ၾကားသိရသမ်ွ

ကိုဗစ်ဟာ သူ့အတွက်တော့ အလကားအာပလာလို့ပြောနေကြ ကာယဗလမောင်ကြီး ကိုဗစ်နဲ့ပဲ ကွယ်လွန်သွားရှာပြီ

Written by Aung Lay

ကိုဗစ္ဟာ သူ ့အတြက္ေတာ့ အလကားအာပလာလို ့ေျပာေနၾက ကာယဗလေမာင္ႀကီး ကိုဗစ္နဲ ့ပဲ ကြယ္လြန္သြားရွာၿပီ

လူေတြ က အေကာင္းေတြကို ေရြးၾကားခ်င္ၾကတယ္။ ငါးပိစားလို႔ ခံနိုင္ရည္ ရွိမွာ လို႔ေျပာရင္ သိပ္ႀကိဳက္တယ္။ ထီေပါက္ကိန္း ေငြဝင္ကိန္းရွိတယ္လို႔ ေဟာတဲ့ ေဗဒင္ဆရာကို သေဘာၾကတာပဲ။

ေကာ႑ည ပုဏၰားလို ဘုရား စင္စစ္ ဧကန္ျဖစ္လတၱံ့ လို႔ ေဟာရင္ မႀကိဳက္ဘူး။ ဘုရားျဖစ္ခ်င္ျဖစ္မယ္၊ စၾကၤာဝေတးမင္း ျဖစ္ခ်င္ ျဖစ္မယ္လို႔ ဂ်င္းထည့္တဲ့ ပုဏၰားေတြကိုပဲ ဆုလာဒ္ ေပးခ်င္ၾကတာ။

ကိုဗစ္ ကုေဆးေတြ႕ၿပီ။ တ႐ုတ္က ကာကြယ္ေဆး ရေနၿပီဆိုရင္ ရွဲေတာ့တာပဲ။ အမွန္တရားက တခါတေလ ခါးတတ္ေတာ့ ရင့္က်က္သူေတြကသာ လက္ခံနိုင္ၾကတာ။ ယူကရိန္းက ကာယဗလ သမားတစ္ေယာက္ေတာ့ အသက္ ၃၃ မွာ ကိုဗစ္နဲ႔ ေသရွာတယ္။ သူက social influencer ေလ.. ေဖၚလိုဝါ သန္းေက်ာ္သတဲ့။ သူေသခါနီးမွာ ကိုဗစ္ဟာ တကယ္ေၾကာက္စရာေကာင္းပါတယ္ ကိုဗစ္ဆိုတာ လုပ္ဇာတ္ႀကီးလို႔ သူေျပာခဲ့တာ မွားေၾကာင္း ဝန္ခံသြားရွာတယ္။ (Maung Maung Oo)

“ယူကရိန္းက ကာယဗလသမား ေသဆုံးသြားတဲ့ သတင္း”

အသက္ ၃၃ ႏွစ္အရြယ္ရွိ ႀကံခိုင္က်န္းမာေရးနည္းျပတစ္ဦးျဖစ္ၿပီး၊ လူမွုကြန္ရက္တြင္ ပရိသတ္ သန္းခ်ီရွိသူ Dmitriy Stuzhuk သည္ ကိုဗစ္ ေရာဂါကူးစက္ခံရၿပီးေနာက္ ေအာက္တိုဘာ ၁၇ ရက္က ႏွလုံးထိခိုက္မွုျဖင့္ ေသဆုံးသြားေၾကာင္းသိရသည္။ သူ႔တြင္ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါအခံရွိသည္။

သူသည္ ကိုဗစ္-၁၉ သည္မွာ တကယ္ရွိေသာအရာမဟုတ္ဟု ေပါ့ေပါ့တန္တန္ ေျပာဆိုေလ့ရွိသူျဖစ္ၿပီး၊ တူရကီနိုင္ငံမွအျပန္တြင္ ကိုဗစ္ ကူးစက္ေနေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့ျခင္းျဖစ္သည္။

