ၾကားသိရသမ်ွ

ရွှေဘိုမြို့က ပိုးတွေ့လူနာ ၂နှစ်ကလေးလေးတဲ့ဗျာ ဒီလိုမြင်ကွင်းမျိုးတွေ တွေ့ရပြန်ပြီ

Written by Aung Lay






Unicode

ရွှေဘိုမြို့က ပိုးတွေ့လူနာ ၂နှစ်ကလေးလေး တဲ့ဗျာ ဒီလိုမြင်ကွင်းမျိုးတွေ တွေ့ရပြန်ပြီ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်မှာ အောက်တိုဘာ ၁၈ ညပိုင်းက ကိုဗစ် ပိုးတွေ့လူနာ ၅ ဦး တွေ့ရှိခဲ့ပြီး ၂ နှစ်အရွယ်ကလေးတစ်ဦးပါဝင်နေတယ်လို့ ရွှေဘိုတက္ကသိုလ် ကွာရန်တင်းစင်တာ တာဝန်ရှိသူ ဦးစိုးမြင့်အောင်က ပြောပါတယ်။

ပိုးေ တွ့လူနာ ယာဉ်မောင်းတစ်ဦးနဲ့ ထိတွေ့ခဲ့သူတွေကို သတ်မှတ်နေရာမှာအသွားအလာ ကန့်သတ်ထားရှိပြီး အောက်တိုဘာ ၁၆ ရက်က စုစုပေါင်း ၄၅ ဦးကို ဓာတ်ခွဲနမူနာရယူစစ်ဆေးရာ ၅ ဦးမှာပိုးတွေ့ရှိခဲ့တာလို့ ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုခရိုင်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဝင်းလဲ့လဲ့ထွေးရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။

ပိုးတွေ့လူနာတွေအထဲက ၂ နှစ်အရွယ် ကလေးမှာ အခုအချိန်ထိ ကျန်းမာရေးကောင်မွန်နေပြီး ကလေးရောမိခင်ပါ ကွာရန်တင်းစင်တာကနေ ရွှေဘိုသူနာပြုနှင့် သားဖွားသင်တန်းကျောင်း ယာယီဆေးရုံမှာ ပြောင်းရွှေ့ ဆေးကုသမှုခံယူနေ တယ်လို့ ဒေါက်တာဝင်းလဲ့လဲ့ထွေးက ပြောပါတယ်

ရွှေဘိုမှာ ကိုဗစ် အတည်ပြုလူနာ ၁၈ ဦးရှိပြီး ၁၀ ဦးက ဆေးရုံမှဆင်းသွားပြီဖြစ်ပြီး အခု ပိုးတွေ့လူနာတွေ အားလုံးကို သူနာပြုနှင့်သားဖွား သင်တန်းကျောင်း ယာယီဆေးရုံသို့ ပြောင်းရွေ့ကုသမှု ပေးနေပါတယ်

Credit

About the author

Aung Lay

Leave a Comment