။ ျမန္မာနိုင္ငံတြင္ လတ္တေလာ အခ်ိန္ထိ ကိုဗစ္ေၾကာင့္ ေသဆုံးသူ စုစုေပါင္း (၈၈၀) ဦး ရွိၿပီ ျဖစ္ပါတယ္။

Unicode

တရက် အတွင်း ကမ္ဘာ့အဆင့် သေဆုံးမှုစာရင်းမှာ အဆင့် 20 ဝင်သွားခဲ့တဲ့ မြန်မာ နဲ့ယိုင်နဲ့စပြုလာပြီဖြစ်တဲ့ ဗျူဟာကုန်းများ

(၁) Covid-19 designated Hospital များ အဖြစ် ဝေ ဘာဂီ၊ တောင်ဥက္ကလာ၊ ဖောင်ကြီး ၃ ခုတည်း ရှိနေရာမှ လူနာအင်အား ဆတိုးများပြားလာသည့်အခါ ရန်ကုန်မြို့ပေါ်ရှိ အခြားဆေးရုံအသီးသီးကိုလည်း designated hospital များအဖြစ် ပြင်ဆင်ထားရန် စီစဉ်နေဆဲမှာပင် ထိုဆေးရုံများမှာ သူ့အလိုလိုပင် designated hospital များအဖြစ် ပြောင်းလဲနေပြီးသားဖြစ်နေသည်ကို တွေ့နိုင်ပါသည်။

(၂) ဆေးရုံတင်လူနာသတ်မှတ်ရေး Admission Criteria တွင် သာမာန်လက္ခနာရှိသူများ၊အနံ့ပျောက်သူများထက် ရောဂါလက္ခနာ ပိုဆိုး၊ပိုပြင်းထန်သူများကိုသာ ဆေးရုံတင်ကုသရန် စီစဉ်နေဆဲမှာပင် လာသမျှလူနာ ၁၀ ယောက်မှာ ၁၀ ယောက်လုံးနီးပါး ဖတ်ဖတ်မောလို့၊ သွေးတွင်း အောက်စီဂျင် ၈၀% နှင့် ၉၀% ရာခိုင်နှုန်းကြား၊ အချို့ဆို အံ့ဩလောက်စရာ ၃၀-၄၀%၊ အဆုတ်ဓါတ်မှန်များတွင် ကိုဗစ်ကိုက်ဒါဏ်ရာဒါဏ်ချက်များ အဖွေးသားဖြင့်၊ သူ့အလိုလို admission criteria ပြောင်းသွားပြီးသား ဖြစ်နေပြန်ပါသည်။

(၃) containment strategy ကို လွှတ်ချလိုက်ပါတော့လားဟု အားလုံး ညာသံပေး၍ အော်နေစဉ်မှာပင် အဆိုပါ အနံ့ပျောက်နှင့် သာမာန်လက္ခနာရှိသူအများစုမှာ မိမိတို့အိမ်အသီးသီးမှာပင် အောင်းနေပုံရသည့်အတွက် modified containment ဟုဆိုဆို၊ mitigation ဟုပဲ အာလုတ်သံပြုပြု သူ့အလိုလို ပြောင်းပြီးဖြစ်နေပြန်ပါသည်။

(၄) ယခု အခါ ရန်ကုန်မြို့ပေါ်ရှိ ဆေးရုံအသီးသီးသည် အရှေ့ဘက်မှ စစ်မျက်နှာဖွင့် အားကုန်ထုတ်လာပြီဖြစ်သော ရန်သူ ကိုဗစ်နှင့် သူသေကိုယ်သေ ရင်ဆိုင်နေရချိန်တွင် အနောက်ဘက်မှ Non-Covid ရန်သူများကလည်း နောက်ကျော ဓါးနှင့် ထိုးနေပါပြီ။ ဗျူဟာကုန်းများသည် တစ်နေ့တစ်နေ့ ချိနဲ့စပြုလာနေပါပြီ။ ကတုတ်ကျဉ်းများထဲမှာလည်း လူအင်အား ခပ်နဲ့နဲ့။

(၆) ငယ်ငယ်ကကြည့်ဖူးသော စစ်ကားများထဲက မင်းသားကြီး ဗိုလ်ဗကို၏ နောက်ခံစကားပြောသံကို ကြားယောင်နေမိပါသည်။ “အဲ အခုဆိုရင် …ကျူးကျော်သူတွေဟာ ထောင်သောင်းအလုံးအရင်းနဲ့ အမိမြေထဲကို ကျူးကျော်ဝင်ရောက်လာနေပြီခင်ဗျ။ ဗျူဟာကုန်းမှာ ကျန်နေတဲ့ ဗမ နဲ့ တပ်မတော်သားလေး ၂ ဦးကတော့ ရဲစွမ်းသတ္တိအပြည့်နဲ့ ၊ ရှိတဲ့ လက်နက်အင်အားနဲ့ ခုခံနေတုန်းပဲခင်ဗျ။”

ဒီလို ပြောပြီး သိပ်မကြာခင်မှာပဲ ဘယ်ကရောက်လာမှန်းမသိတဲ့ လက်နက်ကြီး ပစ်ကူတွေရော၊ လေယာဉ်တွေရော၊ စစ်ကူတွေ “ကျား” အော်ရင်း တက်လာတာလည်း ဖွေးဖွေးလှုပ်လို့၊ ကြည့်နေတဲ့ ပရိတ်သတ်ကလည်း ကြက်သီးတွေထ၊ လက်ခေါက်တွေ မှုတ်လို့၊ အောင်ပွဲ။

(၅) ဗျူဟာကုန်းတွေမှာ လူစုကြဖို့ လိုပါပြီ။ (Hein Yarzar Aung)

မနေ့က (၁၈-၁၀-၂၀၂၀) ရက်နေ့မှာ မြန်မာတနိုင်ငံလုံး ကိုဗစ်ကြောင့် သေဆုံးသူ (၄၂) ဦး ရှိခဲ့ပါတယ်။ အဆိုပါ ပမာဏသည် တကမ္ဘာလုံးတွင် တနေ့တာ သေဆုံးနှုန်း စာရင်း၌ အဆင့် (၁၉)သို့ ရောက်ရှိခဲ့ပြီး ပိုးကူးစက်မှု ကမ္ဘာ့တတိယ အများဆုံး ဘရာဇီးနိုင်ငံထက် တဆင့် မြင့်ခဲ့တာ ဖြစ်ပါတယ်။ ယင်း စာရင်းတွင် အိန္ဒိယနိုင်ငံက သေဆုံးသူ (၅၆၅) ဦးဖြင့် အဆင့် (၁) မှာ ရပ်တည်ခဲ့ပါတယ်။ မြန်မာနိုင်ငံတွင် လတ်တလော အချိန်ထိ ကိုဗစ်ကြောင့် သေဆုံးသူ စုစုပေါင်း (၈၈၀) ဦး ရှိပြီ ဖြစ်ပါတယ်။

Credit

About the author

Aung Lay

Leave a Comment