သူေရာဂါခံစားရၿပီးေနာက္ဝယ္ “ကိုဗစ္-၁၉ ဆိုတာ ခဏပန္းေရာဂါမဟုတ္ပါဘူး။ တကယ္ဆိုးပါတယ္။ ကၽြန္ေတာ္ခံစားေနရတာကို ၾကည့္ျခင္းအားျဖင့္ အားလုံး သတိထားၾကဖို႔ ျပင္းျပင္းထန္ထန္တိုက္တြန္းအပ္ပါတယ္” လူမွုကြန္ရက္တြင္ သူေရးသားခဲ့သည္။

သူ႔ဇနီးေဟာင္းျဖစ္သူ Sofia Stuzhuk က သူေသဆုံးေၾကာင္း ပရိသတ္အားေၾကညာရာတြင္ ႏွလုံးထိခိုက္ၿပီး ေသဆုံးခဲ့ျခင္းျဖစ္ေၾကာင္း ေျပာခဲ့သည္။

သူသည္ တူရကီတြင္ ရွိေနစဥ္ကတည္းကပင္လၽွင္ လည္ေခ်ာင္းနာကာ အသက္ရွုရခက္ေနခဲ့ေၾကာင္း ပို႔စ္မ်ားတင္ခဲ့သည္ဆို၏။ ထို႔ေၾကာင့္ ယူကရိန္းသို႔ျပန္လာက ေဆး႐ုံတြင္ ကုသမွုခံယူခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

ေဆး႐ုံတြင္ ၈ ရက္မၽွေနၿပီးေနာက္ လူနာမ်ားျပားလြန္းသည္ဟုဆိုကာ အိမ္သို႔ျပန္လာခဲ့ၿပီး၊ အိမ္ေရာက္၍ နာရီအနည္းမၽွအၾကာတြင္ပင္ အေျခအေနဆိုးလာသျဖင့္ ေဆး႐ုံသို႔ျပန္လည္တက္ေရာက္ခဲ့ရသည္။ ထို႔ေနာက္ ေဆး႐ုံတြင္ပင္ ေသဆုံးခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ သူ႔တြင္ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါအခံရွိသည္ဆို၏။

Dmitriy Stuzhuk ႏွင့္ Sofia Stuzhuk တို႔ ဇနီးေမာင္ႏွံတြင္ ရင္ေသြး ၃ ဦးရွိသည္။ သူတို႔ဇနီးေမာင္ႏွံ ကြာရွင္းခဲ့ၾကသည္မွာ ၆ လခန႔္ရွိၿပီျဖစ္ေၾကာင္းသိရသည္။

Unicode

ကိုဗစ်ဟာ သူ့အတွက်တော့ အလကားအာပလာလို့ပြောနေကြ ကာယဗလမောင်ကြီး ကိုဗစ်နဲ့ပဲ ကွယ်လွန်သွားရှာပြီ

လူတွေ က အကောင်းတွေကို ရွေးကြားချင်ကြတယ်။ ငါးပိစားလို့ ခံနိုင်ရည် ရှိမှာ လို့ပြောရင် သိပ်ကြိုက်တယ်။ ထီပေါက်ကိန်း ငွေဝင်ကိန်းရှိတယ်လို့ ဟောတဲ့ ဗေဒင်ဆရာကို သဘောကြတာပဲ။

ကောဏ္ဍည ပုဏ္ဏားလို ဘုရား စင်စစ် ဧကန်ဖြစ်လတ္တံ့ လို့ ဟောရင် မကြိုက်ဘူး။ ဘုရားဖြစ်ချင်ဖြစ်မယ်၊ စင်္ကြာဝတေးမင်း ဖြစ်ချင် ဖြစ်မယ်လို့ ဂျင်းထည့်တဲ့ ပုဏ္ဏားတွေကိုပဲ ဆုလာဒ် ပေးချင်ကြတာ။

ကိုဗစ် ကုဆေးတွေ့ပြီ။ တရုတ်က ကာကွယ်ဆေး ရနေပြီဆိုရင် ရှဲတော့တာပဲ။ အမှန်တရားက တခါတလေ ခါးတတ်တော့ ရင့်ကျက်သူတွေကသာ လက်ခံနိုင်ကြတာ။ ယူကရိန်းက ကာယဗလ သမားတစ်ယောက်တော့ အသက် ၃၃ မှာ ကိုဗစ်နဲ့ သေရှာတယ်။ သူက social influencer လေ.. ဖေါ်လိုဝါ သန်းကျော်သတဲ့။ သူသေခါနီးမှာ ကိုဗစ်ဟာ တကယ်ကြောက်စရာကောင်းပါတယ် ကိုဗစ်ဆိုတာ လုပ်ဇာတ်ကြီးလို့ သူပြောခဲ့တာ မှားကြောင်း ဝန်ခံသွားရှာတယ်။ (Maung Maung Oo)

“ယူကရိန်းက ကာယဗလသမား သေဆုံးသွားတဲ့ သတင်း”

အသက် ၃၃ နှစ်အရွယ်ရှိ ကြံခိုင်ကျန်းမာရေးနည်းပြတစ်ဦးဖြစ်ပြီး၊ လူမှုကွန်ရက်တွင် ပရိသတ် သန်းချီရှိသူ Dmitriy Stuzhuk သည် ကိုဗစ် ရောဂါကူးစက်ခံရပြီးနောက် အောက်တိုဘာ ၁၇ ရက်က နှလုံးထိခိုက်မှုဖြင့် သေဆုံးသွားကြောင်းသိရသည်။ သူ့တွင် နှလုံးသွေးကြောကျဉ်းရောဂါအခံရှိသည်။

သူသည် ကိုဗစ်-၁၉ သည်မှာ တကယ်ရှိသောအရာမဟုတ်ဟု ပေါ့ပေါ့တန်တန် ပြောဆိုလေ့ရှိသူဖြစ်ပြီး၊ တူရကီနိုင်ငံမှအပြန်တွင် ကိုဗစ် ကူးစက်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

သူရောဂါခံစားရပြီးနောက်ဝယ် “ကိုဗစ်-၁၉ ဆိုတာ ခဏပန်းရောဂါမဟုတ်ပါဘူး။ တကယ်ဆိုးပါတယ်။ ကျွန်တော်ခံစားနေရတာကို ကြည့်ခြင်းအားဖြင့် အားလုံး သတိထားကြဖို့ ပြင်းပြင်းထန်ထန်တိုက်တွန်းအပ်ပါတယ်” လူမှုကွန်ရက်တွင် သူရေးသားခဲ့သည်။

သူ့ဇနီးဟောင်းဖြစ်သူ Sofia Stuzhuk က သူသေဆုံးကြောင်း ပရိသတ်အားကြေညာရာတွင် နှလုံးထိခိုက်ပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ပြောခဲ့သည်။

သူသည် တူရကီတွင် ရှိနေစဉ်ကတည်းကပင်လျှင် လည်ချောင်းနာကာ အသက်ရှုရခက်နေခဲ့ကြောင်း ပို့စ်များတင်ခဲ့သည်ဆို၏။ ထို့ကြောင့် ယူကရိန်းသို့ပြန်လာက ဆေးရုံတွင် ကုသမှုခံယူခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဆေးရုံတွင် ၈ ရက်မျှနေပြီးနောက် လူနာများပြားလွန်းသည်ဟုဆိုကာ အိမ်သို့ပြန်လာခဲ့ပြီး၊ အိမ်ရောက်၍ နာရီအနည်းမျှအကြာတွင်ပင် အခြေအနေဆိုးလာသဖြင့် ဆေးရုံသို့ပြန်လည်တက်ရောက်ခဲ့ရသည်။ ထို့နောက် ဆေးရုံတွင်ပင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ သူ့တွင် နှလုံးသွေးကြောကျဉ်းရောဂါအခံရှိသည်ဆို၏။

Dmitriy Stuzhuk နှင့် Sofia Stuzhuk တို့ ဇနီးမောင်နှံတွင် ရင်သွေး ၃ ဦးရှိသည်။ သူတို့ဇနီးမောင်နှံ ကွာရှင်းခဲ့ကြသည်မှာ ၆ လခန့်ရှိပြီဖြစ်ကြောင်းသိရသည်။

Credit

About the author

Aung Lay

Leave a Comment